Knowledge

အိမ်တွင်းဖြစ် ထမင်းပေါင်းအိုး နဲ့ ကိတ်မုန့်လုပ်နည်း

အိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိတ်မုန့်

ပါဝင်ပစ္စည်း

၁။ဂျုံ=ဆန်ချိန်ခွက်တစ်ခွက်

၂။သကြား=ဆန်ချိန်ခွက်တစ်ဝက်

၃။နွားနို့= ဆန်ချိန်ခွက်တစ်ဝက်

၄။ဆီ=ဆန်ချိန်ခွက်၃ပုံတစ်ပုံ

၅။ရှာလကာရည်=၃စက်

၆။ကြက်ဥ=၅လုံ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ဇလုံသန့်သန့်၂လုံးအဆင့်သင့်လုပ်ထားပါ၊ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။

၂။ကြက်ဥအနှစ်ဇလုံ ထဲကို ဂျုံ၊ဆီ၊နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။

၃။cream ရိုက်စက်မရှိတဲ့သူတွေအတွက်

ကြက်ဥအကာဇလုံထဲကိုရှာလကာရည် ထည်ပြီးခေါက်ပါ(သကြားကို၃ပုံခွဲထားပါ)၊အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပါ

အဆက်မပျက်ခေါက်ပေးရပါမည်၊အမြုပ်လေးတွေသေးပြီးဖြူဖြူလေးတွေဖြစ်ရင်

သကြားနောက်တစ်ပုံထည့်ပါ၊အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။

Cream ဖြစ်မဖြစ်ကိုဝါးတူတစ်ချောင်းကိုအလယ်မှာစိုက်ကြည့်ပါ လဲမကျရင်cream ရပါပြီ။Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်းပြုလုပ်ရပါတယ်။

creamရိုက်တာ၁၀မိနစ်ကြာပါတယ်

၄။ ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် )

၅။ ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ

ပြီးရင် အိုးကို ၅/၆ချက်လောက် မှပြီးချလိုက်ပါ လေခိုလေးတွေမရှိအောင်ပါ။

၆။ ရိုးရိုးထမင်းပေါင်းအိုးဆိုရင် ၃/၄ခါလောက်နှိပ်ပေးရပါမယ်။ (တစ်ခါနှိပ်ရင်၃မိနစ်လောက်ပြန်ပြန်တက်သွားပါတယ်၊

မိနစ်၂၀ခြားတစ်ခါနှိပ်ပေးပါ၊ တက်သွားပြီးချက်ချင်းပြန်နှိပ်မရလို့နော၊အဖုံးလုံးဝမဖွင့်ပါနဲ့၊

လေထွက်ပေါ်ကိုအဝတ်လေးနဲ့အုပ်ထားပါ၊ နောက်ဆုံးရလာတဲ့ထိအပေါ်ယံလေးကနည်းနည်းလေးစိုနေတတ်ပါတယ်၊

၃ခေါက်လောက်နှိပ်ပေးပြီးရင် ပြောင်းပြန်လှန်ပြီးတစ်ခါထပ်နှိပ်ပေးပါ အဲ့လိုဆိုရပါပြီ။

Digital ပေါင်းအိုးဆိုရင် ထမင်းချက်သလိုချက်ပြီး ခလုပ်တတ်သွားရင်၁၅မိနှစ်ထားပြီးမှအဖုံးဖွင့်ပေးပါ။

တစ်ချို့Digitalပေါင်းအိုးလဲရိုးရိုးပေါင်းအိုလိုခဏလေးနဲ့ခလုပ်ပြန်ပြန်တက်သွားတတ်ပါတယ်နော၊သတိထားစောင့်ကြည့်ရပါမယ်။

ထမင်းပေါင်းအိုးနဲ့မလုပ်ချင်ရင်လဲပေါက်စီပေါင်းတဲ့အိုးလိုမျိုးရေကိုအောက်ကထည့်ပြီးအပေါ်ကနေပေါင်းလို့ရ

မုန့်နှစ်ကိုရေမဝင်အောင်အဖုံးလုံအောင်ဖုံးထားရပါမည်၊ အောက်ခြေကရေနဲ့မထိအောင်သတိထားပါနော်။

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit – Mar Jorie

Unicode