Knowledge

ငွေကြေးချမ်းသာခြင်းဆိုင်ရာ ကြိဂံအမှတ်အသားများ သင့်လက်ဖဝါးပြင်မှာ ရှိပါသလား?

ငွေကြေးချမ်းသာခြင်းဆိုင်ရာ ကြိဂံအမှတ်အသားများ သင့်လက်ဖဝါးပြင်မှာ ရှိပါသလား?

ကျွန်ုပ်တို့ လူသားများအတွက် လုပ်ဆောင်နေကြရသည့် လုပ်ငန်းမှန်သမျှတို့တွင် ချမ်းသာရေးအတွက် လုပ်ကိုင်နေရသော လုပ်ငန်းလုပ်ဆောင်ချက်က ရာနှုံန်းအများဆုံးဖြစ်သည်။ လောကီဘောင်အတွင်းက လူတိုင်းလူတိုင်း ချမ်းသာကြီးလိုကြသည်ပင်ဖြစ်သည်။

လက္ခဏာပညာရပ်မှ ချမ်းသာခြင်းအတွက် ထူးခြားသော ငွေကြေးဆိုင်ရာ တြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုပါတယ်။ ဒီအမှတ်အသားတွေပါရင် သင်ဟာ ချမ်းသာကြီးသူ၊ လက်နှင့်ငွေမပြတ်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်နိုင်ပါတယ်။

ဒါကြောင့်အလွန်အရေးကြီးတဲ့ ချမ်းသာခြင်းဆိုင်ရာ လက်ဖဝါးပေါ်မှာတြိဂံအမှတ်အသားများအကြောင်းကို […]ကျွန်ုပ်တို့ လူသားများအတွက် လုပ်ဆောင်နေကြရသည့် လုပ်ငန်းမှန်သမျှတို့တွင် ချမ်းသာရေးအတွက် လုပ်ကိုင်နေရသော လုပ်ငန်းလုပ်ဆောင်ချက်က ရာနှုံန်းအများဆုံးဖြစ်သည်။

လောကီဘောင်အတွင်းက လူတိုင်းလူတိုင်း ချမ်းသာကြီးလိုကြသည်ပင်ဖြစ်သည်။ လက္ခဏာပညာရပ်မှ ချမ်းသာခြင်းအတွက် ထူးခြားသော ငွေကြေးဆိုင်ရာ တြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုပါတယ်။

ဒီအမှတ်အသားတွေပါရင် သင်ဟာ ချမ်းသာကြီးသူ၊ လက်နှင့်ငွေမပြတ်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်နိုင်ပါတယ်။ ဒါကြောင့်အလွန်အရေးကြီးတဲ့ ချမ်းသာခြင်းဆိုင်ရာ လက်ဖဝါးပေါ်မှာတြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုက်ရပါတယ်။

အသက်လမ်းကြောင်းမှ ထွက်ပေါ်လာသော ကံလမ်းကြောင်းသည် အပြစ်အနာအဆာမရှိဘဲ ဦးခေါင်းလမ်းကြောင်းကို ဖြတ်လျှက် ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ ထိုးတက်သွားသည့် လမ်းကြောင်းမျိုးဖြစ်သည်။

ထိုအခြေအနေတွင် လက်ဖဝါးပေါ်တွင် အသက်လမ်းကြောင်း ဦးခေါင်းလမ်းကြောင်းနှင့် ကံလမ်းကြောင်းတို့ ပေါင်းစပ်ခြင်းကြောင့် အင်္ဂါလွင်ပြင်တွင် တြိဂံပုံအမှတ်အသားတစ်ခု ဖြစ်ပေါ်လာလေသည်။

(ပုံ-A) ။ ထိုသိုဖြစ်ပေါ်လာသော လက္ခဏာပုံစံကို ( The Great Triangle) ဟုခေါ်ပြီး အဆိုပါတြိဂံအမှတ်အသားပါရှိသူအနေနှင့် ဘဝတွင် ငွေကြေးအစုလိုက်ရခြင်း၊ အားစိုက်ထုတ်ရသလောက် အကျိုးပေးကောင်းပြီး ၊လုပ်သမျှအောင်မြင်သော ကုန်သွယ်စီးပွားရေးသမားဖြစ်လာမှာပါ။

