Knowledge

မိဘတွေရဲ့အတ္တကြောင့် (၆)နှစ်လုံးလုံး တိရစ္ဆာန်ဘ၀လို နေခဲ့ရတဲ့ သနားစရာ အမျိူးသမီးလေး

မိဘတွေရဲ့အတ္တကြောင့် (၆)နှစ်လုံးလုံး တိရစ္ဆာန်ဘ၀လို နေခဲ့ရတဲ့ သနားစရာ အမျိူးသမီးလေး

ချစ်သူရည်းစား ထားတဲ့အခါ ကိုယ်ရည်ရွယ်ထားသူနဲ့ မိဘတွေကြား အဆင်မပြေတာဟာ ပြဿနာကြီးတစ်ရပ်ပါပဲ။ တချို့မိဘတွေက နားလည်ညှိုနှိုင်းဖို့ လွယ်ကူပေမယ့် တချို့ကလည်း သိပ်ကို တင်းမာလွန်းကြပါတယ်။

တစ်ခါတစ်လေ မိဘတွေဟာ သားသမီးကို ချစ်တဲ့အချစ်ထက် ၎င်းတို့ရဲ့ အတ္တက လွန်ကဲလာတဲ့အခါမျိုးမှာ လူမဆန်တဲ့အပြုအမူမျိုးတွေကိုတောင် လုပ်လာကြတာကို အခုတွေ့ရမှာပါ။

တရုတ်နိုင်ငံ ဟူးပေးပြည်နယ်က အမျိုးသမီးလေးတစ်ဦးဟာ မိဘသဘောမတူတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိတာကြောင့် မိဘတွေက သူမကို စိတ်ဆိုးပြီး တိရစ္ဆာန်တစ်ကောင်လိုရက်ရက်စက်စက် ဆက်ဆံခဲ့ပါတယ်။

သူမရဲ့မိသားစုက သူမကို ဂိုထောင်တစ်လုံးထဲမှာ (၆)နှစ်လုံးလုံး ပိတ်နှောင်ထားခဲ့တာကြောင့် မိန်းမပျိုလေးဟာ ကောက်ရိုးပုံပေါ်မှာသာ အိပ်ရပါတယ်။ သူမနာမည်ကတော့ ကျန်းကီဖြစ်ပြီးအသက်(၂၄)နှစ်ရှိပါပြီ။

ကျန်းကီဟာ ပိတ်လှောင်ထားတဲ့ ဂိုထောင်ထဲကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူမရဲ့ မိဘတွေက ကျန်းကီဟာ စိတ်မကျန်းမမာ ဖြစ်နေတာကြောင့် သူမကို သော့ခတ်ထားရကြောင်း ရွာမှာ သတင်းလွှင့်ထားခဲ့ပါတယ်။

ဒါကို ရွာနေလူကြီးတစ်ဦးဖြစ်တဲ့ ချောင်ဂျန်က ကျန်းကီနဲ့ ပတ်သက်လို့ ရွာအာဏာပိုင်တွေဟာ ဘာမှ မလုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။

ချောင်ဂျန်က “ကောင်မလေးရဲ့ မိဘတွေက ရွာမှာ အစစအရာရာ တောင့်တင်းကြပါတယ်။ ရွာသားတွေကလည်း သူတို့ကိစ္စနဲ့ပတ်သက်ရင် ဘာမှဝင်မစွက်ရဲဘူး။

ကျွန်တော်ကတော့ ရွာမှာနေတာမဟုတ်ဘူး။ တစ်ခါတစ်လေမှ ရွာကိုလာတာဆိုတော့ သူတို့ကိုကြောက်စရာမရှိဘူးလေ။

နောက်ဆုံးကျွန်တော် ရွာရောက်တော့ ကောင်မလေးက ကောက်ရိုးပုံပေါ်မှာ လှဲလို့။ သူ့နားမှာလည်း စောင်တွေအပုံလိုက်နဲ့ မုန့်တွေလည်း ရှိတာပေါ့။

ကောင်မလေး မိဘတွေပြောသလို ကလေးမမှာ စိတ်ရောဂါ ရှိလား၊ မရှိလား ကျွန်တော်တော့ သေချာမသိပါဘူး။ ဒါပေမယ့် အခုလိုဆက်ဆံတာက လူတစ်ယောက်လို ဆက်ဆံတာမျိုးမှ မဟုတ်တာဗျာ။ ကောင်မလေးနေရတာ တိရစ္ဆာန်သာသာပါ။ ဒါကြောင့် ကျွန်တော် ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းတင်ခဲ့တာပဲ။” လို့ပြောပြပါတယ်။

Credit-Original Uploader