Knowledge

မနက်အိပ်ရာနိုးရင် သင်ပထမဆုံးလုပ်တတ်တဲ့ အပြုအမူကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

မနက်အိပ်ရာနိုးရင် သင်ပထမဆုံးလုပ်တတ်တဲ့ အပြုအမူကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

၁။ဘယ်အချိန်ရှိပြီလဲကြည့်တယ်

မနက်အိပ်ရာနှိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ နာရီကိုအပြေးလေး ကြည့်တဲ့လူတွေကတော့ ခေါင်းထဲမှာ အတွေးတွေ အများကြီးရှိနေတဲ့သူတွေပါတဲ့။ ပြောရရှ်ု လုပ်စရာတွေ အများကြီးရှိလို့ စိတ်ထဲမှာ စနစ်တကျ အချိန်ဇယားဆွဲထားတဲ့သူမျိုးတွေပေါ့။ သူတို့တွေဟာ နာရီနှိုးစက်မမြည်ခင် နိုးနေတတ်ပြီး အလုပ်လုပ်ဖို့ အမြဲတတ်ကြွနေတဲ့ အလုပ်ကြိုးစားသူတွေပါ။ ဒါ့အပြင် အချိန်တိကျပြီး အချိန်ကိုတန်ဖိုးထားတတ်တဲ့အတွက် သူတို့အချိန်တွေကို အကျိုးမရှိ ကုန်ဆုံးသွားရတာမျိုးကို မနှစ်သက်တတ်ပါဘူး။

၂။နှိုးစက်ပိတ်တယ်

နှိုးစက်ပိတ်ပြီး ပြန်အိပ်တတ်တဲ့သူတွေကလည်း ပုံမှန်အားဖြင့် အလုပ်ကြိုးစားတတ်တဲ့သူတွေပါပဲ။ ဒါပေမယ့် သူတို့တွေဟာ အမိန့်ပေးခံရတာမျိုးကို အလွန်မုန်းတီးကြပါတယ်။ ပြောရရင် ကိုယ့်စိတ်ထဲမှာ လုပ်စရာတွေကို စနစ်တကျလုပ်ဖို့ အစီအစဉ်ဆွဲထားပေမယ့်လည်း တခြားလူက အမိန့်ပေးလိုက်ရင် ရွဲ့ပြီးမလုပ်တော့တာမျိုးတွေပါ။ သူတို့တွေဟာ သူတို့အသိစိတ်ဓာတ်နဲ့ သူတို့စိတ်ပါမှလုပ်ရတာမျိုးကို ပိုပြီးနှစ်သက်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ ဖြေးဖြေးမှန်မှန်နဲ့ အဆုံးသတ်မှာ ပြီးပြည့်စုံတဲ့ရလဒ်တွေကို ဖန်တီးတတ်ကြပါတယ်။

၃။ချစ်တဲ့လူကိုလိုက်ရှာတယ်

မျက်လုံးနှစ်လုံးပွင့်လာတဲ့ မနက်ခင်းအစမှာ ကိုယ်ချစ်ခင်တဲ့လူကို လိုက်ရှာတတ်တယ်ဆိုရင် သူတစ်ပါးအပေါ် အရမ်းမှီခိုတတ်တဲ့သူတွေပါ။ အထူးသဖြင့် သူတို့တွေဟာ သူတို့ချစ်ရတဲ့လူတွေအပေါ် အရမ်းမှီခိုတတ်ပါတယ်။ သူတို့တွေရဲ့ မနက်ခင်းအစမှာ သူတို့ချစ်ရတဲ့လူကို မတွေ့ရရင် တစ်နေ့လုံးက အဓိပ္ပာယ်မဲ့နေသလို ခံစားနေရတတ်ပြီး စိတ်သွားတဲ့ကိုယ်မပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၄။နံရံကိုအကြာကြီး ကြည့်နေမိတယ်

မနက်နိုးလာလို့ မျက်လုံးနှစ်လုံးပွင့်လာရင် ဘာမှတန်းမလုပ်ပဲ နံရံကိုအချိန်အကြာကြီး စိုက်ကြည့်နေတဲ့သူတွေဟာ စိတ်ကူးယဉ်သမားတွေပါ။ သူတို့တွေဟာ သူတို့မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်မက်ခွင့်ရချင်ပြီး အိပ်မက်ကမ္ဘာလေးထဲမှာ ပျော်ရွှင်စွာနေချင်ကြပါတယ်။ သူတို့တွေမှာ အတွေးအခေါ်ကောင်းတွေရှိတဲ့အတွက် အတွေးအခေါ်နဲ့ဆက်စပ်ပြီး လုပ်ဆောင်ရတဲ့ကိစ္စတွေမှာ အောင်မြင်ကြပါတယ်။