အလွန်အောင်မြင်လာပြီး လက်ဖျားငွေသီးနေတတ်သူဖြစ်တယ်။ အသက်လမ်းကြောင်းမှ အခြေတည် ထွက်ပေါ်လာသော ကံလမ်းကြောင်းသည် လက္ခဏာရှင်အတွက် အထူးကံကောင်းစေသော်လည်း မိမိရဲ့ ဝိရိယအား၊ကာယအားစိုက်ထုတ်ပြီး မိမိညဏ်ရည် နှင့် ပညာ၊ ဝိရိယတို့ကြောင့် ချမ်းသာခြင်းကို ရောက်ရှိတတ်သူဖြစ်သည်။

အချောင်ရသည့်ငွေကြေးမျိုး မရှိသော်လည်း ကုန်သွယ်စီးပွားရေးလုပ်သူအတွက် အလွန်ကောင်းသောအမှတ်ဖြစ်သည်။အထက်ကဆိုတဲ့ တြိဂံဖြစ်စေတဲ့အထဲမှာ အသက်လမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းရဲ့ အကွာအဝေးကို (ထောင့်အကျယ်) ကိုစစ်ဆေးရတယ်၊

ထောင့်ကကျယ်တဲ့အခါ ဦးခေါင်းလမ်းကြောင်းက အင်္ဂါဂြိုဟ်ခုံဘက်ကို ဖျောင့်ပြီးသွားတဲ့သဘောဖြစ်ပြီး ထောင့်က ကျင်းတဲ့အခါ တနင်္လာဘက်ကို ဆင်းတဲ့သဘောဖြစ်တယ်။ ဒီဖြစ်ပေါ်လာတဲ့ ထောင့်အကျင်းအကျယ်ကိုကြည့်ပြီး သူရဲ့ ငွေကြေးချမ်းသာမှု့ကိုဖြစ်စေမယ့်၊ ကြိုးစားအားထုတ်မှု့၊

စိတ်နေစိတ်ထားတွေကို သုံးသတ်လို့ရပါတယ်။ တြိဂံပါတဲ့သူရဲ့ လက်ပုံစံအပေါ်မူတည်ပြီး သူရဲ့ချမ်းသာကြီးခြင်းဟာ ဘယ်လောက်အထိ သူ့အပေါ် တာရှည်မလည်း ၊ နှလုံးလမ်းကြောင်းနဲ့ လက်ရေစာတွေအရ သူ့ရဲ့ စိတ်ထားအခြေအနေတွေကို သိနိုင်ပါတယ်။

ချမ်းသာခြင်း၊ငွေလက်တွင်မပြတ်ခြင်းဆိုသည့်တိုင် ချမ်းသာရာတွင် ဂုဏ်သိက္ခာရှိပြီး ချမ်းသာခြင်းဟုတ်မဟုတ်၊ ဆိုတာကိုလည်း သုံးသတ်နိုင်ပါသေးတယ်၊ အချို့ချမ်းသာခြင်းမျိုးက သိက္ခာအရာမှာ ဘာမှမရှိတဲ့ ချမ်းသာခြင်းမျိုးဆိုတာ ရှိပါသေးတယ်။

ဥပမာပြရရင် မူးယစ်ဆေးနဲ့ချမ်းသာတာမျိုး၊ မကောင်းတဲ့ လုပ်ငန်းတွေ၊လောင်းကစားလုပ်ငန်းတွေနဲ့ ချမ်းသာနေတာမျိုးပါ။ ဒါပေမယ့် သူတို့ကို ရက်ကွက်ကလူတွေကတောင် အရေးမလုပ်ပါဘူး၊ ဒီလိုချမ်းသာခြင်းမျိုးဖြစ်မလား၊ ဒါမှမဟုတ် ရိုးသားစွာလုပ်ကိုင်ရင်း သိက္ခာရှိရှိ ချမ်းသာမလားဆိုတာကတော့ လက်ဖဝါးပြင်ကို လက်ဗွေတွေအထိ အသေးစိတ်စစ်ဆေးရပါလိမ့်မယ်။

နောက်ထပ် တြိဂံတစ်ခုကတော့ လက်ဖဝါးပြင်မှာ အသက်လမ်းကြောင်းကထွက်တဲ့ ကံလမ်းကြောင်းက ဗုဒ္ဓဟူးဂြိုဟ်ခုံကို ထွက်သွားတဲ့အခါ ဦးခေါင်းလမ်းကြောင်းကို ဖြတ်သွားလို့ ပထမပုံကအတိုင်း တြိဂံကို ရရှိပါတယ်၊

