Knowledge

မြန်မာနိုင်ငံ၏ သမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများ ထဲတွင် တစ်ဆူပါဝင်သော မော်တင်စွန်း ဆံတော်ရှင်မြတ် (အများဖူး မြှော်နိုင်အောင် မျှဝေပေးခဲ့ကြပါဦး)

…မြန်မာနိုင်ငံ၏ သမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများ ထဲတွင် တစ်ဆူပါဝင်သော မော်တင်စွန်း ဆံတော်ရှင်မြတ် (အများဖူး မြှော်နိုင်အောင် မျှဝေပေးခဲ့ကြပါဦး)

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် ကပ္ပလီပင်လယ် (Andaman Sea) နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော် (BayofBenga l) တို့ထိစပ်ရာ၊(သို့မဟုတ်) ပိုင်းခြားထားရာနေရာလေးတခုဖြစ်သော၊မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင်]

တစ်ဆူ အပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦး

တို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသောဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီးဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်

တစ်ကြိမ်၊ ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအား နှစ်စဉ်

တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန်တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှ

စကာပုသိမ်သလပ်ခွာ–မော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့် လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့

များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊

ရင်တဖိုဖိုလည်းဖြစ်ရပါသည်။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊ သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။ရိုးသားကြိုးစားဧရာဝတီသားတို့ နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန် မြစ်ကူးတံတားကို

ကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ FM စိုက်ပျိုးရေးစခန်း အလီလီကိုဖြတ်သန်းကာငပုတောမြို့သို့တ ထောက်နားကျပါသည်။ထိုမှလွန်သော်ဥသျှစ်ကွင်း၊တောကြီးရွာ၊ ငရုတ်ကောင်းတောင်ရွာ၊

ဂိုးလောင်းရွာ၊ ငါးပြေမရွာ၊ မရမ်းကွင်းရွာ တို့ကိုကျော်လာပါကဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။မြန်မာနိုင်ငံ၏အနောက်တောင်ဘက်အငူအစွန်းပေါ်တွင်တည် ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့လွှတ်လိုက်သောသန့်ရှင်းလတ်ဆက်သည့် လေ၊ ရေလှိုင်းများ ကြောင့်

ဘုရားဖူးရသည့် အာရုဏ်မှာ အခြားမည်သည့် ထိတွေ့မှုများ၊ခံစားမှုများနှင့်တုနှိုင်းမရ ဖြစ်မိပါသည်။ တခါတရံ နဂါးမောင်နှံတွေများ စံပျော်နေသလား ခံစားရအောင် ပင်လယ်လှိုင်းလုံးများကဖေါ်ကျူးနေသရောင်၊ ဆံတော်ရှင်စေတီကြီးအား နဂါးမောင်နှံ တို့ လာရောက်ဖူးနေသရောင်အား ဖျော်ဖြေမှုရသ အပြည့်ပေးနေပါတော့သည်။

Credit: SearchMyanmar

Unicode