၅။ပြန်အိပ်တယ်

နိုးလာပြီး ပြန်အိပ်သွားတဲ့သူတွေကတော့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို လုံးဝဂရုမစိုက်တဲ့သူတွေပါ။ အိပ်တဲ့အချိန်က သူတို့ကိုယ်ပိုင်အချိန်ဖြစ်ပြီး အိပ်နေရရင်ကို ပျော်နေတဲ့သူမျိုးတွေပေါ့။ ဒါ့အပြင် အိပ်စက်ခြင်းက သူတို့အတွက် အနားယူခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။ သူတို့တွေဟာ ကိုယ်အခုဖြတ်သန်းနေရတဲ့ ကိုယ့်ရဲ့လက်ရှိဘဝကို ကျေနပ်အားရပြီး သူတို့လုပ်ချင်တာကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီးလုပ်တတ်ပါတယ်။ ဘယ်သူကမှ သူတို့ကိုအမိန့်ပေးလို့ မရပါဘူး။

၆။ဆိုရှယ်မီဒီယာသုံးတယ်

နိုးလာတာနဲ့ အိပ်ရာကချက်ချင်း မထသေးပဲ အိပ်ရာထဲမှာ ဖုန်းလေးပွတ်နေတတ်တဲ့သူတွေကတော့ အရမ်းစပ်စုတဲ့သူတွေပါ။ သူတို့တွေဟာ သူတစ်ပါးရဲ့လူနေမှုတွေကို အရမ်းစိတ်ဝင်စားတတ်ပြီး တခြားသူတွေ ဘာလုပ်နေလဲဆိုတာ အမြဲသိချင်စိတ်တွေ ပြင်းပြနေတတ်ပါတယ်။ သူတစ်ပါးကို အရမ်းစပ်စုတတ်တဲ့အကျင့်က ကောင်းတဲ့အကျင့် မဟုတ်ပါဘူးနော်

၇။email စစ်တယ်

နိုးလာတာနဲ့ ဖုန်းယူပြီး အရေးကြီးတဲ့email တွေစစ်တဲ့သူတွေကတော့ သူတို့ကျင်လည်နေတဲ့ အသက်မွေးဝမ်းကျောင်းမှာ ခေါင်းဆောင် ဒါမှမဟုတ် အရေးကြီးတဲ့ရာထူးကို တာဝန်ယူထားရတဲ့သူတွေပါ။ သူတို့တွေဟာ အမြဲအလုပ်များနေတတ်ပြီး သူတို့အတွက် အချိန်တစ်စက္ကန့်လေးကတောင် အဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့အပြင် ထက်မြက်ပြီး အချိန်လေးစားတဲ့အပြင် အချိန်တိတိကျကျ လုပ်တတ်ပါတယ်။

၈။အိပ်ရာပေါ်က ချက်ချင်းထသွားတယ်

နိုးလာတာနဲ့ အိပ်ရာပေါ်က ချက်ချင်းထသွားတတ်တဲ့သူတွေဟာ အရမ်းတတ်ကြွတဲ့သူတွေပါ။ သူတို့တွေဟာ နေ့တစ်နေ့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ အရမ်းတတ်ကြွပြီး အသင့်ဖြစ်နေတတ်ကြပါတယ်။ သူတို့တွေရဲ့ မနက်ခင်းအစကို လေ့ကျင့်ခန်းလုပ်တာမျိုး ဒါမှမဟုတ် စိတ်ရောကိုယ်ပါ လန်းဆန်းတတ်ကြွစေမယ့် လုပ်ငန်းဆောင်တာ လုပ်တာမျိုးနဲ့ စတင်လေ့ရှိပါတယ်။

၉။အိပ်ရာသိမ်းတယ်

နိုးလာတာနဲ့ အိပ်ရာသိမ်းတဲ့သူတွေဟာ ဘယ်ကိစ္စကိုမဆို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်ဆောင်တွေးခေါ်တတ်တဲ့သူတွေပါ။ ဘယ်အရာကိုဆို သူ့လက်သူ့ခြေ ဖြစ်နေတာမျိုးကို သဘောကျတတ်ပြီး အချိန်တိုင်း အလုပ်တစ်ခုမဟုတ် တစ်ခုလုပ်နေတတ်ပါတယ်။

၁၀။ပြစ်တင်ဝေဖန်တယ်

နိုးလာတာနဲ့ မြင်သမျှအရာအားလုံး တွေးမိသမျှအရာအားလုံးကို ပြစ်တင်ဝေဖန်တဲ့သူတွေကတော့ အရိုးသားဆုံးလူတွေပဲ ဖြစ်ပါတယ်။ သူတို့ဒီလိုဖြစ်တာကလည်း အကြောင်းရှိပါတယ်။ အဲဒါကတော့ သူတို့တွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်မရပဲ နေ့သစ်တစ်နေ့ကို စတင်ရတာကြောင့်ပါ။ သူတို့တွေဟာ သင်နဲ့ပတ်သက်ပြီး သူတို့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေကို မကွယ်မဝှက်ပဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့အကျင့် ရှိပါတယ်။

CREDIT TO lotaya