Knowledge

လောကမှာ ဖခင်တွေ ရဲ့မေတ္တာဟာ အပြင်ပန်း ဝတ္ထုတွေထက်သာပါတယ် ဆိုတာ အခု သမီးကောင်းကောင်း သိလိုက်ရပါပြီ (သုံးမိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်စေချင်တယ်)….

အဖေဖြစ်သူက ကျောင်းကို လာပါတယ် ။ ကူလီသမား တစ်ယောက် မို့ အေ ဖအဝတ်စားတွေမှာ မီးသွေးတွေ ပေကျံ့နေတာပေါ့

ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ . . ကျောင်းမှာ ရှေ့မှာ မတ် တပ်ရောက်စောင့် နေတာ ။ သမီးရဲ့ အဖေမှတ်လား . . ” ကြည့်လိုက်တဲ့ အခါ တကယ်ပဲ အဖေဖြစ်နေသည်

” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး ” ဟဲ့ ဟေမန် အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေ လိုက်တာ . . ”” အေးလေ ဟယ် ။ အကျၤ ီမှာလည်း အသစ်ရွက်တွေပေကျံ့နေတယ် ။ ကြည့်ရတာ ကုန်ထမ်းပြီး ရောက်လာတာ ထင်တယ် ။ ‘
” ဒါဆို ဟေမန်အဖေ က ကူလီ သမားပေါ့နော် ” သူတို့တွေ တီးတိုး တီးတိုးပြောနေတဲ့ စကားသံကို ကြားရင် ရှက်လည်း ရှက်မိ သိမ်လည်း သိမ်ငယ် မိသလို ခံစားရ မိသည်
အဲဒါ နဲ့ အပြင်ထွက် သွားခဲ့သည် ။ ဆယ်တန်းကျောင်း သူကျောင်းသားတွေ မုန့်စား ဆင်းချိန်မှာ အဖေက ရောက်လာ တာကိုး
သမီးလေး ထွက်လာတာ မြင်တော့ သမီးလေး မျက်နှာကြည်ပြီး ပြုံးနေ မိသည် ။ တစ်မနက် ပင်ပန်းနေ ထားသမျှ ကိုတောင် ဘယ်ရောက် သွားမှန်း မသိတော့ ပါဘူး ။
သမီးဖြစ်သူက ”အဖေ ဘာလို့ ကျောင်းရှေ့ရောက် လာတာလဲ ”” အော် သမီးကို မုန့်ဖိုးလာပေး တာပါ
မနက်က ပိုက်ဆံ မရှိလို့ သမီးကို မုန့်ဖိုးမပေး လိုက်ရဘူးလေ . . ရော့ရော့ဒီမှာ ပိုက်ဆံ ”အဖေဖြစ်သူက ကုန်ထမ်း ရင်း ရလာခဲ့တဲ့ တစ်ထောင်တန် သုံးရွက်ထဲက တစ်ရွက်ကို ယူပြီး ပေးလိုက်သည်
သမီးက တစ်ထောင်တန်ပြဲနေလို့ ” အဖေ သမီးကို ဒါလေး နှင့် လှဲပေး ပါလား ။ ဒီတစ်ထောင်တန်က ပြဲနေတယ် ။ တော်ကြာ ဝယ်စားလို့ မရမှာစိုးလို့ ”

အဖေဖြစ်သူ ကလည်း တစ်ထောင်တန် တိတ်ကပ် ထားတာလေးကို ပြန်ယူပြီး အသစ် ချွတ်ချွတ်လေးကို လက်ထဲထည့်ပေး လိုက်သည် ။
သူများတွေ ဝိုင်းကြည့်နေတာ ကြောက်တယ့် ကျွန်မ ။ အပျိုဖော်ဝင် ကာစ ဆိုတော့ ရှက်တတ်တယ်လေ ။ အဖေက နောက်ပြီး အကျၤ ီက ပြဲစုတ်နေတယ် ။
ပုဆိုးကလည်း ပြဲနေတယ် ။ အဖေနှင့် ကျွန်မကို လူတွေအမြင်မှာ တစ်မျိုးမြင် မှာ စိုးရိမ်တာနဲ့ ” အဖေ အမြန်ပြန်တော့နော် . . တော်ကြာ သမီးသူငယ်ချင်းတွေ သွားရင် သမီးကို လှောင်ပြောင်ပြီး စနေကြ အုံးမယ်
” အော်အေး အေး . .အဖေ နားလည်ပါပြီကွယ် ”
” သမီး အထဲဝင်တော့လေ . .အဖေ ဒီမှာ ခဏရပ်ပြီးရင် ပြန်ပါ့မယ် ”
” အဖေရယ် ပြန်လိုက် ပါတော့နော် . .ဒီမှာ အကြာကြီး ဆက်ရပ်နေရင် မကောင်းဘူးနော် ” ရှက်လွန်းတဲ့ ကျွန်မ အဖေကို နှင်ထုတ်နေ မိသည် ။
”အေးပါကွယ် . .အေးပါ ”အဖေ ကျောခိုင်းပြီး လှည့်ကာ ထွက်သွားသည် ။ အဖေက သီရိမင်္ဂလာဈေး မှာ ကုန်ထမ်းတာလေ
တစ်ခါတစ်လေ ၅ထောင်ရတဲ့ နေ့လည်း ရှိသလို ။ သုံးထောင် ရတဲ့ နေ့လည်းရှိတယ် ။ တစ်ခါတစ်လေ ၈၀၀၀ထောင်ရတာ ရှိ ပါတယ်။
သမီးတို့ အမေတို့ အိမ်မှာ ကျောင်းမှာနေတဲ့ အချိန်အဖေ က နေပူကြဲကြဲထဲမှာ ဆိုက်ကားပေါ်က ကုန်တွေကိုမ ရင်း ထမ်းရင်း သယ်ပိုးနေတယ် ။
ချွေးတွေ တပြိုင်းပြိုင်းလည်း ကျ ပေါ့ရှင့် ။ ညရောက်တော့ သမီးက အမေ့ကို အဖေအား ပြောခိုင်းတယ်…

