Knowledge

မျက်မမြင်သမီးအတွက် အသက် ၈၀ နဲ့ လောကဓံကိုရင်ဆိုင်နေရတဲ့ အဖွား

မျက်မမြင်သမီးအတွက် အသက် ၈၀ နဲ့ လောကဓံကိုရင်ဆိုင်နေရတဲ့ အဖွား

လောကဓံတရားက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အတိုင်းပဲ အသက် ၈၀ ရှိနေပေမယ့် မျက်မမြင်သမီးလေးအတွက် လောကဓံကို အံတုရင်း လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွား တစ်ယောက် ရှိပါတယ်။

ဒီအဖွားကတော့ ရွှေဈေးကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူး။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိပါတယ်။ ဒီလို မတ်လရဲ့ နွေပူပူမှာ အသက် ၈၀ အရွယ်နဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးနော်။

ဒါကို သိတဲ့ စေတနာရှင်တစ်ချို့ကတော့ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ စတာတွေအပြင် အားဖြည့်စာများ ငွေသားများကို သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

တကယ်လို့ ပရိသတ်တွေထဲမှာ နွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း သွားရောက်ကူညီနိုင်အောင် လို့ အဖွားနေရပ်လေးပါ ဖော်ပြပေးလိုက်ပါတယ်။

အဖွားက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၉) ဘူတာဖက်မှာနေပါတယ်။

လမ်းကြုံလို့ပဲ ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ်သွားရောက် ကူညီပေးနိုင်ပါတယ်။

ကယ်လို့ ကိုယ်ဟာလည်း လက်လုပ်လက်စားမို့ မကူညီနိုင်ရင်တောင် ဒီအကြောင်းလေးကို မျှဝေပေးလိုက်ပြီး လူအများကို သိစေတာဟာလည်း ကုသိုလ်တစ်မျိုးပါပဲနော်။

အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းသာယာကြပါစေ