အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေရင် လုပ်သာ ကြည့်လိုက်ပါ…
ဆံံပင်တွေ ပြန်နက်ကုန်ပြီတဲ့ …။
ဆံဖြူသူတို့ ဆံကေသာပြန် မနက်တော့ဘူးဆိုရင် စိတ်တွေပဲ ထိုင်ညစ်မနေပါနဲ့ …။
နည်းလမ်းလေးတွေ ရှိပါတယ် …။
ပင်ကိုယ်ဗီဇ အနက်ရောင်ရှိတဲ့ နတ်သစ်ရွက်က ဦးဆောင် သွားမှာပါ …။
အဲ့ဒါက လက်ဖက်ခြောက်ပါပဲ။ လက်ဖက်ခြောက်ကို မီးနဲ့ ကျွတ်အောင်လှော်ပါ …။
နောက်တစ်ခုက သိပ်အရေးကြီးတဲ့ ကြိတ်မှန်ရွက် ကို သိဖို့လိုပါမယ် …။
ဆံပင်ပြန်နက်ဖို့ သူ့ရဲ့အကူအညီ ကလည်း လိုတာကိုး …။
ကြိတ်မှန်ရွက်က မသိလို့သာ ရှားတာပါ …။
အလေ့ကျ လမ်းဘေးမှာ ပေါက်တာပဲ …။
ကြိတ်မှန်ရွက်ကို နေရိပ်မှာလှန်း ခြောက်ရင် လက်ဖက်ခြောက် အလှော်မှုန့်(၃)ဆ ၊
ကြိတ်မှန်ရွက် အခြောက်မှုန့်(၁) ဆကို အုန်းဆီစစ်စစ်နဲ့ ရောဖျော်ပြီး နေတိုင်းလိမ်းပေးပါ …။
(မပျစ်မကျဲ အုန်းဆီစစ်စစ် နှင့်စပ်ပါရန်)
ဆံံပင်တွေပြန်နက်တာ ဟုတ်ပမလားတော့ မမေးနဲ့ …။
လက်ဖက်ခြောက် မှုန့်ရယ် ကြိတ်မှန်မှုန့်နဲ့ ရောစပ်ထားတဲ့
အုန်းဆီဆေးကိုက အမည်းရောင်လက်ကို စွဲတော့တာ …။
တစ်လနှစ်လ စွဲစွဲမြဲမြဲသာ လိမ်းကြည့်လိုက်ပါ …။
အဲ့ဒီဆေးခေါင်း လိမ်းဆီ သုံးနေချိန် အာလူး စားပေး ရပါတယ် …။
အာလူးကို သုပ်လိုက် ၊ ချက်လိုက် စားပေး ရပါတယ် …။
အဟာရ ကလည်း ကောင်း ၊ ဆေးကလည်း ကောင်းဆိုရင် ဆံပင်တွေ ပြန်နက်လာမှာ အသေအချာပါပဲ …။
လုပ်သာလုပ်ကြည့်လိုက်ပါ။ အံံ့သြဖွယ် ဆံပင်နက် ဆေး ဖြစ်ပါတယ် …။
အသက်အရွယ်နှင့် ဆိုင်မယ် ထင်ပါတယ် …။
အသက်အရွယ်ကြီးသူ တို့အတွက် တော့ ဆံပင်ပြန်ဖြူ နိုင်မယ် မထင်ပါဘူး …။
ဆေးဆရာကြီး ဘိုးတော်သိန်းပေးသော ဆေးနည်း ဖြစ်ပါတယ် …။
လူလောကဝယ် မည်းရာကြ ဖူသွားတတ်သလို
ဖြူရာကလည်း ပြန်ပြီးမည်းနက် တတ်သည်မှာ ဆံကေသာလည်း ပါဝင်နေပါတယ်နော် …။ ။
ရဲမျိုးသူ(ဗောဓိမြိုင်)
Unicode