Local News

မရှိဆင်းရဲတဲ့သူတွေ အလွယ်တကူယူစားလို့ရအောင် အိမ်ရှေ့သစ်ပင်မှာ ထမင်းဟင်းထုတ်တွေ ချိတ်ထားဖြစ်တယ်.. ခဏကြာတော့ လူတစ်ယောက် လာယူတယ်…

ယနေ့ ထမင်းက ၂ထုပ် ဟင်းက ၄ထုပ် အိမ်ရှေ့တရုတ်စကားဝါပင်လေးမှာ မရှိဆ.င်းရ.ဲတဲ့သူ ဗိုက်ဆာတဲ့သူများ အလွယ်တကူနဲ့ ယူစားလို့ရအောင်ချိတ်ထားဖြစ်တယ်ဗျ။ ရှမ်းပြည်နယ်လေးရဲ့ချစ်စရာ့ဓလေ့ရိုးရာလေးဆိုလည်းမမှားဘူးပေါ့ဗျာ။ ကျွန်တော်က

သူတို့လာယူစားတာလေးကိုမြင်ချင်တယ် ပြီးတော့ ပိုပြီး ဝမ်းမြှောက်ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ။ ချိတ်ထားပြီးသိပ်မကြာခင်လေးမှာပဲ လူတစ်ယောက်ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေလာယူတယ်ဗျ အဲ့မှာ ကျွန်တော်က ထမင်းထုပ်လာယူတဲ့အစ်ကိုကြီးကို

လှမ်းပြောလိုက်တယ်။ အကုန်ယူသွားပါလို့ ပြောလည်းပြောလိုက်ရော သူကကျွန်တော့်ကိုဘာပြန်ပြောတယ်ထင်လဲ ရပါတယ်ဗျာ အစ်ကိုတစ်ယာက်စာလေးပဲယူသွားပါ့မယ်တဲ့ အကုန်လုံးယူမသွားချင်ပါဘူးတဲ့ အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ

လာယူစားလို့ရအောင်လို့တဲ့ သူစားဖို့ ထမင်းတစ်ထုပ်နဲ့ဟင်းတစ်ထုပ်လေးပဲယူသွားလေရဲ့ဗျာ ကောင်းလိုက်စိတ်ဓာတ်လေး မွန်မြတ်လိုက်တဲ့စိတ်ထားကောင်းလိုက်တဲ့ကိုယ်ချင်းစာစိတ် ကြားရတာပီတိဖြစ်လိုက်တာဆိုတာပြောမနေပါနဲ့တော့ အဲ့မှာကျွန်တော့်အတွေးထဲ

ရောက်လာတာကတော့ မြန်မာနိုင်ငံက လူကြီးတော်တော်များများပေါ့လေ သူ့လိုကိုယ်ချင်းစာစိတ်လေးရှိကြရင် သိပ်ကောင်းမှာပဲလို့ ရှမ်းပြည်မှာအိမ်တိုင်းနည်းပါးပဲ ဒီအတိုင်းလေးတွေချည်းပဲ ကိုယ်စားလို့မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှာ

ကြွပ်ကြွပ်အိတ်လေးတွေထဲထည့်ပြီး ချိတ်ဆွဲထားတတ်ကြလေရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက်ကျွန်တော့်ကိုပြောတာ။ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှမငတ်ဘူးတဲ့လေ။ ၁၀ -၄ -၂၀၂၀ သောကြာနေ့။ မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Unicode