Knowledge

ရုရှားနိုင်ငံမှာ တည်ထားတဲ့ ရွှေစည်းခုံစေတီတော်ဘေးတွင် ထားရန် ကြေးဆင်းတုတော်ကြီး သယ်ယူခဲ့တဲ့ ပုံရိပ်များ

ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး ကာလုဂါ၊ အတနာမီ – ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်နေရာတွင်

တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များနှင့် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ၊ ဗုဒ္ဓစင်တာ မော်စကိုတွင် တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များ ရောက်ရှိသည့်အတွက်

ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာအရှင်အစ္ဆရိယ ဦးဆောင်၍ မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် ရုရှားနိုင်ငံရောက် ပညာတော်သင် တပည့် ဒါယကာများမှ သွားရောက်ပင့်ဆောင်ခဲ့ပါသည်။

ရွှေစည်းခုံစေတီတော်ကြီးဘေးကွက်လပ်နေရာတွင်၁။ စေတီတော်ကြီး၏ မျက်နှာစာ တွင် ဉာဏ်တော် ၁၈ပေ အမြင့်ရှိ စင်္ကြန်လျှောက်နေတော်မူဟန် ကြေးဆင်းတုတော်ကြီး တစ်ဆူကို အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

၂။ စေတီတော်ကြီး၏ ဘေးဘက်တွင် ဉာဏ်တော် ၁၃ပေ ၆လက်မအမြင့်ရှိ ခြေဆင်းထိုင်တော်မူဟန် ကြေးဆင်းတုတော်ကြီးကို ဘေးတစ်ဘက်တစ်ချက်စီတွင် ဉာဏ်တော် ၉ပေအမြင့်ရှိ ရပ်တော်မူ ကြေးဆင်းတုတော် ၂ဆူ ခြံရံလျှက် အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။အထက်ဖေါ်ပြပါ ဗုဒ္ဓဆင်းတုတော် လေးဆူသည် ၂၈-၅-၂၀၂၀ ရက်နေ့ ညနေ ၁၆:၀၀ နာရီခန့် တွင် အနာတမီ – ကမ္ဘာ့ယဉ်ကျေးမှု ငြိမ်းချမ်းရေးပန်းခြံသို့လည်းကောင်း၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာတွင် သီတင်းသုံးတော်မူမည့် ဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တို့သည်
ည ၁၁:၄၅ နာရီခန့်တွင်လည်းကောင်း အဆင်ပြေ ချောမွေ့စွာဖြင့် ရောက်ရှိပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ရုရှားနိုင်ငံတွင် ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် အကြိမ်ကြိမ်ကြွရောက်ပြီး ကြိုးပမ်းတော်မူခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ယဉ်ကျေးမှုရွာတွင် နေရာသတ်မှတ်ပြီး ပုံစံများထုတ်ခြင်း၊ မြန်မာ၊ ရုရှားပညာရှင်များ-အင်ဂျင်နီယာများနှင့်အတူ ထပ်မံအချောသပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။နေရာသတ်မှတ်ပြီးနောက် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ ရတနာအုဌ်မြစ်စီ အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော်များနှင့် ပြည်ပသာသနာပြု ဆရာတော်များ ပင့်ဖိတ်ဆောင်ရွက်တော်မူခဲ့ပါသည်။ရုရှားနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်း မော်ကွန်းသစ်တင်မည့် မြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် တည်ဆောက်နေသည့် ရွှေစည်းခုံ (ပုံတူ) စေတီတော်၏ ပင်မအလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပါသည်။ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်တွင် တည်ထားပူဇော်သည့် ဆင်းတုတော် လေးဆူမှာ မန္တလေးမြို့မှ ကျောင်းဒကာ ကျောင်းအစ်မများ၏ ပေါင်းစုသည့် ကောင်းမှုကုသိုလ်ဖြစ်ပါသည်။ဂန္ဓကုဋီတိုက်အတွင်း ပူဇော်ထားရှိမည့် ၂၇ လက်မ ကြေးသွန်းဆင်းတုတော်-၃၀ ဆူမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့၏ ပေါင်းစုသည့် ကောင်းမှုဖြစ်ပါသည်။သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ၊ ရွှေစည်းခုံ (ပုံတူ) စေတီတော်၊ ဗုဒ္ဓသာသနိက အဆောက်အဦနှင့် ရုရှားနိုင်ငံ သာသနာပြုနိုင်ရန်အတွက် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်းပေးကြသည့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Photo – Khant Ko Zan

Unicodeရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး ကာလုဂါ၊ အတနာမီ – ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်နေရာတွင် တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များနှင့် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ၊ ဗုဒ္ဓစင်တာ မော်စကိုတွင် တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များ ရောက်ရှိသည့်အတွက် ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာအရှင်အစ္ဆရိယ ဦးဆောင်၍ မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် ရုရှားနိုင်ငံရောက် ပညာတော်သင် တပည့် ဒါယကာများမှ သွားရောက်ပင့်ဆောင်ခဲ့ပါသည်။

ရွှေစည်းခုံစေတီတော်ကြီးဘေးကွက်လပ်နေရာတွင်၁။ စေတီတော်ကြီး၏ မျက်နှာစာ တွင် ဉာဏ်တော် ၁၈ပေ အမြင့်ရှိ စင်္ကြန်လျှောက်နေတော်မူဟန် ကြေးဆင်းတုတော်ကြီး တစ်ဆူကို အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

၂။ စေတီတော်ကြီး၏ ဘေးဘက်တွင် ဉာဏ်တော် ၁၃ပေ ၆လက်မအမြင့်ရှိ ခြေဆင်းထိုင်တော်မူဟန် ကြေးဆင်းတုတော်ကြီးကို ဘေးတစ်ဘက်တစ်ချက်စီတွင် ဉာဏ်တော် ၉ပေအမြင့်ရှိ ရပ်တော်မူ ကြေးဆင်းတုတော် ၂ဆူ ခြံရံလျှက် အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။အထက်ဖေါ်ပြပါ ဗုဒ္ဓဆင်းတုတော် လေးဆူသည် ၂၈-၅-၂၀၂၀ ရက်နေ့ ညနေ ၁၆:၀၀ နာရီခန့် တွင် အနာတမီ – ကမ္ဘာ့ယဉ်ကျေးမှု ငြိမ်းချမ်းရေးပန်းခြံသို့လည်းကောင်း၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာတွင် သီတင်းသုံးတော်မူမည့် ဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တို့သည်
ည ၁၁:၄၅ နာရီခန့်တွင်လည်းကောင်း အဆင်ပြေ ချောမွေ့စွာဖြင့် ရောက်ရှိပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ရုရှားနိုင်ငံတွင် ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် အကြိမ်ကြိမ်ကြွရောက်ပြီး ကြိုးပမ်းတော်မူခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ယဉ်ကျေးမှုရွာတွင် နေရာသတ်မှတ်ပြီး ပုံစံများထုတ်ခြင်း၊ မြန်မာ၊ ရုရှားပညာရှင်များ-အင်ဂျင်နီယာများနှင့်အတူ ထပ်မံအချောသပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။နေရာသတ်မှတ်ပြီးနောက် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ ရတနာအုဌ်မြစ်စီ အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော်များနှင့် ပြည်ပသာသနာပြု ဆရာ

တော်များ ပင့်ဖိတ်ဆောင်ရွက်တော်မူခဲ့ပါသည်။ရုရှားနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်း မော်ကွန်းသစ်တင်မည့် မြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် တည်ဆောက်နေသည့် ရွှေစည်းခုံ (ပုံတူ) စေတီတော်၏ ပင်မအလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပါသည်။ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်တွင် တည်ထားပူဇော်သည့် ဆင်းတုတော် လေးဆူမှာ မန္တလေးမြို့မှ ကျောင်းဒကာ ကျောင်းအစ်မများ၏ ပေါင်းစုသည့် ကောင်းမှုကုသိုလ်ဖြစ်ပါသည်။ဂန္ဓကုဋီတိုက်အတွင်း ပူဇော်ထားရှိမည့် ၂၇ လက်မ ကြေးသွန်းဆင်းတုတော်-၃၀ ဆူမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့၏ ပေါင်းစုသည့် ကောင်းမှုဖြစ်ပါသည်။

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ၊ ရွှေစည်းခုံ (ပုံတူ) စေတီတော်၊ ဗုဒ္ဓသာသနိက အဆောက်အဦနှင့် ရုရှားနိုင်ငံ သာသနာပြုနိုင်ရန်အတွက် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်းပေးကြသည့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Photo – Khant Ko Zan