Knowledge

ဆင်းရဲလွန်းသော်လည်း လူ့အသက်နှစ်ထောင်ခန့်ကိုကယ်တင်လိုက်နိုင်တဲ့ သားအဖ

အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမားဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်အားဖြတ်ကူးစဉ် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး ရထားလမ်းပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည်။

ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်းမဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည် ၎င်းတို့၏အကျႍ များကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါသားအဖ၏သူရဲကောင်းဆန်သည့်လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီးတစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည်။ “သူတို့သားအဖသာ ရထားကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ။ ကျွန်တော်ဒါကို သိရတဲ့အခါ

သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူနံနက်စာစားခဲ့ပါတယ်” ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန်ကပြောကြားခဲ့သည်။ရထားပေါ်တွင်ခရီးသည်ဦးရေနှစ်ထောင်ခန့်ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့သားအဖသာရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ၊

ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွာသွားမည်မှာအမှန်ပင် ဖြစ်သည်။ ဆွာပန်တို့သားအဖအားဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည်။

ဆွာပန်နှင့်၎င်း၏မိသားစုမှာ အလွန်ပင်ဆင်းရဲသောကြောင့် အဖွဲ့အစည်းပေါင်းများစွာ ၊ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြသည့်အပြင် အနီးရှိဘူတာရုံတစ်ရုံအား သူ၏နာမည်နှင့်ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြားသိရပါသည်။

(လေးစားမှုဖြင့် ခရက်ဒစ်)

Unicode

ဆင်းရဲလွန်းသော်လည်း လူ့အသက်နှစ်ထောင်ခန့်ကိုကယ်တင်လိုက်နိုင်တဲ့ သားအဖ

အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမားဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်အားဖြတ်ကူးစဉ် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး ရထားလမ်းပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည်။

ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်းမဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည် ၎င်းတို့၏အကျႍ များကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါသားအဖ၏သူရဲကောင်းဆန်သည့်လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီးတစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည်။ “သူတို့သားအဖသာ ရထားကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ။ ကျွန်တော်ဒါကို သိရတဲ့အခါ

သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူနံနက်စာစားခဲ့ပါတယ်” ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန်ကပြောကြားခဲ့သည်။ရထားပေါ်တွင်ခရီးသည်ဦးရေနှစ်ထောင်ခန့်ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့သားအဖသာရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ၊ ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွာသွားမည်မှာအမှန်ပင် ဖြစ်သည်။ ဆွာပန်တို့သားအဖအားဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည်။