Knowledge

ဖခင်အတွက် ပိုက်ဆံပန်းစည်းလုပ်နေရာမှ ဖခင်တွေ့သွားသောအခါ

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ မိမိအတွက် လက်ဆောင်ပေးဖို့်လုပ်နေတာကို မသိရှာပဲဝင်ပြီးကူညီပေးခဲ့တဲ့ ဖခင်တစ်ယောက် အကြောင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့မိဘတွေအတွက် လက်ဆောင် တစ်ခုခုဝယ်ပေးမယ်ဆိုရင် ပစ္စည်းတန်ဖိုးက သိပ်မရှိဘူးဆိုရင်တောင် မိဘတွေက တန်ဖိုးထား၊ အလေးထားတတ်ကြပါတယ်။

မကြာသေးခင်က Salwani အမည်ရှိတဲ့မိန်းက လေးဟာ သူမဖခင်ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကို Twitter မှာ ဝေမျှခဲ့ပါတယ်။ အဲတာကတော့ Salwani ဟာ သူမရဲ့ဖခင်မွေးနေ့အတွက် ပိုက်ဆံပန်းစည်းလေးလုပ်ပေးနေရင်းနဲ့ အလုပ်ရှုပ်နေခဲ့တာပါ။ သို့ပေမဲ့လည်း ဖခင်ဖြစ်သူက ဘာမှမသိဘဲ ပိုက်ဆံပန်းစည်းလုပ်နေတဲ့ သမီးလေးကိုလာရောက် ကူညီပေးခဲ့ပါတယ်။

” ပြသာနာက အဖေ့ရဲ့မွေးနေ့အတွက် ပန်းစည်းလုပ်နေတာ အဲတာကိုပိုင်ရှင်က ဘားမှမသိဘဲ ပန်းစည်းကိုကိုယ်တိုင်ပြင်ဆင်နေတော့တာပဲ၊ တခြားသူအော်ဒါမှာထားတာဆိုပြီး သူ့ကိုလိမ်ထားရတာ၊ ဟန်ဆောင်ရတာ တော်တော်ခက်တယ်၊ သူက ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့ တစ်ခုတည်းသော ရတနာလေးပါပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အမေဆုံးသွားပြီးနောက်ပိုင်း အဖေ့ကိုပျော်ရွှင်အောင်ထားပေးရတာက ကျွန်မအတွက်အပျော်ရွှင်ဆုံးအရာပါပဲ၊ ကျွန်မမှာ အဖေပဲ ကျန်တော့တာ ဆိုပြီး သူမရဲ့အဖြစ်ကိုလည်း ရေးသားခဲ့ပါတယ်။ ထို့အပြင် သူမက ဖခင်ဖြစ်သူကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်စွာနေထိုင်နိုင်ဖို့ မျှော် လင့်နေလျက်ရှိပြီး ” အဖေလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်ပေးဆပ်နိုင်ဖို့ ကျွန်မကိုအချိန်တွေပေးပါအုံး အဖေ ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ်။

ဖတ်ရှု့အားပေးကြတဲ့ ပရိသတ်ကြီးလည်း သူမက မိဘကျေးဇူးကို ဆပ်နိုင်ဖို့ ကျိုးစားနေတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။

အဲ့ဒီလိုမိဘကျေးဇူး နားလည်တဲ့ သားသမီးတွေ ပိုင်ဆိုင်ထားတဲ့ မိဘတွေအတွက် အရမ်းကိုကြည်နူးပိတိဖြစ်စရာပါ။ ပရိသတ်ကြီးတို့လည်း မိဘကျေးဇူး ဆပ်နိုင်တဲ့ သားလိမ္မာ သမီးလိမ္မာဖြစ်ကြပါစေ လို့ဆုတောင်းပေးပါတယ်။

မူရင်းရေးသားသူ ခရက်ဒစ်။