မဖြစ်မနေ မှတ်သားထိုက်သော အိမ်သုံး လျှို့ဝှက်နည်းလမ်းလေးတွေ
တန်ဘိုး အလွန်ရှိသော သဘာဝဆေးမြီးတိုများ
ဝက်ခြံပျောက်နည်း
ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကိုအရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကိုလိမ်းပေးပါက 0က်ခြံများ ပျောက်ပါသည်။
အရိုးစူးလျှင်ပျောက်နည်း
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါကလျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။
ခြေထောက်ကို သံစူးလျှင် သက်သာနည်း
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။
ဆံပင်မကျွတ်စေသောနည်း
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါကပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။
အိပ်ပျော်နည်း
ဒန်းကျွဲစေ့ခြောက်ကိုမီးနှင်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။
ခေါင်းကိုက်သက်သာနည်း
ကိုယ်လက်ပင်ပန်းပြီးခေါင်းကိုက်လျှင် သံပုရာသီးတစ်ခြမ်းကိုအနှပ်ရည်ကျကျထဲသို့ိ ထည့်ပြီးသောက်ပါက ခေါင်းကိုက်သက်သာပျောက်ကင်းပါသည်။
နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း
ဗာဒံံစေ့အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့်ရောစပ်ပြီးနေ့စဉ်မှန်မှန်သောက်ပါက နှလုံးရောဂါနှင့်နှလုံးတုန်မောပန်းတာ ပျောက်ကင်းပါသည်။
ငါးခြောက်မငံနည်း
ဆားအလွန်ပါသော ငံလွန်းသည့်ငါးခြောက်ကို မငံစေလိုလျှင်ဆားများကိုရေနှင်ဖျော်ပြီး ထိုဆားရည်ထဲတွင် ဆားအလွန်ငံသောငါးခြောက်ကိုစိတ်ပြီးထားလျှင် မငံတော့ဘဲ့ အရသာ အလွန်ကောင်းလာပါသည်။
ညှီနံ့ပျောက်နည်း
အမဲသား၊ ဆိတ်သားချက်သောဟင်းအိုးထဲသို့မီးသွေး အနည်းငယ်ထည့်ပြီး ချက်ပါကမကောင်းသော်အညှီနံ့များပျောက်ပါသည်။
သွေးတိုးပျောက်နည်း
သဘာဝကျောက်သွေးအား ဘယဆေးဆိုင်မှာ ဝယ်ယူပြီးမကျီးစေ့ခန့်အားသံပရာရည်နှင့်ဖျော်ပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်နှစ်ဆယ့်လေးရက်ပတ်လည်အောင် သောက်သုံးခြင်းဖြင့်သွေးတိုးရောဂါများအားပျောက်ကင်းစေပါသည်။
ဘုရာပန်းများ တာရှည်ခံနည်း
ပန်းခိုင်၊ ပန်းခက်ထည့်သည့် ပန်းအိုးထဲသို့ ယမ်းစိမ်း အနည်းငယ်ထည့်ပြိးမွှေပေးပါက ပန်းများတာရှည်ခံပါလိမ့်မည်။
ကြိမ်ကုလားထိုင် တင်းနည်း
ကုလာထိုင်များအောက်က ညွတ်နေလျှင် ခိုင်ပြီးဖြောင့်မတ်အောင် လုပ်လိုပါက၎င်းကိုရေနွှေးနှင့် ဆေးကြောပြီးနောက် လေဟာပြင်မှာ လှန်းထားပါ။