ဒါကိုမှ နောက်ထပ် မူလကံလမ်းကြောင်းဟာ တနင်္လာဂြိုဟ်ခုံဘက်ကနေပြီး စနေဂြိုဟ်ခုံသို့တိုင်အောင် ထိုးတက်သွားတဲ့အခါ မူလတြိဂံကြီး ကပျက်ပြီး နောက်ထပ် တြိဂံသေးတစ်ခုထက်ပေါ်လာတာဖြစ်တယ်။

(ပုံ-B) အဲဒီလိုတြိဂံသေးလေးပါရှိတဲ့/ သူဟာ အလွန်ဘဲ ငွေရွှင်တဲ့သူဖြစ်တယ်။ သူက ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်ဖြစ်တတ်သလိုန်ထမ်းလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူလုပ်ကိုင်ရတဲ့ အလုပ်ပေါ်ကနေ အလွန်အဆင်ပြေပြီး ငွေအလွန်ဝင်တဲ့သူဖြစ်တယ်။

ရာထူးကြီးကြီးတွေ၊ ညွှန်ကြားရေးမှူး၊(C-E-O) ရာထူးမျိုးတွေ ဖြစ်ပြီး အလွန်ချမ်းသာလာတာမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတြိဂံအမှတ်အသားဟာလည်း ငွေကြေးအတွက် ကောင်းတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်.။

နောက်တစ်ခုကတော့ တနင်္လာဂြိုဟ်ခုံကထွက်တဲ့ ကံလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကို ဖြတ်သွားပြီး စနေဂြိုဟ်ခုံထိတိုင်အောင်တက်သွားပါတယ် ၊ အဲဒီမှာ ကံလမ်းကြောင်းကနေ နောက်ထပ် ကံလမ်းကြောင်းအတက်တစ်ခု ထွက်လာပြီး ဦးခေါင်းလမ်းကြောင်းကို ထိပြီး တြိဂံပုံဖြစ်လာတာပါ။

(ပုံ-C) ။ ဒီလိုတြိဂံပါတဲ့သူကတော့ သူ့ရဲ့ လုပ်အား၊ဝိရိယအားတွေမပါတဲ့ ထီပေါက်တာမျိုး၊ အမွေတွေအစုလိုက် အပုံလိုက်ရတာမျိုးတွေဖြစ်ပြီး ချမ်းသာလာတာမျိုးဖြစ်တယ်။ သူအတွက် ချမ်းသာစေဖို့ သေချာစီစဉ်ထားသလိုပါဘဲ ၊

အားလုံးပင်ပင်ပန်းပန်း တစ်သက်လုံးလုပ်ကိုင်ပြီး အောင်မြင်ချိန်မှာ သူရောက်လာတတ်ပြီး သူပဲအားလုံးကို ပိုင်ဆိုင်သွားရတာမျိုးဖြစ်တယ်။ ဒါပေမယ့် သူအဲဒီငွေကြေးမျိုးရရှိပြီး နောင်တစ်ချိန် တည်မြဲမလားဆိုတာကိုတော့ အခြားသောလမ်းကြောင်းတွေကို ကြည့်ရမှာပါ။

ဘာဖြစ်ဖြစ် သူကချမ်းသာကြီးတဲ့သူ လက်မှငွေမပြတ်တဲ့သူဆိုတာကတော့ သေချာပါတယ်။
ဒီတော့ သင့်လက်ဖဝါးပြင်မှာ ငွေကြေးချမ်းသာစေတဲ့ တြိဂံအမှတ်အသားပါသလားဆိုတာ ဦးစွာကြည့်ရပါလိမ့်မယ်။

ပါတယ်ဆိုရင် ဘယ်လောက်ချမ်းသာမလည်း၊ဘယ်အချိန်ချမ်းသာလာမလည်း၊ ဘာလုပ်လို့ ချမ်းသာလာမလည်း၊ ဘာတွေရှောင်ရမလည်း၊ ဘယ်လိုနေထိုင်သင့်သလည်း ဆိုတာတွေကို အသေးစိတ် ထပ်သိခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါကြောင်း တင်ပြရပါတယ်။Source, ဆရာကင်္ကသူ