Uncategorized

ကိုယ်ပြုတဲ့ ကံ ကိုယ်ထံပြန်လာ ဖတ်ကြည့်နော်…

ကိုယ်ပြုတဲ့ ကံ ကိုယ်ထံပြန်လာ
ဖတ်ကြည့်နော်…

အမျိုးသမီးတစ်ယောက်ဟာ…
မိသားစုဝမ်းရေး အတွက် မနက်တိုင်း ဘိန်းမုန့်
ဖုတ်ရောင်းပါတယ်။
မိသားစုဝင်တွေကလည်း နံနက်စာအဖြစ်
ဘိန်းမုန့်ပဲ စားကြတယ်တဲ့။

နောက်ပြီး
မနက်တိုင်း မနက်တိုင်းမှာ…ဘိန်းမုန့်တစ်ချပ်ကို
အပိုဖုတ်ထားပေးပြီး
ပြတင်းပေါက်မှာ တင်ထားပေးလေ့ ရှိပါတယ်။

အဲဒါကတော့ နေတိုင်း မုန့်လာယူနေတဲ့ အဖိုးကြီး
အတွက်ပေါ့။

သူမ အလုပ်မအားလပ်တဲ့အချိန် ရောက်လာရင်
သူ့ဘာသာ ယူသွားနိုင်အောင်လို့ပါ။

သူမ သတိထားမိတာက…
ထိုအဖိုးကြီးဟာ မုန့်လာယူတိုင်း
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်
မပြောပဲ
မုန့်ယူပြီး ပြန်ထွက်သွားတဲ့အခါ အောက်ပါအတိုင်း
ရေရွတ် ပြောဆိုသွားပါတယ်။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

နေ့စဉ်နေ့တိုင်း အဖိုးကြီး မုန့်လာယူတဲ့အခါ
အဲဒီလိုပဲ ရွတ်ဆိုသွားတဲ့ အတွက်
မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။

ဟွန်း…
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်
မပြောပဲ
ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်ဆိုနေတယ်။
ဒါ…ဘာအဓိပ္ပါယ်လဲ မသိဘူးလို့ သူမတစ်ယောက်ထဲ
ရေရွတ်နေမိတယ်။

တစ်နေ့မှာတော့…စိတ်အလိုမကျမှုတွေနဲ့ သောက
ပွေနေရတဲ့အချိန်မှာ
အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်
ပါတယ်။

ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ်လို့
သူမတစ်ယောက်ထဲ ရေရွတ်လိုက်တယ်။

နောက်တစ်နေ့မှာတော့…
အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာ
အဆိပ်ခပ်လိုက်တယ်တဲ့။

အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာပဲ
သူမရဲ့ လက်တွေ တုန်ရီလာတယ်လေ…

ဟင်…ငါဘာတွေ လုပ်မိနေပါလိမ့်-?

သူမဟာ ချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်
လိုက်ပြီး
အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်
မှာ
တင်ပေးထားလိုက်ပါတယ်။

အဲဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး
ဘိန်းမုန့် ယူသွားပါတယ်။
ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်လေ။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင် ကြံစည်ခဲ့မှုကို
မသိရှာပဲ
ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာနဲ့ ပြန်ထွက်သွားပါ
တယ်။

အဲဒီညနေမှာတော့…
တံခါးခေါက်သံကြားလို့ သူမ သွားဖွင့်ကြည့်လိုက်တယ်။
သူမဟာ အရမ်းကို အံ့သြသွားတာပေါ့။
ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမ တွေ့လိုက်
ရလို့လေ။

သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။
ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုပြီး
ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေသာ
ကြာလာခဲ့ပေမယ့်
သတင်းအစအနလေးတောင် မရခဲ့တဲ့ သားလေး
ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။

မနက်တိုင်း မနက်တိုင်းမှာ…
အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း

ဒီလှူ ရတဲ့ကုသိုလ်ကြောင့်…
အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ
အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်ပါစေလို့
ဆုတောင်းခဲ့တာကြောင့်
အခု သားလေး အိမ်ပြန်ရောက်လာတာ နေမှာပေါ့။

အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက
အမေကိုကြည့်ပြီး ပြောပြတယ်။

မေမေ…
သားဒီနေ့ ဒီကိုရောက်လာတာ ဘုရားသိကြား မတာပဲ။
ဒီနေရာကနေ တစ်မိုင်လောက် အဝေးမှာ
ဆာလောင်မွတ်သိပ်လွန်းလို့ သား လဲကျသွားသေးတယ်။
သား သေသွားနိုင်တဲ့ အနေအထားမှာ
ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက် ဖြတ်သွားတာ
တွေ့လို့
စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့
အဖိုးကြီးက
သူ့ရဲ့ လက်ထဲက ဘိန်းမုန့် တစ်ခုလုံး သားကို
ပေးခဲ့တယ်လေ။

ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်။

ဒီမုန့်ဟာ…ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။
ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစာစားဖို့
လိုအပ်တာကြောင့်
မင်းကိုပဲ ပေးပါတယ် တဲ့။

သားဖြစ်သူရဲ့ စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ
အမေဖြစ်သူ မျက်နှာမှာ
လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားခဲ့ပါတယ်။

အိမ်နံရံလေးကို အမှီပြုရင်း
မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို
ပြန်သတိရလာတယ်။

အဲဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ
မပစ်လိုက်မိရင်
သူမရဲ့ သားကို သူမကိုယ်တိုင် သတ်မိမှာပါလား လို့
နောင်တတွေ ရလာပါတယ်။

အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို
ခုတော့…
သူမ ကောင်းကောင်း နားလည်သဘောပေါက်
သွားခဲ့ပါပြီ။

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ…

ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ…

ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင်
ဦးတည်ချက် ခိုင်ခိုင်မာမာနဲ့ မကွက် မစောင်းပဲ ဆက်လုပ်
သွားပါ။

ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။

နောက်နေ့ အကျိုးမပေးရင်
နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်နော်…

Credit မူရင်း
လောကနီတိ သုတစာပေ

မေတ္တာဖြင့် ဓမ္မစာပေများ နှင့် ဗဟုသုတများ တိုးပွားရာ

Unicode