စာအုပ်များ ကြာရှည်ခံအောင်ထားနည်း
စာအုပ်များကို အဖုံးအကာမရှိသော စာအုပ်စင်မှာ ထင်ပြီးထားပါ။
မှင်စွန်းလျှင် ပျောက်အောင်လုပ်နည်း
အဝတ်အထည်ပိတ်စများတွင် မှင်စွန်းလျှင် အမဲဆီကို အရည်အဖျော်ပြီးမှင်အစွန်းကွက်ပေါ်သို့ချပါ။ ထု့ိနောက်ရေနှင့် လျှော်ဖွပ်လျှင်မှင်စွန်းပျောက်ပါသည်။
လက်ဖက်ရည်အစွန်းပျောက်နည်း
ဝတ်အထည်များ လက်ဖက်ရည်စွန်းလျှင် ရေနွေးပူပူနှင့် ထိုစွန်းနေသောနေရာကိုလောင်းပါက ပျောက်ပါသည်။
မီးကျွမ်းရာပျောက်နည်း
အင်္ကျ ီအဝတ်အထည်များပေါ်တွင် ဆေးလိပ်မီးပါွးကျသော်လည်းကောင်း၊မီးပူကျွမ်းလျှင်လည်းကောင်း၊ ကြက်သွန်ကို ထက်ခြမ်းခွဲပြိး ပွတ်တိုက်ပါကပျောက်ပါသည်။
ကွမ်းသွေးအစွန်းပျောက်နည်း
အဝတ်အထည်မျးမှာ ကွမ်းသွေးစွန်းလျှင် နို့ရည်ကို စွန်းနေသောနေရာပေါ်သို့ဆွတ်ဖြန်းပေးပါက နို့ရည်ခြောက်သွားလျှင် အစွန်းပျောက်ပါသည်။
ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်ပျောက်နည်း
ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်သော အဝတ်များကို ရေမှာ ကြာကြာစိမ်ထားပါ။ပြီးတော့မှ နာနာပွတ်ပြီးလျှော်လျှင် ပျောက်ပါသည်။
သံချေးစွန်းပျောက်အောင်လုပ်နည်း
အဝတ်အထည်များ သံချေးစွတ်းလျှင် သံပုရာရည်တွင့် ဆားဖျော်ပြီးထိုအစွန်းကွက်နေသောနေရာကို ဆွတ်ဖြန်းပြီးလျှင် အထည်ကိုနေပူတွင်လှန်းပါ။အကွက်မပျောက်လျှင် နှစ်ခါသုံးခါထပ်ပြီးသုတ်လိမ်းပေးပါ။
ဆီအစွန်းဖျောက်နည်း
အဝတ်အထည်ပေါ်ရှိသော ဆီကွက်ကို ဇဝတ်သာပါသောရေနွေးပူပူဖြင့်ဆေးကြောလျှော်ဖွပ်ပေးပါက ဆီအစွန်းပျောက်ပါသည်။
အဝတ်အထည်ပေါင်းတင်နည်း
ဆော်ဒါမှုန့်ကို ရေနွေးပူပူတွင်ဖျော်ပြီး ဆပ်ပြာရည်ထဲသို့ ထည့်ပြီးလျှော်ပေးပါ။
ဖားဥစွဲပျောက်နည်း
စင်ကြယ်သော အဝတ်ဖြူကိုရေဆွတ်ပြိး ဖားဥစွဲနေသော အမဲပျောက်များအပေါ်ကဖုံးအုပ်ပြီး မီးကူတိုက်လျှင် ဖားဥများ ပျောက်ကင်းသွားပါလိမ့်မည်။
အဝတ်မတွန့်အောင် လုပ်နည်း
သက္ကလပ်ထည်၊ ဖလန်နယ်စသည်တို့ကို လျှော်ဖွပ်ပြီးကြိုးတန်းပေါ်တွင်အဝတ်ကိုရေမညှစ်ဘဲ ဖြန့်လှန်းထားပါက အဝတ်မတွန့်တော့ပါ။
သွေးစွန်းပျောက်နည်း
ရေထဲတွင် ဇဝတ်သာရည်ခပ်ပြစ်ပြစ်ထည့်ပြီး သွေးပေနေသောအဝတ်အထည်ကိုအတော်ကြာကြာစိမ်ထားပြီးမှလျှော်ဖွပ်ပေးပါက သွေးစွန်းပျောက်ပါသည်။
ပုရွက်ဆိတ်ပြေးနည်း
သခွားသီးအခွံပိုပါးပါးလှီးပြီး ပုရွက်ဆိတ်နေသောနေရာများတွက်ချထားလျှင်ပုရွက်ဆိတ်များထွက်ပြေးပါလိမ့်မည်။
သွားကိုက်သက်သာနည်း
