Knowledge

ရုပ်ဆိုးလို့ အဆက်အဆံ မလုပ်ကြပေမယ့် အသက် ၈၀ ဖခင်ကြီးကို ရှာကျွေးနေတဲ့ ဦးလေး

အသက် ၄၃နှစ်အရွယ် Le Huu Hien ဆိုတဲ့ အမျိုးသားဟာ ထူးဆန်းတဲ့ မွေးရာပါ ရှားပါးရောဂါကို ခံစားရတဲ့အပြင် လူတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံနေရရှာပါတယ်။

သူဟာ ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတစ်ဦးဖြစ်ပြီး ထီလက်မှတ်ရောင်းပြီး

အသက်မွေးဝမ်းကျောင်းပြုနေရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မွေးရာပါ ရုပ်ဆင်းအင်္ဂါမလှတဲ့အတွက် လူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရတဲ့အပြင် စားဝတ်နေ

အတွက်အလုပ်လုပ်ရာမှာလဲ အခက်အခဲအများကြီးနဲ့ ကြုံတွေ့ရပါတယ်။ Hien ဟာ လမ်းဆုံ၊ လမ်းဂွမှာ ထီရောင်းပြီး သူ့ရဲ့ ဖခင်ကြီးကိုအလုပ်အကျွေးပြုနေတာ ၂၂နှစ်ရှိနေပါပြီ။

ရုပ်ဆင်းအင်္ဂါ ဆိုးရွားတဲ့အတွက် အချို့သောသူတွေက သူ့ရောင်းတဲ့ထီကိုအားပေးပေမဲ့ အချို့သောသူတွေကတော့ သူ့ကိုတွေ့ရင် ဝေးဝေးက ရှောင်သွားတတ်ကြပါတယ်။

အသက် ၈၀ အဖေအိုနဲ့အတူတူနေထိုင်ပြီး သူတို့ရဲ့ဘဝက အဖေတစ်ခု သားတစ်ခုဆိုလည်းမမှားပါဘူး။

ဖခင်ကြီးရဲ့ အဆိုအရ Hien ကိုမွေးဖွားတုန်းက အခြားသူတွေလို သန်သန်မာမာနဲ့ ကျန်းကျန်းမာမာမဟုတ်ဘဲ မွေးရာပါရုပ်ဆင်းအင်္ဂါ ချို့တဲ့ခဲ့တာဖြစ်ပါတယ်။

၆နှစ်အရွယ်လောက်မှာ ကျောင်းထားပေမဲ့ မကောင်းဆိုးဝါးတစ်ယောက်လို့ ထင်မြင်ခံခဲ့ရပြီး လူတွေရဲ့ ရှောင်ဖယ် နောက်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် ကျောင်းကနေထွက်ခဲ့ပြီး အိမ်မှာပဲနေနေခဲ့ပါတယ်။

အသက် ၂၀ ရောက်တဲ့အခါ စီးပွားရေးအခြေအနေမကောင်းတဲ့အပြင်အဖဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် ထီကိုယ်စားလှယ်စီမှာ ထီလက်မှတ်ယူပြီး ရောင်းချဖို့
အတွက် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

အခုဆို Hien ဟာ ဖခင်ကိုအလုပ်အကျွေးပြုဖို့ ထီးရောင်းနေတာ ၂၂နှစ်မကတော့ပါဘူး။

Credit

Unicode

ရုပ်ဆိုးလို့ အဆက်အဆံ မလုပ်ကြပေမယ့် အသက် ၈၀ ဖခင်ကြီးကို ရှာကျွေးနေတဲ့ ဦးလေး

အသက် ၄၃နှစ်အရွယ် Le Huu Hien ဆိုတဲ့ အမျိုးသားဟာ ထူးဆန်းတဲ့ မွေးရာပါ ရှားပါးရောဂါကို ခံစားရတဲ့အပြင် လူတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံနေရရှာပါတယ်။

သူဟာ ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတစ်ဦးဖြစ်ပြီး ထီလက်မှတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မွေးရာပါ ရုပ်ဆင်းအင်္ဂါမလှတဲ့အတွက် လူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရတဲ့အပြင် စားဝတ်နေ
အတွက်အလုပ်လုပ်ရာမှာလဲ အခက်အခဲအများကြီးနဲ့ ကြုံတွေ့ရပါတယ်။ Hien ဟာ လမ်းဆုံ၊ လမ်းဂွမှာ ထီရောင်းပြီး သူ့ရဲ့ ဖခင်ကြီးကိုအလုပ်အကျွေးပြုနေတာ ၂၂နှစ်ရှိနေပါပြီ။

ရုပ်ဆင်းအင်္ဂါ ဆိုးရွားတဲ့အတွက် အချို့သောသူတွေက သူ့ရောင်းတဲ့ထီကိုအားပေးပေမဲ့ အချို့သောသူတွေကတော့ သူ့ကိုတွေ့ရင် ဝေးဝေးက ရှောင်သွားတတ်ကြပါတယ်။

အသက် ၈၀ အဖေအိုနဲ့အတူတူနေထိုင်ပြီး သူတို့ရဲ့ဘဝက အဖေတစ်ခု သားတစ်ခုဆိုလည်းမမှားပါဘူး။ ဖခင်ကြီးရဲ့ အဆိုအရ Hien ကိုမွေးဖွားတုန်းက အခြားသူတွေလို သန်သန်မာမာနဲ့ ကျန်းကျန်းမာမာမဟုတ်ဘဲ မွေးရာပါရုပ်ဆင်းအင်္ဂါ ချို့တဲ့ခဲ့တာဖြစ်ပါတယ်။