Uncategorized

အရွယ်မရောက်သေးသည့် သမီးဖြစ်သူ မြန်မာအမျိုးသမီးအားသွေးဆောင်၍ အဓမ္မပေါင်းသင်းသည့်တရုတ်နိုင်ငံသားအား အမှုဖွင့်လှစ်

အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား သွေးဆောင်ဖြားယောင်း အဓမ္မပေါင်းသင်းသည့် တရုတ်နိုင်ငံသားအား အမှုဖွင့်လှစ်အရေးယူမှု တစ်ခု မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ချိုမာ တစ်ယောက်ဇူလိုင်လ (၁၃)ရက် နေ့က အိမ်မှာရှိနေစဉ် သမီးစ်ြသူမရွှေယမင်း(၁၆)နှစ်က သူမတွေ့ကြုံခဲ့ရတာတွေ မိခင်ဖြစ် သူကိုပြောပြတိုင်ကြားခဲ့တာပါ။

“ဇွန်လ(၂၈)ရက်နေ့က မြဝတီ-မဲ့ထော်သလေး ကားလမ်းမှာရှိတဲ့ ကာစိနိုရုံ(၁)ခုမှ သမီးဖြစ်သူဟာ အလုပ်သွားလျှောက် ခဲ့ပြီး အဲသည်နေ့ ညနေ(၀၅:၀၀)နာရီမှာဘဲ “ဘောက်တီ” ကာစီနိုရုံမှာရှိနေတဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung မှ ထိမ်းမြားလက်ထပ်မည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့ ၊

အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမပေါ်မှာရှိတဲ့ “သုခဝတီ”ဟိုတယ်ကိုခေါ်ဆောင်ပြီး ဇူလိုင်လ(၉)ရက်နေ့ထိ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး အဲသည်ကမှတစ်ဆင့် “ဘောက်တီ”ကာစီနိုရုံမှာလည်း လင်မယားအဖြစ်ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တယ်လို့”သမီးဖြစ်သူ မရွှေယမင်းက မိခင်ဖြစ် သူကိုပြောပြခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ ပြောပြချက်တွေသိရတဲ့အချိန် ဒေါ်ချိုမာ
တစ်ယောက် မြဝတီမြို့မရဲစခန်းကိုသွားရောက်ပြီး အသက်မပြည့်သေးတဲ့သမီးဖြစ်သူကို သွေးဆောင်ဖြားယောင်းပေါင်းသင်းတဲ့ ကိုတရုတ်ကိုအမှုဖွင့်လှစ်ခဲ့တာမို့ မြဝတီမြို့မရဲစခန်း ၏ (ပ)၄၄၁/၂၀၂၀၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၆၃/၃၆၆ဖြင့်ဖွင့်လှစ်ပြီး Mr Luo Xiaogaung ကို ဖမ်းဆီးအရေးယူ ထားပါတယ်။

မြဝတီမြို့မှာရှိနေတဲ့ ကာစီနိုရုံဝန်ထမ်းတွေရဲ့(၈၀)%ဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဆိုပါလုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်နေတဲ့ ဖိုးလပြည့်ကပြောပါတယ်။

မြတ်ကို-ဒေါနမြေ

Unicode

အရွယ်မရောက်သေးသည့် သမီးဖြစ်သူ မြန်မာအမျိုးသမီးအားသွေးဆောင်၍ အဓမ္မပေါင်းသင်းသည့်တရုတ်နိုင်ငံသားအား အမှုဖွင့်လှစ်

.
အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား သွေးဆောင်ဖြားယောင်း အဓမ္မပေါင်းသင်းသည့် တရုတ်နိုင်ငံသားအား အမှုဖွင့်လှစ်အရေးယူမှု တစ်ခု မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ချိုမာ တစ်ယောက်ဇူလိုင်လ (၁၃)ရက် နေ့က အိမ်မှာရှိနေစဉ် သမီးစ်ြသူမရွှေယမင်း(၁၆)နှစ်က သူမတွေ့ကြုံခဲ့ရတာတွေ မိခင်ဖြစ် သူကိုပြောပြတိုင်ကြားခဲ့တာပါ။

“ဇွန်လ(၂၈)ရက်နေ့က မြဝတီ-မဲ့ထော်သလေး ကားလမ်းမှာရှိတဲ့ ကာစိနိုရုံ(၁)ခုမှ သမီးဖြစ်သူဟာ အလုပ်သွားလျှောက် ခဲ့ပြီး အဲသည်နေ့ ညနေ(၀၅:၀၀)နာရီမှာဘဲ “ဘောက်တီ” ကာစီနိုရုံမှာရှိနေတဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung မှ ထိမ်းမြားလက်ထပ်မည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမပေါ်မှာရှိတဲ့ “သုခဝတီ”ဟိုတယ်ကိုခေါ်ဆောင်ပြီး ဇူလိုင်လ(၉)ရက်နေ့ထိ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး အဲသည်ကမှတစ်ဆင့် “ဘောက်တီ”ကာစီနိုရုံမှာလည်း လင်မယားအဖြစ်ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တယ်လို့”သမီးဖြစ်သူ မရွှေယမင်းက မိခင်ဖြစ် သူကိုပြောပြခဲ့ပါတယ်။