Knowledge

သွားအခေါင်းပေါက် ဖြစ်တာ သွားကိုက်တာကို အပြီးတိုင် နှုတ်ဆက်နိုင်မယ့် နည်းလမ်းများ

သွားအခေါင်းပေါက် ဖြစ်တာ သွားကိုက်တာကို အပြီးတိုင် နှုတ်ဆက်နိုင်မယ့် နည်းလမ်းများ

သွားတွေဟာ ခန္ဓာကိုယ်မှာ အရေးပါဆုံးအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ဒါပေမယ့် သွားတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။
သွားကိုက်ဖူးသူတွေသာ သွားအကြောင်း ကောင်းကောင်းသိတာဖြစ်ပြီး သွားရဲ့ ဒုက္ခကို ခံစားဖူးတာဖြစ်ပါတယ်။သွားမှာ အခေါင်းပေါက်ဖြစ်နေသူတွေ ဖာလို့ မဆုံးတောာ့ပါဘူး။

ကိုက်တာကလည်း အလွန်ပါပဲ။ဒီတော့ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းကောင်းတွေ မျှဝေလိုက်ပါတယ်။
#1.သွားကျန်းမာရေးမကောင်းတာ အစားအသောက်ကြောင့်ဖြစ်ပါတယ်။အစားအသောက်ကို မဆင်ခြင်ခဲ့လို့ သွားတွေဟာ အချိုဓာတ်တင်ကျန်ပြီး ကြွေလွှာကို စားပစ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် အချိုဓာတ်လွန်ကဲတာ စားပြီးတိုင်း သွားတိုက်သင့်ပါတယ်။နို့တို့၊ဒိန်ခဲတို့ ဒိန်ချဉ်တို့က သွားကျန်းမာရေးကို ကောင်းမွန်စေလို့ ဒါတွေကို စားသုံးပေးသင့်ပါတယ်။
#2.များသောအားဖြင့် သွားအခေါင်းပေါက် အဖြစ်များသူတွေဟာ အချိုဆို မနေနိုင်ပါဘူး။စားချင်ပါတယ်။ဒီလို စားချင်ရင် သကြားပါဝင်မှု ပမာဏကို ထည့်တွက်သင့်ပါတယ်။
သဘာဝအချိုဟာ ပြဿနာမရှိပေမယ့် သကြားလုံးတို့ ဂျယ်လီတွေနဲ့ အချိုခဲတွေကတော့ ကောင်းကောင်း ဒုက္ခပေးတတ်ပါတယ်။
#3.သွားပွတ်တံဟာလည်း အရေးကြီးပါတယ်။သွားပွတ်တံကို 2 လ ဒါမှမဟုတ် 3 လ တကြိမ် လဲပေးသင့်ပါတယ်။ဒါမှ ဖွာမထွက်မှာဖြစ်ပြီး သွားကို ထိရောက်စွာ ပွတ်တိုက်နိုင်မှာဖြစ်ပါတယ်။

#4.သွားတဲ့ပတ်သက်တဲ့ အသုံးဆောင်လေးတွေ ဝယ်ထားပြီး အမြဲသုံးပေးပါ။ပါးစပ်သန့်ရှင်းရေးအတွက် ပါးလုပ်ကျင်းတဲ့ ဆေးအပြင် သွားအတွက် တကယ်ထိရောက်တဲ့ သွားတိုက်ဆေးမျိုးတွေ သုံးပေးသင့်ပါတယ်။
#5.သွားတွေ ဝါကျင်လာရင် ကျောက်တည်လာရင် သင်အထူးဂရုစိုက်ဖို့ လိုလာပါပြီ။သွားကို အမြဲသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
သွားတွေဟာ ပုံမှန်မဟုတ်ဘူးထင်ရင် သွားဆရာဝန်ဆီ ကြီုတင်သွားပါ။ဒါမှ သွားတွေအတွက် အချိန်မတိုင်ခင် ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
#6.အစာဟောင်းတွေ သွားကြားညှပ်နေရင် တံတွေးက တိုက်စားပေးပါတယ်။အက်ဆစ်ဓာတ်ပါတဲ့အတွက် အစာဟောင်းတွေကို တိုက်ဖျက်နိုင်ပါတယ်။ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။

တချို့အရာတွေက ချောင်တွေမှာ ကပ်နေရင် သူလဲ မတတ်နိုင်တဲ့အတွက် သွားပွတ်တံလိုတာဖြစ်ပါတယ်။အသီးအရွက်တွေကတော့ အသားထက် အထူးကောင်းမွန်တာဖြစ်ပါတယ်။
#7.အုန်းဆီဟာ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
သဘာဝပစ္စည်းဖြစ်တဲ့အတွက် သွားရဲ့ ကြွေလွှာတောက်ပြောင်ရေးအတွက် အထူးကောင်းမွန်သလို ခံတွင်းမှာ ဘက်တီးရီးယားပေါက်ဖွားမှုအတွက် ကောင်းမွန်စေတာဖြစ်ပါတယ်။

#8.အိမ်တွင်းဖြစ် သွားတိုက်ဆေးလေး လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။အိမ်တွင်းသွားတိုက်ဆေး ဖော်မယ်ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ၊အုန်းဆီ၊ကယ်ဆီယမ် အမှုန့်၊
ပင်လယ်ဆား၊နနွင်းတို့ကို ဆတူရောပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ။ပြီးရင် သွားတိုက်ဆေးလို ထည့်တိုက်နိုင်ပါပြီ။အင်မတန်ကောင်းမွန်ပြီး သွားကို အလွန်ခိုင်မာစေတာဖြစ်ပါတယ်။

Credit