Health

ဝမှလှတာဆိုပြီးဝိတ်မချဘဲနေတာက အသက်အန္တရာယ်ကိုတောင်ဖြစ်စေနိုင်တာမို့ ဝိတ်ချပါ

မိန်းကလေးတွေကြားမှာ အပြောများတဲ့စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ ဝမှလှတာ ဆိုတဲ့ စကားလေးပါ။

မိန်းကလေးတစ်ယောက် ဝဝပြည့်ပြည့်လေးဖြစ်နေတာက တကယ်လည်းကြည့်လို့ လှပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုများနေတယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေက အသက်ကြီးလာရင် ဝလာတတ်တာကြောင့် ဒီအချက်နဲ့ပတ်သက်လို့ ပိုပြီးသတိထားသင့်ပါတယ်။ ဝမှလှတာဟေ့ ဆိုပြီး ကိုယ်အလေးချိန်မထိန်းဘဲ မနေလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဝတာက ဒီလိုဆိုးကျိုးတွေကိုဖြစ်စေလို့ပါ။

(၁) အဝတ်အစားရွေးချယ်ရခက်လာတယ်

ကိုယ်ခန္ဓာက ဝလာတာနဲ့အမျှ ဝတ်စရာအဝတ်အစားလည်းရွေးချယ်ရခက်လာပါတယ်။ အထူးသဖြင့် ကြပ်တဲ့အဝတ်အစားတွေက သက်တောင့်သက်သာမရှိတာမျိုး၊ တိုလွန်းတာတွေဝတ်ဖို့ အဆင်မပြေတာမျိုးတွေပေါ့။ ကိုယ်ကကြိုက်ပေမယ့် ကိုယ့်အတွက် size မရှိလို့ ဝယ်မလာရတာမျိုး စတဲ့အခက်အခဲတွေကြုံရတတ်ပါတယ်။

(၂) နေရထိုင်ရတာမပေါ့ပါးတော့ဘူး

ခန္ဓာကိုယ်ကဝလာတာနဲ့အမျှ နေရထိုင်ရတာမပေါ့ပါးတော့ဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ပိန်တုန်းကလောက် မပေါ့ပါးတော့ဘဲ ဘာလုပ်လုပ်လေးလံနေတာမျိုး၊ စိတ်သွားတိုင်းကိုယ်မပါတော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ပိုဝလေ၊ အဲ့ဒီပြဿနာမျိုး ပိုကြုံရလေပါပဲ။

(၃) သွေးတိုး၊ဆီးချို၊ နှလုံးရောဂါ စတဲ့ရောဂါကြီးတွေဖြစ်ဖို့အခွင့်အလမ်းများတယ်

ဝလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာအဆီပိုတွေစုလာရုံတင်မကဘဲ သွေးထဲမှာပါ အဆီတွေရောက်လာပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အသည်းအဆီဖုံးတာကလည်း ဝတဲ့လူတွေပိုဖြစ်တတ်ပါတယ်။

(၄) လေဖြတ်နိုင်ချေပိုများတယ်

ဝလာတဲ့အခါနှလုံးရောဂါဖြစ်နိုင်ချေပိုများပြီး အဲ့ဒါနဲ့ဆက်စပ်နေတာက လေဖြတ်တာပါ။ ဝတဲ့လူတွေက တခြားသူတွေထက် လေဖြတ်နိုင်ချေပိုများတာကြောင့် ဆရာဝန်တွေက ဝတဲ့သူတွေကို ဝိတ်ချဖို့တိုက်တွန်းကြတာပါ။

(၅) အိပ်ဟောက်တဲ့အကျင့်ကိုဖြစ်စေတယ်

ဝတဲ့အခါ ခန္ဓာကိုယ်ထဲအဆီပိုတွေများလာပြီး အသက်ရှူလမ်းကြောင်းကိုကျဉ်းကြပ်စေတာကြောင့် ညအိပ်တဲ့အချိန်ဟောက်တဲ့အကျင့်ကို ဖြစ်စေပါတယ်။ ဝတဲ့လူတွေက များသောအားဖြင့် ညဘက်မှာအိပ်ဟောက်တတ်ကြပါတယ်။

ဝတာက ကျန်းမာရေးအတွက် ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီဆိုတော့ ဝမှလှတာဆိုပြီး အယူစွဲမထားဘဲ ကျန်းမာဖို့ ဝိတ်ချပါ။ အဆီပိုတွေမရှိတဲ့ခန္ဓာကိုယ်ဖြစ်အောင် ထိန်းသိမ်းပါ။ ဒါမှ လှလည်းလှ၊ ကျန်းလည်းကျန်းမာတဲ့ အမျိုးသမီးတွေဖြစ်မှာပါ။ သမီးလေးတွေအားလုံး ကျန်းမာ၊လှပသူလေးတွေဖြစ်ကြပါစေ။

written by PP

Unicode