Knowledge

ပိုက်ဆံ ၅၀ ကျပျောက်သွားသူ( သိပ်ကောင်းတဲ့ဇာတ်လမ်းလေးပါ )

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။ မသေမသပ်လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။“ကျွန်မလမ်းသွားရင်း ဒေါ်လာ ၅၀ကျပျောက်သွားလို့ပါ။တစ်ယောက်ယောက်များတွေ့ခဲ့ရင်ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်းအဆင်မပြေလို့ပါ။ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်”ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှအဖွားက “ဘယ်သူလဲ”လို့မေးတယ်။

“ကျွန်တော် အဖွားကျပျောက်သွားတဲ့ဒေါ်လာ ၅၀ကို ကောက်ရထားလို့လာပြန်ပေးတာပါ”လို့ပြောလိုက်တယ်။ကျွန်တော့်စကားကိုကြားတာနဲ့အဖွားကမျက်ရည်ကျပါတယ်“မင်းနဲ့ဆိုရင် အဖွားကို ဒေါ်လာ ၅၀လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။စာလည်းမရေးတတ်ပါဘူး။အဲ့လိုရေးပေးမယ့် သားသမီးတွေလည်းအနားမှာ မရှိပါဘူးကွယ်”တဲ့။အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကိုဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့ဆုတွေအများကြီးပေးတယ်။ပြီးတော့အဖွားက ကျွန်တော်မပြန်ခင်ခုလိုမှာလိုက်ပါသေးတယ်။“သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။အဖွားမရေးတဲ့စာကြောင့် လူတွေကိုဒုက္ခမရောက်စေချင်ဘူး”ကျွန်တော် အဖွားဆီက ပြန်လာတော့တစ်လမ်းလုံး စဉ်းစားလာမိတယ်။ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ။
အရင်လူတွေကိုလည်း အဖွားဒီလိုပဲပြောခဲ့မှာသေချာတယ်။ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကိုကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလားဆိုတာကိုလည်း အသိတစ်ခုရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲလိုတာပါ။ဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှအတွေးစပြတ်သွားတယ်။သူက ကျွန်တော့်ကို အခုလိုမေးတယ်။“နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။ဒီလိပ်စာရှင်ရဲ့ဒေါ်လာ ၅၀ ကိုကျွန်တော်ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ”

(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲက
ကျွန်တော့်ရင်ထဲရောက်လာတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ…)

Unicode