Knowledge

သင့် နာဖူး ပုံစံလေးတွေက ပြောနေသော သင့်အကြောင်း

(၁) သင်က နှာဖူး ကျယ်နေတယ်ဆိုရင်

လူအများနဲ့ ပေါင်းသင်း ဆက်ဆံရတာကို နှစ်သက်တယ်။ ဉာဏ်ရည် ထက်မြက်ပြီး နားလည် မှု ရှိတယ် ဆိုတာ ကိုလည်း ဖော်ပြနေတယ်။ လူအများက သင့်ကို နှစ်သက်ကြတယ်။ အများ အားဖြင့် တော့ လူကြီး တွေပေါ့။

(၂) သင်က နာဖူး ကျဉ်းနေတယ် ဆိုရင်

တစ်ကိုယ်တည်း နေထိုင်ရတာကို ကြိုက်တယ်။ အရာရာတိုင်းမှာ သူများနဲ့ မတူတဲ့ ထင်မြင် ချက် တွေ ရှိတယ်။ သင့် ဘဝကို ကိုယ့်နည်း ကိုယ်ဟန်နဲ့ နေထိုင် ရတာကို ကြိုက်ပြီး သူများ တွေ လုပ်တဲ့ အရာ တွေ သင်လိုက် လုပ်လေ့မရှိဘူး။

(၃) သင့် နာဖူး က တစ်ပြေးတည်း ဖြောင့်တန်းနေတယ် ဆိုရင်

အလုပ်ကြိုးစားတဲ့ သူတစ်ယောက် ဖြစ်တယ်။ သင်က ကျရှုံးခြင်း ကို မနှစ်မြို့တာကြောင့် အောင်မြင် မှုရဖို့ အတွက် လည်း အမြဲ ကြိုးစား လေ့ရှိတယ်။

(၄) သင့် နှာဖူး က ခုံးခုံးလေးဆိုရင်

သင့်ခံစားချက်နဲ့ အခြေအနေ အချိန်အခါကို လိုက်ပြီး လုပ်ဆောင်တတ်တယ်။ သင်က ထက်မြက် ပြီး လူမှု ဆက်ဆံရေး လည်း ကောင်းတယ်။

(၅) သင့် နာဖူး က “က” ပုံလေး ဆိုရင်

စိတ်ကူးဉာဏ်ရွှင်ပြီး တမူထူးခြားတဲ့သူဖြစ်တယ်။ သင်က ဘာမှမဟုတ်တဲ့ ကိစ္စကိုတောင်မှ သူများ တွေ စိတ်ဝင် စားလာအောင် ပြောပြ တတ်တယ်။

(၆) သင့် နာဖူး က ဖူဂျီတောင် ပုံစံ ခုံးခုံးလေးဆိုရင်

ချစ်ခင်ကြင်နာ တတ်တယ်။ သင်က တစ်ခုခုဆိုရင် ကိုယ်တိုင် ဦးဆောင်လေ့ မရှိဘူး။ တစ် ယောက် ယောက်ကို ချစ်မိပြီ ဆိုရင်လည်း သင်ကပဲ အနစ်နာခံ တတ်တယ်။

(၇) သင့် နာဖူး က ချွန်နေတယ်ဆိုရင်

ခေါင်းမာတဲ့ သူတစ်ယောက်ဖြစ်တယ်။ တစ်ခါတစ်လေ ကျရင် သင့်စကားတွေ၊ သင့်လုပ် ဆောင်မှု တွေက လူတွေကို စိတ်ထိခိုက်စေတယ် ဆိုတာကို သင် သတိမထား တတ်သလို တစ်ကိုယ် ကောင်းဆန် တဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ သင်အမှား လုပ်ရင်တောင် အဲ့ဒါကို ဝန်မခံ တတ်ဘူး။

Credit : ဂန္တဝင်မဂ္ဂဇင်

Unicode