Knowledge

မကြာခင် ချက်စားခံရတော့မယ့် လှောင်အိမ်ထဲက ကြောင်အကောင်(၇၀၀)

ကြောင်ပေါင်း ၇၀၀ ဝန်းကျင်လောက်ဟာ လူတွေစားသုံးရန် ‌‌ကြောင်သား ဟင်းတစ်ခွက်ပြုလုပ်ဖို့ သတ်ဖြတ်ခြင်းခံရခါနီးမှာပဲ ကံကောင်းစွာနဲ့ပဲ ကယ်တင်ခြင်းခံခဲ့ရပါတယ်..တရုတ်ပြည်မြောက်ပိုင်း ဟိုတယ် စားသောက်ဆိုင် တစ်ခု

ရဲ့ ညစ်ညမ်းနေတဲ့ နောက်ဖေးမှာ ထိုကြောင်လေးတွေ ပိတ်လှောင်ခြင်းခံ‌ နေ ရတာကို ရှာတွေခဲ့တာဖြစ်ပါတယ်…တိရိစ္ဆာန်ချစ်သူတွေအတွက်တော့ အင်မတန်မှ ရင်နင့်စရာကောင်းတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။

လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာ ကြောင်လေးတွေများစွာဟာ သွတ်ထည့် ပိတ်လှောင်ခံခဲ့ရတာကြောင့် နာကျင်စွာနဲ့လည်း အော်နေကြပါတယ်။ဒီကြောင်လေးတွေ အများစုဟာ ခိုးယူခံခဲ့ရပုံပေါ်ပါတယ် တိရိစ္ဆာန်ကုန်ကူး‌တဲ့သူတွေက

လည်း ကြောင်တွေကို ဖမ်းပြီး စားသောက်ဆိုင်တွေမှာ ရောင်းစားကြပါတယ်.. MailOnline သတင်း အရင်းအမြစ်‌ တွေအရ ကြောင်တွေဟာ အသားအဖြစ် ချက်ပြုတ်ဖို့အတွက် ခုတ်သတ်ခံရတော့မှာ ဖြစ်ပါတယ်ဒီလိုကြောက်မက်

ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Li အမည်ရ အမျိုးသမီးက မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

Ms.Li ဟာ ကြောင်လေးတွေကို ထို ဟိုတယ် စားသောက်ဆိုင်တစ်ခုရဲ့ နောက်ဖေးမှာ အဲ့မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်ချို့ရဲ့ ပြောသံတွေကြောင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ထိုအမျိုးသမီးရဲ့ ပြောကြားချက်အရ တိရိစ္ဆာန်

လေးတွေဟာ နေရာအစုံမှ ဖမ်းယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်တိရိစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့တစ်ခုဟာ Ms.Li တင်ထားတဲ့ ပုံကို မြင်မြင်ပြီး ချင်ချင်းပဲ ကြောင်လေးတွေကို အချိန်မှီကယ်တင်ဖို့ ထိုဟိုတယ်ကို ချက်ချင်းဆိုသလို

ရောက်ရှိခဲ့ပါတယ်။

ထိုသို့ ကံကောင်းစွာနဲ့ပဲ သနားဖွယ် ကြောင်လေးတွကို ကယ်တင်ရရှိခဲ့ပြီး… မကြာခင်မှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ပိုင်ရှင်တွေဆီကို ပြန်ပို့ဖို့ စီစဉ်နေကြောင်းသိရပါတယ်‘ကြောင် ၇၀၀ ကျော် အကုန်လုံးကို ကြောင်အိမ်တစ်ခုချင်းစီ

အတွင်းသို့ ရွေ့ပြောင်းခဲ့ပြီးပါပြီ..အစာနဲ့ ရေတွေလည်း ကျွေးထားပါတယ်…တိရိစ္ဆာန်ဆေးကု ဆရာ‌ဝန်တွေကလည်း ဒဏ်ရာရာ နေမကောင်းဖြစ်နေတဲ့ ကြောင်လေးတွေ ရှိမရှိ စစ်ဆေးနေပါတယ်’ လို့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်

တစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုဟိုတယ် စားသောက်ဆိုင်ကို ရဲတွေလည်း ရောက်ရှိခဲ့ပြီး ဒီဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေပါတယ်။အခုစာဖတ်နေတဲ့သူတွေထဲမှာလည်း တိရိစ္ဆာန် ချစ်တဲ့သူပဲ ဖြစ်ဖြစ် မချစ်တဲ့သူတွေလည်း အခုလို ရက်စက်တဲ့အပြုအမှု

တွေ မပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်..တိရိစ္ဆာန်တွေကလည်း လူတွေနည်းတူ အသက်တစ်ချောင်းနဲ့ပဲမို့ ကိုယ်ချင်းစာတရားထားပြီး သူတို့ကို နာကျင်အောင် နှိပ်စက်သတ်ဖြတ်တာတွေ မလုပ်တာဟာ အကောင်းဆုံးဖြစ်ပါ

တယ်။

Crd

Unicode