ဒီနေ့ညကစပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲများနှင့် သတိထားစရာများ
ဒီနေ့ တစ်နိုင်ငံလုံးမှာ ရာသီဥတုအပြောင်းအလဲတွေ အများကြီး ဖြစ်ကြမှာပါပဲ။
တချို့မှာ လေပြင်းကျတယ်။တချို့မှာ မိုးကျတယ်။တချို့မှာ မြူထပ်တယ်။ဒီလိုမျိုးပေါ့။
ဘာကြောင့် ရာသီဥတုပြောင်းနေကြသလဲဆိုတာကတော့ အခြားသောဆရာများ တင်နေကြလို့ အတော်များများ သိနေကြပြီလို့ ထင်ပါတယ်။
အခုကျနော်ပြောချင်တာက ဒီနေ့ညကနေစလို့ လေးညနဲ့သုံးရက်လောက်အတွင်းကို သတိထားကြပါ။
အိမ်တွင်းမှာ(အထူးသဖြင့်မိမိအိပ်တဲ့နေရာ)ကို တတ်နိုင်သမျှ လင်းအောင်ထားပါ။
ညနေမှောင်လို့ နေရောင်ပျောက်ပြီဆိုတာနဲ့ ကြွေပန်းကန်လုံးအသေးတစ်ခုထဲကို ဆားတစ်ဝက်လောက်ထည့်ပြီး ဖယောင်းတိုင်အဖြူတစ်တိုင်စိုက်ကာ မီးဖိုဆောင်ထဲမှာ ထွန်းပါ။
ညဘက် သာမန်/ပုံမှန်မဟုတ်တဲ့ အသံတွေ သိသိသာသာ ကြားလာရပါလိမ့်မယ်။
ကြားရင်လည်း သတိထားပြီးမှ စူးစမ်းပါ။
ညဘက် ခြံဝန်းအပြင်ကိုမဖြစ်မနေထွက်ရပြီဆို သိကြားသက်စောင့်ဂါထာ(ဝေဒါသာကုဂါထာ)ကို အနည်းဆုံးသုံးခေါက်ရွတ်ပြီးမှထွက်ပါ။
ညဘက် သားစိမ်းငါးစိမ်းလုံးဝမကိုင်ပါနဲ့။
ဒီရက်တွေအတွင်း ဆိုးဆိုးဝါးဝါးဒေါသထွက်တာမျိုးတွေ၊ ထစ်ခနဲရှိ ဒေါသထွက်ပြီး ခြေပါလက်ပါတာမျိုးတွေဖြစ်တတ်ပါတယ်။
ဆင်ခြင်ပါ။
ညကင်းသမားများ အသံကြားရာသွားကြည့်ပါက အနည်းဆုံး နှစ်ယောက်လောက်ပါမှ သွားပါ။
တစ်ယောက်တည်း မသွားပါနဲ့။
ညဘက်အော်မြည်နေကြ သတ္တဝါတွေကော အခြားသောသတ္တဝါတွေရဲ့ အသံတွေကိုပါ အမျိုးစုံကြားရနိုင်ချေရှိတာကြောင့် စိုးရိမ်မလွန်ဖို့ ကြိုမှာလိုက်ပါတယ်။
အဓိက မြင်းခွာသံ၊ဟီသံတွေကြားပါက ယောင်လို့တောင် မစပ်စုပါနဲ့။
အောင်သံဗုဒ္ဓေသာ တရစပ်ထိုင်ရွတ်နေပါ။
ပြီးတော့ ဒီညလရောင်ကို သွားမစပ်ဆော့ပါနဲ့။
စာတန်ပေတန်မရေးချင်လို့ ပေါ့ပေါ့ပါးပါးနဲ့ လိုရင်းအချက်လေးတွေပဲ ရေးလိုက်ပါတယ်။
အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။
Credit – Zwe Nyi Nyi Soe