Health

ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ နာမည်ကြီးဆေးဖက်ဝင် တမာရဲ့အခေါက်၊ အရွက်၊ အသီးအပွင့်အသုံးပြုပုံများ

ကျန်းမာရေးအတွက် အသုံးဝင်တဲ့အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ တမာပင်ရဲ့ အခေါက်၊ အရွက်၊ အသီးအပွင့်တွေကို ပန်းနာရင်ကြပ်ရောဂါ၊ အရေပြားရောဂါ၊ ဆီးချိုရောဂါ၊ အဖျား စတဲ့ ရောဂါတွေအတွက် ဆေးတွေဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တမာရွက်မှာ ပိုးမွှားအတော်များများကိုနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာဖြစ်တဲ့အခါ တမာရွက်ပြုတ်ရည်နဲ့ အနာကို ဖန်ရည်ဆေးပေးခြင်းဖြင့် အနာသက်သာပျောက်ကင်းနိုင်ပါတယ်။

ဒါ့အပြင် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးပါက အရေပြားယားယံတာတွေကို ပျောက်ကင်း သက်သာစေနိုင်ပါတယ်။

အပူလောင်ဒဏ်ရာတွေ (ရေနွေးပူလောင်၊ ဆီပူလောင်) ဖြစ်ပါကလည်း တမာရွက်ပြုတ်ရည်ကို ဒဏ်ရာတဝိုက်လိမ်းပေးခြင်းဖြင့် ပိုးမွှားမဝင်အောင်ကာကွယ်ပေးနိင်ပြီး အနာကျက်ဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။

ခံတွင်းပျက်ပြီး စားသောက်ချင်စိတ်မရှိတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေဖြစ်ပါက တမာရွက်နုကို ပြုတ်ပြီးစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဝမ်းထဲသန်ကောင်တွေရှိရင်လည်း ကျစေနိုင်ပါတယ်။

အရေပြားပြတ်ရှဒဏ်ရာရတာ၊ အရေပြားမှာ ယားနာတွေဖြစ်တာ၊ အနီကွက်ထတာတွေအတွက် တမာသီးကနေရတဲ့ တမာဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

တမာဆီဟာ ဆံပင်သားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဗောက်ထတာ၊ သန်းရှိတာ၊ ဆံပင်ကျွတ်တာတွေဖြစ်ပါက တမာဆီကိုဦးရေပြားမှာလိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် အရိုးအဆစ်တွေ၊ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာဖြစ်ပါကလည်း တမာဆီကို ရောင်ရမ်းနာကျင်တဲ့နေရာပေါ်မှာ လူးပေးပြီး အသာနှိပ်နယ်ပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

ခရက်ဒစ်

Unicode