Knowledge

ပူဇော်ထားသင့်သော ကမ္ဘာတစ်လွှားမှ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့်နေရာ ( ၁၀ ) နေရာ

ကမ္ဘာ တစ်လွှား ဗုဒ္ဓ ခြေတော်ရာ များကမ္ဘာ တစ်လွှား ၌ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာမှာ ( ၁၀ ) နေရာ ဖြစ်ကြောင်း ကို လေ့လာ သိ ရှိ ရပေ သည် ။

၎င်းတို့မှာ

(၁) အိန္ဒိယ ပြည်၊ ဘုံဘိုင် မြောက်ပိုင်း၊ နမ္မဒါ မြစ် ထဲ၌ ခြေတော်ရာ တစ်ဆူ (၂) အိန္ဒိယ ပြည်၊ ဘုံဘိုင် နယ် မြောက်ပိုင်း၊ နမ္မဒါမြစ် အထက် သစ္စပန် တောင် ပေါ်၌ ခြေတော်ရာ တစ်ဆူ (၃) အိန္ဒိယ ပြည်မြောက်ပိုင်း ဥဒယာန တိုင်း ၌ ခြေတော်ရာ တစ်ဆူ ( တရုတ် ဘုန်းတော်ကြီး ဖာယီယန် ၏ မှတ်တမ်း အရ )

(၄) အိန္ဒိယ ပြည်၊ ပါတလိပုတ် မြို့တော် ၏ တောင်ဘက် သုံးလီ အကွာ ၌ ခြေတော်ရာ တစ်ဆူ ( ဖာယီယန် ၏ မှတ်တမ်း အရ ) (၅) သီရိလင်္ကာနိုင်ငံ ( သီဟိုဠ်ကျွန်း ) သုမနကုဋ ( SriPada ) တောင်ထိပ် ၌ ခြေတော်ရာ တစ်ဆူ

(၆) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း၊ မယူကမ်း ပုံစည်း ကျွန်း၊ သာစည်ထောင့် ရွှာအနီး ၌ ခြေတော်ရာ တစ်ဆူ …

(၇) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ ကုလားတန် မြစ်ဝ ရှိ ဖရုံကာ ကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာ တစ်ဆူ (၈) မြန်မာ နိုင်ငံ၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး ခရိုင်၊ မန်းချောင်း ( မန်း ရွှေစက်တော် ) ၌ အောက် အထက် ခြေတော်ရာ နှစ်ဆူ။

(၉) မြန်မာ နိုင်ငံ မြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက် ဘက် တောင်စောင်း ၌ ခြေတော်ရာ တစ်ဆူ (၁၀) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊ မဟီ ( မအီ ) မြစ် အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာ တစ်စုံ။

စသည် တို့ ဖြစ်ကြ ကြောင်း ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ ကျောက်မြောက် ရပ်၊ မဟာသုခ ပါဠိ တက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ ၏ ရခိုင် ပြည်နယ်၊ မအီ စက်တော်ရာ သမိုင်း စာအုပ် တွင် မှတ်တမ်း ပြုထား ပါသည် ။

မြတ်စွာ ဘုရားရှင် သည် မဟာ သက္ကရာဇ် ၁၂၄ ခုနှစ် တွင် ရဟန္တာ ငါးရာ နှင့် တကွ သုနာပရန္တယော နက တိုင်း ( ယခု မြန်မာ နိုင်ငံ မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စကု မြို့နယ် လယ် ကို င်း ကျောင်းတော် ရာ ဒေသ ) သို့လည်း ကြွရောက် ခဲ့တော် မူ ၏ ဘုရား ရှင် သည် သာဝတ္ထိ ပြ ည်၊ ဇေတဝန် ကျောင်းတော် သို့ပြန် အကြွ နမ္မဒါမြစ် ( ယခု မန်းချောင်း ) အနီး သို့ ရောက် သည် တွင် နမ္မဒါ နဂါးမင်း ၏ တောင်းပန်ချက် ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာ ထက် တွင် လက် ဝဲ ခြေတော်ရာ ကို ချပေး ခဲ့၏။

ယင်းကို အောက် ခြေတော်ရာ ဟု ခေါ်ဆို ကြသည်။

ဆက်လက် ၍ ကြွမြန်း စဉ် ထိုမြစ် အနီး သစ္စဗန္ဓက တောင်ပေါ် သို့ ရောက်ပြန် သော် ရသေ့ ၏ လျှောက် ထား တောင်းပန် ချက် ကြောင့် မကုလ မြေ ကျောက်ပေါ် တွင် လက်ဝဲ ဘက် ခြေတော်ရာ ကို တံ ဆိပ် ခတ်နှိပ် ပေးခဲ့ ပြန်သည် ထို အထက် ခြေတော်ရာ ကို အထက် စက်တော်ရာဟု သမုတ် ခဲ့ ကြသည် ဟု ဆိုကြ သည်။

သို့ဖြင့် ထို နေရာ များ တွင် စေတီများ တည်ထား ကာ နှစ်စဉ် ခြေတော်ရာ ဖူးရင်း စေတီ များ တွင် ပွဲတော် များ ကျင်းပ ခဲ့လေ သည် အဆိုပါ ခြေတော်ရာ သည် ကာလ အတန်ကြာ ကွယ်ပျောက်နေ ခဲ့ပြီး တောင်ဖီလာ ဆရာ တော်ကြီး ( ဓားမကူး ဆရာတော် ) ၏ ဖော်ထုတ် မှုဖြင့် ပွင့်ပေါ် လာခြင်း ဖြစ်ကြောင်း မှတ်သား ရပါ သည်။

မူရင်းတင်ပြပေးသူနှင့် အပန်းပြေ တို့ အားလေးစားစွာဖြင့် ခရက်ဒစ်

Unicode