Knowledge

သင်္ဘောသီးစားသုံးခြင်းက ကိုယ်ဝန်ပျက်ကျစေနိုင်လား

သင်္ဘောသီးစားသုံးခြင်းက ကိုယ်ဝန်ပျက်ကျစေနိုင်လား

ကိုယ်ဝန်ဆောင်နေစဉ်မှာ အစာမရှောင်ဖို့ပြောနေကြသော်လည်း အချို့သော အစားအစာများဟာတော့ မိခင်နှင့် ကလေးကို ထိခိုက်နိုင်ပါတယ်။သင်္ဘောသီးဟာလည်း အာဟာရဓာတ်ကြွယ်ဝသော အသီးဖြစ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ စားသင့် မစားသင့်ကို အငြင်းပွားချက်များရှိနေပါတယ်။သငေ်္ဘောသီးကိုတော့ ကိုယ်ဝန်ဆောင်များအနေနဲ့ အပြည့်အဝ ဝင်းမှည့်သောအခြေအနေမှာသာ စားသင့်ပါတယ်။ သင်္ဘောသီးအစိမ်းနှင့် အပြည့်အဝမမှည့်သေးသော သင်္ဘောသီးမှာတော့ လတ်တပ်စ်(Latex) ပါဝင်မှုများပြားတဲ့အတွက် သားအိမ်ကျုံ့ခြင်းကိုဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်ဝန်သက်အရမ်းနုတဲ့အချိန်နဲ့ ကိုယ်ဝန်သက် ရင့်လာချိန်တို့မှာ အစားအစာများကို ပိုမို ဂရုပြုစားသုံးရန်လိုအပ်လာပါတယ်။

သင်္ဘောသီးမှည့်စားခြင်းကြောင့် အစာချေစနစ်ကောင်းမွန်ခြင်း၊ရောဂါများဝင်ရောက်ခြင်းမှ ကာကွယ်ရန် ကိုယ်ခံအားမြင့်မားခြင်း၊ ဗိုက်ကြီးနာစွဲခြင်းကိုကာကွယ်ပေးခြင်း၊ ရေဓာတ်လျော့နည်းခြင်းကိုလည်း ကာကွယ်ပေးခြင်း၊ ဟေမိုဂလိုဘင်ကို မြှင့်တင်ပေးခြင်း၊ စွမ်းအင်မြှင့်တင်ပေးခြင်း၊တို့ပေးနိုင်တဲ့အတွက် သင်္ဘောသီးအမှည့်ကိုတော့ စားပေးနိုင်ပါတယ်နော်။

ထို့အတွက် မမှည့်သေးသော သင်္ဘောသီးဟာလည်း မွေးဖွားခါနီးမှာ လုံးဝမစားသင့်တဲ့ အစားအစာပါပဲ။သင်္ဘေသီးအစိမ်းစားခြင်းက သားအိမ်ကျုံခြင်းကြောင့် ကိုယ်ဝန်ပျက်ကျစေသလို ကျန်းမာသော ကိုယ်ဝန်ဆောင်နေစဉ် ထွက်ပေါ်လာသော ပရိုဂတ်စထရုန်းဟော်မုန်း ထုတ်လုပ်မှုကိုလည်း လျော့ကျစေပါတယ်။ထို့အတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာ သင်္ဘောသီး အစိမ်းစားခြင်းကို လုံးဝရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

ကိုယ်ဝန်သက်နုစဉ်မှာ သင်္ဘောသီးစိမ်းစားခြင်းက ကိုယ်ဝန်ပျက်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်သက်နုစဉ် သားအိမ်ကျုံ့ခြင်းက ကိုယ်ဝန်ပျက်ကျခြင်းကို ဦးတည်နေပါတယ်။ ကိုယ်ဝန်သက်ရင့်လာပြီး မွေးဖွားရန် နီးလာချိန်မှာလည်း သင်္ဘောသီးကိုရှောင်ရှားသင့်ပါတယ်။ သင်္ဘောသီးအစိမ်းမှာ ပါဝင်တဲ့ လတ်တပ်စ်က ဟော်မုန်းပြောင်းလဲခြင်းများဖြစ်စေပြီး အချင်းမှသွေးဆင်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

Crd