ခန္ဓာကိုယ် ခုခံအား ကိုဖြစ်ထွန်းစေဖို့ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ရန်အတွက်…ကန်စွန်းရိုးနီ + ကန့်ကလာ ပြုတ်ရည်
ကန်ဇွန်းရိုးနီ အကျိုးအာနိသင်များ ခန္ဓာကိုယ် ခုခံအားကိုဖြစ်ထွန်းစေခြင်း။
ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။
သွေးသားကိုသန့်စင်စေခြင်းနှင့် မီးယပ်သွေးဆုံးဝေဒနာများကိုသက်သာပျောက်ကင်းစေခြင်း။
ဆီးပူခြင်းနှင့် ဆီးကျောက်တည်ခြင်းများကိုသက်သာပျောက်ကင်းစေခြင်း။
ခန္ဓာကိုယ်အတွက်လိုအပ်သော သံဓာတ်ကိုဖြည့်တင်းပေးခြင်း။
ကန့်ကလာ၏ အကျိုးအာနိသင်များ…
ဆီးချို/သွေးချို Level ကို ထိန်းညှိပေးခြင်း
သွေးတိုးခြင်းဝေဒနာကို သက်သာပျောက်ကင်းစေခြင်း။
အသံဝင်ခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းနှင့် သိုင်းရွိုက်ဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း။
ရင်ကြပ်ပန်းနာ ဝေဒနာများကိုသက်သာစေခြင်း။
လေဖြတ်လေငန်းကိုကာကွယ်ပေးခြင်း။
ခန္ဓာကိုယ် ပေါ့ပါးသွက်လက်စေခြင်းနှင့် ကိုယ်ခံအားကိုဖြစ်ထွန်းစေခြင်း။
သောက်ရလွယ်ကူစေရန်နှင့် စိမ့်ဝင်ပျံ့နှံ့မှုပိုမိုကောင်းမွန်စေရန်ထန်းလျက်အနည်းငယ်ထည့်ပြုတ်ပါရှင်။
ကမ်စွန်းရိုးနီကိုအရွက်များဖယ်ပြီးမှပြုတ်ပါ အရိုးကိုနူးအိသွားအောင်ပြုတ်ရတဲ့အခါ အရွက်များပြဲပြီး အလွယ်တကူပုပ်နံ့ထွက်စေပါတယ်ရှင်။
(သတိ/ကန့်ကလာနှင့် ဟင်းကလာမှားနိုင်ပါတယ်ရှင်)
ကမ္ဘာသူ/သား အားလုံး အစာဝ၊အနာကင်း၊ဘယာရှင်းပြီး ရောဂါ၏ဝေါဟာရခြိမ်းခြောက်မှုမှ ကင်းဝေးကြပါစေ..
Credit
Unicode
ခန္ဓာကိုယ် ခုခံအား ကိုဖြစ်ထွန်းစေဖို့ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ရန်အတွက်…
ကန်စွန်းရိုးနီ + ကန့်ကလာ ပြုတ်ရည်