Knowledge

မနက်စောစော အိပ်ရာမထတတ်တဲ့သူတွေ ဒီစာစောင်လေးကို ဖတ်ကြည့်ပါ။

“စောစောထတဲ့ငှက်က အစာပိုဝတယ်” တဲ့။ အဲဒီလိုပဲ လူသားတွေမှာလည်း ဝီရိယရှိရှိနဲ့ စောစောထ၊ ဘဝအစီအစဉ်တွေအတွက် မနက်ခင်းတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူတွေက အောင်မြင်မှုရဖို့ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။

မနက်စောစောဆိုတာ အရုဏ်တက်ချိန် ၄-၅နာရီကို ဆိုလိုတာ မဟုတ်ပါဘူး။ မနက် ၆နာရီလောက်ထရင်ကို တစ်နေ့တာအတွက် ကောင်းကောင်းလုံလောက်နေပါပြီ။ မနက် ၆နာရီ အိပ်ရာထသင့်တဲ့ အကြောင်းရင်းတွေကတော့

၁။ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်ဖော်နိုင်ဖို့ အချိန်ပိုရလို့

၂။ တစ်နေ့တာအတွက် အချိန်ဇယားဆွဲဖို့ အချိန်ရလို့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့အတွက် မနက်ခင်းက အကောင်းဆုံးအချိန်ဖြစ်နေလို့

၄။ အလုပ်သွားဖို့ ပြင်ဆင်ချိန်ပိုရတဲ့အတွက် မနက်စာကို အေးအေးဆေးဆေးစားနိုင်လို့

၅။ မနက်စောစောထတဲ့သူတွေက သူများတွေထက် ခြေတစ်လှမ်းပိုသာနေတတ်လို့ ပဲဖြစ်ပါတယ်။

မနက်အိပ်ရာစောစောထခြင်းက သင့်ဘဝကို ပိုမိုတိုးတက်စေတယ်ဆိုတာ မယုံမရှိနဲ့နော်။

နေ့တိုင်းနေ့တိုင်းကို သာမန်ထက် ၂နာရီနဲ့ မိနစ် ၃ဝပိုစောပြီး ထတတ်တဲ့အကျင့်လုပ်ပါ။

ဒီလိုဆိုရင် တစ်ပတ်စာအတွက် သင့်မှာ အချိန်ပို ၁၇နာရီခွဲ ရလာမယ်။

တစ်လမှာ နာရီပေါင်း ၇ဝကျော်၊ တစ်နှစ်မှာ နာရီပေါင်း ၈၄ဝကျော် ကြိုးစားချိန် ပိုရလာမယ်။

နာရီပေါင်း ၈၄ဝဆိုတာ သူများတွေထက် သာလွန်အောင်မြင်နိုင်ဖို့ လုံလောက်တဲ့အချိန်ပါ။

အဲဒီတော့ သင့်မနက်ခင်းတွေကို အကောင်းဆုံးအသုံးချပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

သူများတွေထက် မြန်အောင်မပြေးနိုင်ရင် သူများတွေထက် တာထွက်စောအောင် ကြိုးစားသင့်တယ်မဟုတ်လား။

Crd>>

Unicode

သူများတွေထက် မြန်အောင်မပြေးနိုင်ရင် သူများတွေထက် တာထွက်စောအောင် ကြိုးစားသင့်တယ်မဟုတ်လား။Crd>>