Love

တစ်ချိန်မှာ သစ္စာဖောက်မယ့် ယောကျာ်းတွေရဲ့ လက္ခဏာရပ်များ

တစ်ချိန်မှာ သစ္စာဖောက်မယ့် ယောကျာ်းတွေရဲ့ လက္ခဏာရပ်များ

အချစ်ဆိုတာ ပျော်ရွှင်စရာ ကြည်နူးစရာ ဆိုပေမယ့် အချစ်ကို တန်ဖိုးမထား သူတွေလည်း လောကမှာ ရှိပါတယ်။

အချစ်တစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ် ခဲ့လည်း တစ်ဖက်သူက အချစ်ကို တန်ဖိုးမထားတဲ့ သူဆိုရင် သင့်အပေါ် သစ္စာဖောက် မှာပါပဲ။ အချစ်ကို တန်ဖိုးမထားပဲ သစ္စာဖောက် တတ်တဲ့သူတွေ မှာတော့ အခုလို အချက်တွေ ရှိနေတတ် ပါတယ်။

(၁) ချစ်ပြတတ်တယ်

သူတို့ရဲ့ အကျွမ်းဆုံး အရာ တစ်ခုပါပဲ။ စိတ်ထဲက မပါလည်း သူတို့က ကောင်မလေးတွေကို ချစ်ပြတတ်သလို ဂရုလည်း စိုက်တတ် ပါတယ်။

ဒါကြောင့်လည်း အလွယ်တကူ ယုံကြည်ပြီး စိတ်ဝင်စား သွားတာမျိုးကို ကောင်မလေးတွေ ဆီက ယူနေကြ ဖြစ်ပါတယ်။ အတည်အတံ့ ခံစားချက် ဆိုတာမျိုး က အဲ့သလို အရမ်း လွယ်မနေဘူး ဆိုတာ သိကြမှာပါနော်။

(၂) စကားပြောကောင်းတယ်

သူတို့တွေက တည်တည်တံ့တံ့မျိုး မရှိဘဲ မိန်းကလေးတွေနဲ့ အရောတဝင် ရှိတတ်ပါတယ်။ မိန်းကလေးမိတ်ဆွေတွေ များပြီး မိန်းကလေးတွေနဲ့ လိုက်ဖက်အောင် စကားပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒီလိုနဲ့ မိန်းကလေးတွေနဲ့ အီတတ်ပြီး အပျော်လည်း ရှာတတ်ကြတာ များပါတယ်။

(၃) ဖောက်ပြန်တတ်တယ်

သူတို့တွေက အချစ်ကို မခံစားတတ် မလေးစားတတ်တာကြောင့် ကိုယ့်စိတ်အတိုင်း လုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ကြိုက်လို့ ကောင်မလေး တစ်ယောက်နဲ့ တွဲနေရင်တောင် တွဲနေရင်းနဲ့ တစ်ခြားတစ်ယောက်ကို ထပ်အီတတ်တာနဲ့ ပတ်သတ်တာတွေ လုပ်တတ် ကြပါတယ်။

(၄) လွယ်လွယ် တောင်းပန်တတ်တယ်

မိန်းကလေးတွေက တာဝန်ယူတတ်တာ၊ အလေးထား တတ်တာမျိုးကို သဘောကျပါတယ်။ ဒါကြောင့် သူတို့တွေကတော့ ကောင်မလေးတွေကို တောင်းပန်ပြီး ချော့တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။

စိတ်ပါတာ မပါတာမျိုး မဟုတ်ပဲ မိန်းကလေးတွေ စိတ်ပြေအောင် အကြိုက်လိုက်ပေးပြီး သူတို့က သာယာမှု ရှာတတ်ကြတာပါ။

(၅) မိန်းကလေးတွေ အကြိုက်သိတယ်

တည်တံ့တဲ့ သူတွေက အချစ်ကို လေးစားကြသလို မိန်းကလေးတွေတိုင်းရဲ့ အကြိုက်ကိုလည်း မသိတတ်ကြပါဘူး။

သူတို့ကတော့ မိန်းကလေးတွေကို လိုက်ကြည့်နေတတ်သူ ဖြစ်ပြီး ဘယ်လို မိန်းကလေးပုံစံက ဘာကို ကြိုက်တတ်တယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ ကောင်မလေးတွေကို ချဉ်းကပ်နိုင် ကြပါ တယ်။

Kham