မန်ကျည်းရွက် စားခြင်းအားဖြင့် ပျောက်ကင်းနိုင်တဲ့ရောဂါများ
၁။ ဆီးချိုရောဂါ
မန်ကျည်းရွက်ဟာ အင်ဆူလင်ကိုခုခံနိုင်တဲ့ဓာတ်တွေ ပါဝင်နေတာကြောင့် ဆီးချိုရောဂါနဲ့ ဆီးချိုအကြိုရောဂါတွေအတွက် စားသုံးဖို့သင့်တော်ပါတယ်။
၂။ အနာကျက်မြန်ခြင်း
ပြတ်ရှအနာတွေပေါ်မှာ မန်ကျည်းရွက်သတ္တုရည်ကို လိမ်းပေးရင် အနာကျက်မြန်စေတာကို တွေ့ရပါလိမ့်မယ်။
၃။ ခုခံအားကောင်းမွန်စေခြင်း
မန်ကျည်းရွက်မှာ ဗီတာမင်စီ များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
၄။ အသားအရည်ကို ကြည်လင်စေခြင်း
မန်ကျည်းရွက်မှာ အင်တီအောက်ဆီးဒန့်ပါဝင်လို့ အရေးအကြောင်းတွေ ဖြစ်ပေါ်တာကို လျှော့ချပေးနိုင်ကာ အသားအရည်ကို ကြည်လင်စေပါတယ်။
၅။ ခံတွင်းကျန်းမာရေးကောင်းမွန်စေခြင်း
သွားဖုံးယောင်ရမ်းတာနဲ့ သွားဖုံးသွေးထွက်ရောဂါတွေအတွက် မန်ကျည်းရွက်မှာပါတဲ့ ဗီတာမင်စီက သက်သာကောင်းမွန်စေပါတယ်။
ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ မန်ကျည်းရွက်သုပ်လေးကို ရာသီစာအဖြစ် စားသုံးနိုင်အောင် သုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
မန်ကျည်းရွက်နုနု ၅ ကျပ်သား (တစ်ခါပြင်)
ကြက်သွန်နီ ဥကြီးကြီး ၂ လုံး
ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
မြေပဲမှုန့် ထမင်းစားဇွန်းတစ်ဇွန်း
ဆီသန့် ထမင်းစားဇွန်း ၂ ဇွန်း
မန်ကျည်းရွက်တွေကို ရေစင်အောင်ဆေး၊ အရိုးအရင့်တွေဖယ်၊ ကြက်သွန်နီကို ပါးပါးလှီး ရေစင်ဆောင်ဆေးပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောနယ်လိုက်ရင် အရသာရှိပြီး သွားရည်ယိုစရာ မန်းကျည်းရွက်သုပ်လေးကို ရပါပြီနော်။
Crd; တိုင်းရင်းဆေး ပြန်လည်မျှဝေပါတယ်ရှင်
Unicode