Knowledge

သားသမီး အုပ်ချုပ်ပုံနဲ့ ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုး

ပရိတ်သတ်ကြီးရေ သားသမီး အုပ်ချုပ်ပုံနဲ့ ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုးကိုဖော်ပြပေးလိုက်ပါတယ်နော်။

(၁) တအားအော်ခြင်းစိတ်ဆိုးဒေါသထွက်တဲ့အခါမျိုး၊ ပြောချင်တဲ့ အဓိကအချက်ကို အာရုံစိုက်စေချင်လွန်းတာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ်ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကိုမပြေပျောက်စေပါဘူး။ ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပိုအာရုံစိုက်သွားမယ်လို့ ထင်မြင်တာကလည်း မှားပါတယ်။ သင်အော်ဟစ်နေတဲ့အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ်တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှသူ့ခေါင်းထဲမှာ အလုပ်မလုပ်နိုင်ပါဘူး။ သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင်ဆိုးသွားစေပါတယ်

။(၂)အခြေခံလိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်းသားသမီးတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငွေကြေးလိုပါတယ်။ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေးနိုင်တဲ့အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ် အကြောက်တရားသာရှိနေပြီး လေးစားမှုလျော့ကျနိုင်ပါတယ်။

(၃)ကတိမတည်ခြင်းအဖေဟာ သူတို့ အားကိုးထိုက်တဲ့လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည်ရပါမယ်။ သူတို့နဲ့ပတ်သက်ရင်ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောလို့မရပါဘူး။ သူတို့အတွက် သင်ဟာ မှန်းဆမရတဲ့သူ၊ တသတ်မတ်တည်း မရှိတဲ့လူမျိုးအဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။

(၄)ဇနီးကိုဆန့်ကျင်ခြင်းအပျော်သဘောမျိုးဆိုရင် ကိစ္စမရှိပါဘူး။

ဒါပေမဲ့ ကလေးတွေရဲ့ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာမျိုးတောင် မလုပ်သင့်ပါဘူး။ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါတယ်။ သူတို့ မှီခိုရသူတစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာအကြီးအကျယ်ဖြစ်စေပါတယ်။

(၅)အလိုလိုက်ခြင်းလိုချင်တယ်လို့ တစ်ချက်ပြောလိုက်တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေးတာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်း လိုချင်နေ ပါတယ်။ ပူဆာပါတယ်။ဒါပေမဲ့ သူတကယ် လိုချင်တာလား၊ တကယ်နှစ်သက် တာလားဆိုတာကို သင့်ဘက်က သိဖို့လိုပါတယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေးသင့်တာပါ။

(၆) နှိမ့်ချခြင်းကလေးရဲ့စိတ်ဟာ ပျော့ပြောင်းပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြောတာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှုလျော့ကျသွားပါတယ်။ ငါဟာ သူတို့ပြောသလိုလူပဲဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ်ပါတယ်။ ဘာကိုပဲတွေးတွေး ငါကဒီလိုလူဆိုတဲ့ အယူအဆပေါ်အခြေခံပြီး တွေးတောပါတော့တယ်။

