Knowledge

ရေခန်းနေလို့ “ဘုရားနဲ့ သံဃာတော် အတွက်ပါ” လို့း မြေဖုတ်ဘီလူးကို တိုင်တည်ပြီး ရေတူးပြတဲ့ ဆရာတော်

ခရမ်း သုံးခွမြို့နယ်များအတွင်း နွေရာသီရေကန်များခနိးခြောက်ပျက်စီးလာသဖြင့် ဦးထွန်းထွန်းဦး(ရှင်သန်)အဖွဲ့ မှ နာယက ဘုန်းဘုန်းကြီးကို လျှောက်ထားသဖြင့် လှူဒါန်းထားသောရေကန်တူးဖော်ပြုပြင်ရေးလုပ်ငန်းများ

ဆောင်ရွက်နေသောပင်လယ်နှင့် ၃ဖာလုံသာဝေးသည့်ဘိုကလေးကျေးရွာရေကန်သို့ ကြွရောက်တော်မူယခုရေကန်အကျယ်မှ

၂ဧကနီးပါးဖြစ်ပြီး ရေကန်မှ ထွက်သော မြေများ ကို မြေသယ်ကားများဖြင့် လမ်းခင်းခြင်း

ကျောင်းမြေဖို့ခြင်းလုပ်ငန်းများဆောင်ရွက်တာဆိုလျှင် အကြိမ်ရေ ၁၂၀ကျော် ရှိပါပြီ

⭐️ဘုန်းဘုန်းကြီးက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးနေသော ရန်ကုန်တောင်ပိုင်းခရိုင်မှူး ကိုခေါ် ၍ ရေထွက်ချင်လားဟုမေးသောအခါ ခရိုင်မှူးက ရေထွက်ချင်ပါတယ်ဟု ပြန်ပြီး လျှောက်ထားသဖြင့် ဘုန်းဘုန်း ကဘုရား နှင့်

သံဃာတော်များကို သောက်တော်ရေကပ်လှူချင်ပါတယ်ဟု “မြေဖုတ်ဘီလူး” ကိုပြောလိုက် ပြီး ဘုန်းဘုန်းညွှန်ပြတယ့်နေရာကိုတူးလိုက်ပါလို့မိန့်ပါတယ်၊

မြေတူးသမားက ညွှန်ပြတယ့်နေရာကို ၁၀မိနစ်နီးပါးခန့်တူးဖော်ပြီး အနက်၁၇ပေလောက်

ရောက် မှာစမ်းရေများထွက်ပါတယ် စမ်းရေကို ဘုန်းဘုန်းကြီး အား ကပ်သောအခါ၌ ရေကချိုပြီး မြေနံ့ဆိုးမရှိတာကိုသိရပါတယ် နောက်

၁၀/၁၅မိနစ်အကြာမှာ ရေများတဖြည်းဖြည်းထွက်လာပါတော့တယ်ဗျာ

ကုသိုလ်များ၏ သဒ္ဓါတရားအစွမ်း၊ ဘုရားနှင့် သံဃာတော်များကို ကပ်လှူပူဇော်ပေးခြင်း စသောကုသိုလ်စိတ်များကြောင့် ယနေ့အတွက် အလွန်ပင်ဝမ်းသာပိတီဖြစ်မိပါတယ်

Crd