Knowledge

လောကကြီးက လက်နှစ်ဖက်ထည့်ပေးလိုက်တာ လက်ဖြန့်တောင်းခံဖို့သက်သက်ပဲ မဟုတ်ဘူး ပြန်လဲ ပေးတတ်ဖို့ပါ

လောကကြီးက လက်နှစ်ဖက်ထည့်ပေးလိုက်တာ လက်ဖြန့်တောင်းခံဖို့သက်သက်ပဲ မဟုတ်ဘူး ပြန်လဲ ပေးတတ်ဖို့ပါ သူ့အလှည့် ကိုယ့်အလှည့်ဆိုတဲ့ သဘောတရားလေးပေါ့အခွင့်အရေးဆိုတာ ရတိုင်းယူလို့ကောင်းတဲ့အရာ မဟုတ်ဘူး အခွင့်အရေးယူပါများရင် နောင်သံသရာဆိုတာ ဝေးပါသေးတယ် ခုလက်ရှိမှာကို လူတိုင်းအမြင်ကပ်ကြတယ်ပေးတဲ့သူက ကြည်ဖြူလို့ပေးတာကို ဘေးကနေ မနာလိုဖြစ်နေတယ်တဲ့ မနာဖြစ်စရာ အကြောင်းကို မရှိတာပါ ပေးသူနဲ့ယူသူ သင့်မြတ်နေရင်ပြီးတာပါပဲမိဘတွေက ကိုယ့်ကို လူဖြစ်လာအောင် မွေးလဲ မွေးခဲ့ပြီးပြီ အရွယ်ရောက်လာအောင် ကျွေးလာကျွေးခဲ့ပြီးပြီ တစ်ဖက်လှည့်နဲ့ ပြန်ကြည့်ရင် ကိုယ်အများကြီးယူခဲ့ပြီးပြီထပ်ပြီး အမွေတွေ ယူဖို့ ကြံစဉ်တွေးတောနေရင်တော့ မွေးရကျိုးမနပ်တဲ့ သားသမီး ရတာနာတွေ ဖြစ်သွားမှာပေါ့မိဘနှစ်ပါးလုံးက သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို ပေးဆပ်ပြီး အများကြီးပေးခဲ့ပြီးလေ တစ်ဖန်ပြန်ပြီး ရယူဖို့မထိုက်တန်ဘူးလားမိဘကျေးဇူးဆိုတာ ဘုရားတောင် ဆပ်လို့ အကုန်မကျေခဲ့တာ ကိုယ်တွေလို သာမန်လူတွေ ဘယ်ဆပ်လို့ကျေပါ့မလဲ ဒါပေမယ့် ကျေသလောက်တော့ ဆပ်ကြရမှာပေါ့တစ်သက်လုံးယူခဲ့ပြီးပြီလေ ကိုယ်ပြန်ပေးနိုင်တဲ့အခါ မငြူစူပဲ ပြန်ပေးတတ်ပါစေအယူချည်းသက်သက်ရှိတဲ့လက်က ဘယ်တော့မှ မိတ်ကောင်းဆွေကောင်းမရတတ်ဘူး ပြီးတော့ ကျေးဇူးတရားဆိုတာကြီး ခေါင်းပေါ်ပိပြီးတစ်သက်လုံးခေါင်းငုံ့ခံနေရတတ်တာတွေလဲ အများကြီးပါ အဲ့ဒီအထဲမှာ မိဘကျေးဇူးတော့ မပါဘူးပေါ့အမြဲ ဘုရားမှာဆုတောင်းဖြစ်တယ် ပေးသောလက်သာ ဖြစ်ရပါလို၏လို့ ကိုယ်ပေးနိုင်တဲ့အရာတွေရှိလာတဲ့အခါ ဘာကိုမှ မမျှော်ကိုးပဲ ပေးတတ်ကမ်းတတ်ပါစေကိုယ့်အတွက် တန်ဖိုးမရှိတဲ့အရာတွေတခြားသူတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တယ် တချို့ဆို ဘဝတွေ ပေးဆပ်တဲ့အထိ အသက်တွေပေးဆပ်တဲ့အထိပေါ့ပေးနိုင်တာတွေရှိလာတဲ့အခါ တစ်နေ့ကျရင် သူလဲ ပြန်သိတတ်ပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ မပေးနဲ့ စေတနာသန့်သန့်နဲ့သာ ပေးပါဘဝမှာ အယူချည်းသက်သက်သာ ပိုင်တဲ့လက် မဖြစ်စေနဲ့ ပြန်လည်ပေးတတ်တဲ့ လက်တစ်စုံဖြစ်ပါစေ ။CreditUnicodeလောကကြီးက လက်နှစ်ဖက်ထည့်ပေးလိုက်တာ လက်ဖြန့်တောင်းခံဖို့သက်သက်ပဲ မဟုတ်ဘူး ပြန်လဲ ပေးတတ်ဖို့ပါ သူ့အလှည့် ကိုယ့်အလှည့်ဆိုတဲ့ သဘောတရားလေးပေါ့အခွင့်အရေးဆိုတာ ရတိုင်းယူလို့ကောင်းတဲ့အရာ မဟုတ်ဘူး အခွင့်အရေးယူပါများရင် နောင်သံသရာဆိုတာ ဝေးပါသေးတယ် ခုလက်ရှိမှာကို လူတိုင်းအမြင်ကပ်ကြတယ်ပေးတဲ့သူက ကြည်ဖြူလို့ပေးတာကို ဘေးကနေ မနာလိုဖြစ်နေတယ်တဲ့ မနာဖြစ်စရာ အကြောင်းကို မရှိတာပါ ပေးသူနဲ့ယူသူ သင့်မြတ်နေရင်ပြီးတာပါပဲမိဘတွေက ကိုယ့်ကို လူဖြစ်လာအောင် မွေးလဲ မွေးခဲ့ပြီးပြီ အရွယ်ရောက်လာအောင် ကျွေးလာကျွေးခဲ့ပြီးပြီ တစ်ဖက်လှည့်နဲ့ ပြန်ကြည့်ရင် ကိုယ်အများကြီးယူခဲ့ပြီးပြီထပ်ပြီး အမွေတွေ ယူဖို့ ကြံစဉ်တွေးတောနေရင်တော့ မွေးရကျိုးမနပ်တဲ့ သားသမီး ရတာနာတွေ ဖြစ်သွားမှာပေါ့မိဘနှစ်ပါးလုံးက သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို ပေးဆပ်ပြီး အများကြီးပေးခဲ့ပြီးလေ တစ်ဖန်ပြန်ပြီး ရယူဖို့မထိုက်တန်ဘူးလားမိဘကျေးဇူးဆိုတာ ဘုရားတောင် ဆပ်လို့ အကုန်မကျေခဲ့တာ ကိုယ်တွေလို သာမန်လူတွေ ဘယ်ဆပ်လို့ကျေပါ့မလဲ ဒါပေမယ့် ကျေသလောက်တော့ ဆပ်ကြရမှာပေါ့တစ်သက်လုံးယူခဲ့ပြီးပြီလေ ကိုယ်ပြန်ပေးနိုင်တဲ့အခါ မငြူစူပဲ ပြန်ပေးတတ်ပါစေအယူချည်းသက်သက်ရှိတဲ့လက်က ဘယ်တော့မှ မိတ်ကောင်းဆွေကောင်းမရတတ်ဘူး ပြီးတော့ ကျေးဇူးတရားဆိုတာကြီး ခေါင်းပေါ်ပိပြီးတစ်သက်လုံးခေါင်းငုံ့ခံနေရတတ်တာတွေလဲ အများကြီးပါ အဲ့ဒီအထဲမှာ မိဘကျေးဇူးတော့ မပါဘူးပေါ့အမြဲ ဘုရားမှာဆုတောင်းဖြစ်တယ် ပေးသောလက်သာ ဖြစ်ရပါလို၏လို့ ကိုယ်ပေးနိုင်တဲ့အရာတွေရှိလာတဲ့အခါ ဘာကိုမှ မမျှော်ကိုးပဲ ပေးတတ်ကမ်းတတ်ပါစေကိုယ့်အတွက် တန်ဖိုးမရှိတဲ့အရာတွေတခြားသူတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တယ် တချို့ဆို ဘဝတွေ ပေးဆပ်တဲ့အထိ အသက်တွေပေးဆပ်တဲ့အထိပေါ့ပေးနိုင်တာတွေရှိလာတဲ့အခါ တစ်နေ့ကျရင် သူလဲ ပြန်သိတတ်ပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ မပေးနဲ့ စေတနာသန့်သန့်နဲ့သာ ပေးပါဘဝမှာ အယူချည်းသက်သက်သာ ပိုင်တဲ့လက် မဖြစ်စေနဲ့ ပြန်လည်ပေးတတ်တဲ့ လက်တစ်စုံဖြစ်ပါစေ ။Credit