Knowledge

ခံတွင်းရှိ အပူကန်၊နာတာတွေကို သိသိသာသာ သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းများ

ခန္ဓာကိုယ်အတွင်းရှိ အပူဓာတ်များတဲ့သူတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ခံတွင်းထဲမှာ အပူကန်နာတွေပေါက်ခြင်းဟာ အစာစားတဲ့ အခါမျိုးတွေမှာလည်း နာကျင်မှု ဝေဒနာကို ခံစားရလေ့ ရှိပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ ခံတွင်းထဲက အပူကန်နာတာတွေကို အချိန်တိုအတွင်း သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းတွေကို မိုမိုလေး စာဖတ်ပရိသတ်ကြီးအတွက် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၆။ ဆားနဲ့ ရေခပ်နွေးနွေးကို ရောစပ်ပြီးတော့ ပလုတ်ကျင်းပေးခြင်းကလည်း အနည်းငယ် စပ်ဖျဉ်းဖျဉ်း နိုင်ပေမယ့် အပူကန်နာတာတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

၅။ ရှားစောင်းလက်ပတ်ဟာ ခံတွင်းမှာ ဖြစ်တဲ့ အပူကန်နာတာတွေအပြင် လည်ချောင်းနာတာနဲ့ သွားဖုံးရောင်တာတွေကိုပါ ပျောက်ကင်းစေနိုင်တာကြောင့် အပူကန်နာပေါ်ကို ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ် သုတ်လိမ်းပေးခြင်းကလည်း သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

၎။ တရုတ်နံနံပင်မှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် တရုတ်နံနံပင်ကို ဝါးစားပေးခြင်းအားဖြင့်လည်း ခံတွင်းထဲက အပူကန်နာတာတွေကို ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

၃။ အပူကန်နာဖြစ်နေတဲ့ နေရာကို ရေခဲကပ်ပေးခြင်းကလည်း နာကျင်မှုကို သက်သာစေနိုင်သလို ရောင်ရမ်းမှုကိုလည်း လျော့ပါးစေတာကြောင့် အနာကျက်မြန်စေပါတယ်။

၂။ ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပြီးတော့ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် အပူကန်နာ ဖြစ်ပေါ်နေတဲ့ နေရာကို ပျားရည် သုတ်လိမ်း ပေးခြင်းအားဖြင့်လည်း ပျောက်ကင်းစေနိုင်ပါတယ်။

၁။ အုန်းနို့ရည်ဟာ ခံတွင်းမှာဖြစ်တဲ့ အပူကန်နာတာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးနည်းပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်နဲ့ မကြာခဏ ပလုပ်ကျင်းပေးခြင်းအားဖြင့် အပူကန်နာတာတွေကို ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

Credit

Unicode

ခံတွင်းရှိ အပူကန်၊နာတာတွေကို သိသိသာသာ သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းများ.