Local News

“လူနာတွေကို ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ

လူနာတွေကို ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ သမိုင်းမှာ တကယ်ရှိခဲ့ပါတယ် သူ့နာမည်က တော့ Richard Axel ပါ။ သူက ဆေးကျောင်း တစ်လျှောက်လုံးမှာ ပုံမှန် မဟုတ်တဲ့ နှလုံးခုန်သံ murmur လည်း တစ်ခါမှ နားမထောင်တတ်သလို မျက်ကြည်လွှာကို လည်း မကြည့်တတ်ခဲ့ပါဘူး။

သူ့မျက်မှန်ဟာ လူနာ ဗိုက်ထဲ ပြုတ်ကျ ဖူးသလို ခွဲနေတဲ့ ခွဲစိတ်ဆရာဝန်ရဲ့ လက်ကို လူနာ ကိုယ်ပေါ်မှာ တွဲပြီး ချုပ်မိတဲ့ အထိ အခြေအနေ ဆိုးသူပါ။ နောက်ဆုံး သူ့ဆရာတွေက သူ လူနာတွေကို ဆေးမကုပါဘူး ဘူးဆိုပြီး ကတိပေးမှ သူ့ကို ဆေးပညာဘွဲ့ ပေးခဲ့ပါတယ်။လူနာအရှင်ကို မကုရတဲ့ နောက်မှာ လူနာ အသေတွေကို ကြည့်ရတဲ့ pathology ဌာန မှာ အလုပ်သင်ဆင်းပါတယ်။ ဆင်းပြီး တစ်နှစ်အကြာမှာတော့ သူ့ဆရာက မင်း လူအသေတွေ နဲ့လည်း အလုပ်လုပ်လို့ မရဘူး ဆိုပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့် သူဟာ cell တွေထဲကို DNA transfer လုပ်တဲ့ နည်းကို ပူးတွဲတွေ့ရှိခဲ့သလို HIV နဲ့ CD4 ဟာ ဆက်ဆက်နေတယ်ဆိုတာရယ်ကို ပထမဆုံးသက်သေပြနိုင်ခဲ့ပါတယ်။ အနံ့အာရုံကို လက်ခံတဲ့ Olfactory receptor mechanism တွေကို ရှာဖွေ နိုင်ခဲ့တဲ့ အတွက် သူဟာ ၂၀၀၄ ခုနှစ်မှာ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ကို ရရှိခဲ့ပါတယ်။(ဆရာဝန် လုပ်ဖို့ လုံး၀ ကို ပါရမီ မပါတဲ့ လူက ဆေးပညာရဲ့ အမြင့်ဆုံးဆုတွေထဲက တစ်ခု ဖြစ်တဲ့ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ရတယ် ဆိုတဲ့ သတင်းကို သူ့ဆရာတွေသာ ကြားရင် ဘယ်လိုများ နေမလဲ မသိ )

Unicode