Knowledge

အချေနိုင်ဆုံးမိန်းမ

ဒီခေါတ်မှာ
ဘယ်သူ့ကိုမှမှီခိုစရာမလို
ဘယ်သူ့မျက်နှာမှကြည့်စရာမလိုပဲ

တစ်ယောက်တည်းဘဝကို
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့
မိန်းမတွေကလောကမှာအချေနိုင်ဆုံးပဲ။

မိန်းမတွေဆိုတာ
ကိုယ့်အိပ်မက်တွေကို
အကောင်အထည်ဖော်တတ်ရမယ်။
ကိုယ့်အိပ်မက်တွေရဲ့
ရည်ရွယ်ချက်တွေကို
လက်တွေ့ဖန်တီးတည်ဆောက်နိုင်ရမယ်။

ယောင်္ကျားတစ်ယောက်ကို
အားကိုးမှီခိုဖို့စိတ်ကူးမျိုးမရှိပဲ
ကိုယ့်ဘဝကို
ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်တဲ့
မိန်းမတွေက
လေးစားစရာအကောင်းဆုံးပါပဲ။

ယောင်္ကျားတစ်ကာ
စိတ်ဝင်စားလာရအောင်
အလှအပအတွတ်ပဲ
အချိန်ကုန်နေတဲ့မိန်းမမျိုးတွေကို
အားကျအတုယူပြီး
အချိန်တွေကိုဖြုန်းတီးမပြစ်ပဲ
တော်တဲ့.ထက်မြတ်တဲ့မိန်းမမျိုးတွေနဲ့သာ
ရင်ဘောင်တန်းနိုင်တဲ့
မိန်းမမျိုးဖြစ်အောင်ကြိုးစားရမယ်။

ယောင်္ကျားတစ်ယောက်ကို
ခယအောက်ကျို့ရတဲ့
မိန်းမမျိုးအဖြစ်မခံပဲ
ယောင်္ကျားတစ်ကာက
လေးစားတန်ဖိုးထားရတဲ့
မိန်းမမျိုးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ်။

ယောင်္ကျားတစ်ယောက်ရှိမှ
ဘဝကိုရပ်တည်ရှင်သန်နိုင်တဲ့
ခပ်ညံ့ညံ့မိန်းမမျိုးတွေကိုကြည့်ပြီး
ယောင်္ကျားမရှိလဲကိုယ့်ဘဝကို
အလှဆုံးတည်ဆောက်ပြနိုင်တဲ့
ထက်မြတ်တဲ့မိန်းမတစ်ယောက်အဖြစ်
ရှိနေနိုင်ရမယ်။

မိန်းမသားဘဝဆိုတာ
ကိုယ်ကိုယ်တိုင်မြင့်အောင်နေမှ
တခြားသူကအမြင့်မှာထားရမှန်းသိမှာပါ။

ဒီခေါတ်မှာ
ဘယ်သူ့ကိုမှမှီခိုစရာမလို
ဘယ်သူ့မျက်နှာမှကြည့်စရာမလိုပဲ
တစ်ယောက်တည်းဘဝကို
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့
မိန်းမတွေကလောကမှာ
အချေနိုင်ဆုံးပါပဲ။

(ကိုယ်တိုင်ရေးစာစုများ)

Credit Nan Khin May Win