ငွေ…ပါးစပ်ပေါက်မပါပေမယ့် သူပါမှ အရာရောက်တဲ့နေရာတွေမှ အများကြီးပဲ
ရှာတုန်းကသာ မနည်း ကုန်းရုန်းပြီးရှာရတာ ပြန်ထွက်သွားဖို့ကျတော့ လွယ်လွယ်လေးပဲ ငွေဆိုတာ အရာရာမဟုတ်ပေမယ့် သူမပါတဲ့အရာတွေကလဲ တော်တော်ကို ရှားပါးလာပါပြီ
ငွေ နဲ့ မေတ္တာကို ၀ယ်လို့မရဘူး ငွေရှိရင် ဘယ်သူမဆို အနားမှာ ရှိချင်တာပဲလေ ငွေ နဲ့ မိတ်ဆွေကောင်းသူငယ်ချင်းကောင်းကို ၀ယ်လို့မရဘူး ဒါပေမယ့် ငွေရှိမှ ခင်ချင်ကြတာချည်းပဲလေ ငွေ နဲ့ ကျန်းမာရေးကို ၀ယ်လို့မရဘူး မကျန်းမာတဲ့အချိန်ကျရင် ငွေက အရေးပါတာပဲလေ ငွေနဲ့ ပျော်ရွှင်မှုကို ၀ယ်လို့မရဘူး ဒါပေမယ့် ငွေရှိရင် ပျော်အောင်နေလို့ရတယ်
ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲတဲ့ ဒါတစ်ဖြေးဖြေးမှန်လာပါပြီ ပေါင်းသင်းဆက်ဆံရေးမှာ ပညာရေးမှာ ကျန်းမာရေးတွေမှာ ငွေဆိုတာ သာမန်ထက်ပိုပြီး လိုလာပြီလေ ငွေက စကားထပြောလိုက်တာနဲ့ ထိုင်ချသွားတဲ့ အမှန်တရားတွေမှ အများကြီးပဲ နေထိုင်မကောင်းဖြစ်တဲ့အခါ ငွေမရှိလို့ အသေခံခဲ့ရတာတွေမှ အများကြီးပဲ
ငွေ ကျန်းမာခြင်းကို ၀ယ်လို့မရပေမယ့် ငွေပုံပေးပြီး အသက်ဆက်နေရတဲ့ အခါတွေလဲရှိတယ် ငွေလေးမြင်တာနဲ့ မဲ့နေတဲ့ နှုတ်ခမ်းတွေ အလိုလို ပြုံးပြတတ်လာလိမ့်မယ် အိပ်ကပ်ဖောင်းနေရုံနဲ့ ဘေးနားကပ်ချင်တဲ့ လူတွေမှ တစ်ပုံတစ်ပင်ကြီးပဲ
ငွေဆိုတာ အရာရာကို ၀ယ်လို့မရပေမယ့် ငွေပါမှ ဖြစ်တဲ့ နေရာတွေမှ အများကြီးရှိသေးတယ် ဒါကြောင့် မျက်နှာမငယ်ချင်ရင် ငွေရှာပါ ရိုးရိုးလမ်းတွေမှာ လျှောက်ရတာထက် ငွေခင်းပြီးလျှောက်တဲ့လမ်းတွေက ပိုပြီး မြန်တတ်ပါတယ်
credit သျှင်ယွန်း
Unicode