Health

သွားပိုးစား ၊သွားကိုက်သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်းရေယုံ စတဲ့ရောဂါတွေအတွက် အစွမ်းထက်တဲ့ ဆေးအိုးပင်

ဆေးအိုးပင်အစွမ်း – နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခု ပုံပါ ဆေးအိုးပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ လျှာကင် ဆာ ၊ပါးစပ်အတွင်း အပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ် အတွင်း ရေယုံ စတဲ့ရောဂါဝေဒနာများအား

ဆေးဖိုးအကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါ သည်။အသုံးပြုပုံ – ပထမအဆင့်အနေနဲ့ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီး လျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။

ဒုတိယ အ ဆင့်မှာတော့ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံ ခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။ ၃ ရက်အတွင်း ထူးခြားစွာ သက်သာ ပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည်။

အပင်ပုံသဏ္ဍာန် – အရွက် ရှည် ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အ ဆင်း ရှိ၏ ရရှိနိုင်မည့်နေရာ လောလောဆယ်တော့ လည်းကူးမြို့နယ် ကျွန်းကုန်းတွင်ထူထပ်စွာပေါက်ရောက်နေပါသည်။

Unicode