လှော်ပြီးသား ဆိုဒါမှုန့်နှင့်သွားတိုက်ပြိး ရေနွေးနှင့် ကျင်းပစ်လျှင်သွားကိုက်သွားနာသက်သာပါသည်။
အဆူးစူလျှင် နှုတ်နည်း
ရေနွေးအပြည့်ရှိသည့် ပေါက်ဝကျယ်သောပုလင်းတစ်လုံးကိုယူပြီးဆူးစူးသောနေရာကို ပုလင်းပေါ်မှဖိနှိပ်ပါ။အသားသည်ပူနွေးသည့်အငွေ့ဖြင့်ပုလင်းထဲသို့အနည်းငယ်စူးဝင်သည်နှင့်(၃. ၄ ) မီနစ်ကြာသောအခါအဆူးကျလာပါလိမ့်မည်။
အကြောအချဉ် အကိုက်အခဲပျောက်နည်း
နူးညံ့သောအဝတ်စကို နို့ထဲတွင်စိမ်ပြိး ကိုက်ခဲသောနေရာကိုပွတ်ပေးလျှင်အလွန်ဆိုးသောရောဂါဖြစ်စေကာမူ ချက်ချင်းပျောက်ကင်းစေပါသည်။
အပူလောင်သက်သာနည်း
ရေနွေးဖြစ်စေ၊ မီးပူဖြစ်စေ၊ လက်ခြေ စသည်တို့ကို အပူလောင်လျှင်ရေတွင်ဆားကိုများများထည့်၊ ပြစ်နေအောင်ဖျော်ပြီး ၎င်းအပူလောင်သည့်နေရာကိုသုတ်လိမ်းပေးပါ။
ကြွက်ပြေးနည်း
ကြွက်များသွားလာလေ့ရှိသော နေရာများမှာ ပူစီနံရွက်ဖြစ်စေ၊ပင်စိမ်းရွက်ဖြစ်စေထားပါက ကြွက်များသေချာပေါက်ထွက်ပြေးပါလိမ့်မည်။
ငှက်ဖျားပျောက်နည်း
စင်ကိုမြက်အား ဆွဲနှုတ်ပြီး အမြစ်ဖြူဖြူလေးတွေကို ဓါးနှင့်ဖြတ်ယူပါ။နို့ဆီဗူးတစ်လုံးစာအား ရေပြောင်အောင် ဆေးပြီး ဒန်အိုးထဲသို့ထည့်ပါ။နနွင်းမှုန့်ကော်ဖီတစ်ဇွန်းစာလောက် ထည့်ပါ။
ကြက်ခိုးမှိုင်းအနည်းငယ်ထည့်ပါ။ ရေသောက်ရေခွက်နှင့်သုံးခွက်စာထည့် ပြိး တစ်ခွက်စာကျန်သည်အထိကြိုချက်ပါ။ ပြီးလျှင်သေချာစွာ အမှိုက်များစစ်ပြိး နေ့စဉ်သောက်ပါ။ရောဂါရင့်လျှင့် ခုနှစ်ရက်၊ ရောဂါနုလျှင် ငါးရက်နှင့် ပျောက်ပါသည်။
နှလုံးသွေးကြောကျဉ်းသူများတွက်….
နှလုံးသွေးကြောကျဉ်းပြီး အသက်ရှူမဝခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊မကြာဏသက်ပြင်းချခြင်း၊ မောခြင်းများအတွက် ဂျင်းဆယ့်ငါးကျပ်သားအားကြေအောင်ထုထောင်းပြိး ပြည်ဝင်ဒန်အိုးထဲသို့ထည့်ပါ။
ဆားလက်တစ်ဆုပ်ထည့်ပါ။ပြီးလျှင်ရေများများထည့်ပြိးဆူအောင်ပြုတ်ပါ။ ခြေထောက်စိမ်ရန်ဇလားတစ်ခုခုထဲသို့ လောင်းထည့်ပါ။ ခြေဖဝါးအား ပရုတ်ဆီ(သို့) လိမ်းဆေးအဆီတမျိုးမျိုးသုတ်လိမ်းပါ။ပြီးလျှင် ခြောက်ထောက်နှစ်ချောင်းစလုံးအားဂျင်းပြုတ်ရေ အပူခံနိုင်ရုံထားပြိး စိမ်ပါ။
နောက်တစ်ဦးမှခြေဖဝါးမှာရှိသော အကြောများပြေအောင် လက်မဖြင့် နှိပ်နယ်ပေးပြီးခြေခုံနှင့် ခြေသလုံး အား သွေးလှည့်ပတ်မှူကောင်းအောင် နှိပ်နယ်ပေးပါ။ထိုနည်းအတိုင်း သုံးရက်တစ်ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာလာပါလိမ့်မည်။
Credit