Knowledge

အရွယ်ရောက်လာသည့်အချိန်ထိ စောင့်မည်ဟု စနောက်ခဲ့သည့် “ဦး”၏မင်္ဂလာပွဲသို့သွားကာ မျက်စောင်းထိုးပြခဲ့သည့် အသက်၁၁နှစ်အရွယ် ကလေးမလေး

စာဖတ်သူတို့အနေနှင့်ရော ပတ်ဝန်းကျင်တွင်ရှိသော ကလေးငယ်လေးများကို စနောက်ဖူးကြလိမ့်မည်ထင်ပါတယ်။ယခုတွင်တော့ ဗီယက်နမ်မှကောင်လေးတစ်ဦးဟာ အသက်၁၁နှစ်အရွယ် ကလေးမလေးကို စနောက်ခဲ့သည့် မင်္ဂလာပွဲတွင် မျက်စောင်းထိုးပြီး အပြောခံခဲ့ရပါတယ်။

ထိုကောင်လေးဟာ ကလေးမလေးကို အရွယ်ရောက်လာသည်အထိစောင့်ပြီး လက်ထပ်မည်ဟု စနောက်ခဲ့ပါတယ်။နောက်ပိုင်းတွင် ကောင်လေးဟာ သူ၏ချစ်သူကောင်မလေးနှင့် လက်ထပ်ကာ မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။

ထိုသတင်းကို အသက်၁၁နှစ်အရွယ် ကလေးမလေးဟာ ကြားသိသွားပြီးနောက်တွင် မင်္ဂလာပွဲသို့သွားပြီး ဟာသလုပ်ခဲ့ပါတယ်။ကလေးမလေးဟာ မင်္ဂလာပွဲတွင် ဦးသမီးအရွယ်ရောက်တဲ့အထိစောင့်မယ်ဆိုဟုပြောကာ မျက်စောင်းလေးထိုးသွားခဲ့ပါတယ်။

ထိုအမူအရာလေးကို မင်္ဂလာပွဲလာသူများလည်း မြင်တွေ့သွားခဲ့ပြီး အလွန်သဘောကျကာ ကလေးမလေးကို အချစ်ပိုစေခဲ့ရပါတယ်။

Crd

Unicode