သမီးဖြစ်သူ အိပ်သွားတော့ မိန်းမက ယောကျာ်းကို ပြောလေသည် ။ ” ယောကျာ်း ရှင်ညောင်းနေတာလား ”” အေးကွာ . .ဒီနေ့ နည်းနည်း အကြော တတ်နေတယ်။” ” ဒဏ်ကြေလိမ်းဆေး လိမ်းမလား။ ကျွန်မလိမ်းပေးမယ်လေ” ” အေးကောင်းတာပေါ့ကွာ . . ဒါမှ အကြောပြေမှာ ” ” ပြီးရော ”ေ ဆးလိမ်းပြီးရင်း ပြောလေသည် ။
ယောကျာ်း . . ” အေး ပြောလေ ” ” ရှင် မနက်က သမီးလေးဆီကို သွားတယ်ဆို ” ” အေးဟုတ်တယ်လေ ငါမုန့်ဖိုးသွားပေးတာ ” ” ဘာလို့ သွားရတာလဲရှင် ” ” အော် မင်းကလည်းကွာ . ငါ့သမီး ကျောင်းဘဲ ငါသွားတာ ဘာဖြစ်လို့လဲ ” ” ဘာဖြစ်ရမှာလဲ . .သမီးလေးက ကျွန်မကိုပြောတယ်။
ရှင်ကို ကျောင်းမလာခိုင်းနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ ရှင့်ကို သူသူငယ်ချင်းတွေမြင်သွားရင် လှောင်ပြောင်မှာ စိုးလို့တဲ့ ။ နောက်ပြီး ဆရာ . .ဆရာမတွေကပါ အထင်သေးသွားလိမ့်မယ် . .

ဒါကြောင့် မုန့်ဖိုးပေးစရာရှိရင် တစ်ခါတည်း ကျောင်းသွားတာ နဲ့ ပေးလိုက် ။ မဟုတ်ရင်လည်း ကျွန်မ သွားပေးပေးမယ် ။ ရှင်တော့ မသွားပါနဲ့နော် ”ေ ယာကျာ်းဖြစ်သူက ခဏတာ ငြိမ်သက်ကျသွားသည် ။ဘာဖြစ်မှန်း မသိ ။ မျက်ရည်တွေ ဝိုင်းလာပြီး ။ မကျမိအောင် ထိန်းကာ ။ ” အေးပါကွာ . . အေးပါ ။ ငါဆင်ခြင်ပါ့မယ် ။
” ဘာလဲ ရှင်စိတ်မကောင်းဖြစ်သွားတာလား ”
” မဖြစ်ပါဘူး ။ ငါရင်ထဲ နည်းနည်းမကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ငါနားလည်ပါတယ် ။ သမီးလေးလည်း ရှက်မှာပေါ့

သူလည်း ရှက်တတ်တဲ့ အရွယ်ရောက်နေပြီဘဲ ။ နောက်ပြီး ငါကလည်း ကူလီသမားကို ။ အေးပါကွာ နောက် တစ်ခါ မုန့်ဖိုးသွားပေးစရာရှိရင် မင်းပဲ သွားပေးလိုက်ပါ ” . .
” အော် . . မိန်းမ ” ” အင်း ပြောလေ ငါစုနေကြ စုဗူးလေး သွားယူလာခဲ့ ” ”
အင်း ” ပြောကာ ထသွားသည် ။ အတန်ငယ်ကြာတော့ ဖိုးဝရုပ် စုဗူးလေး ယူဆောင် လာသည် ။
ဒီစုဗူလေးက ယောကျာ်းဖြစ်သူ အမြဲတမ်း ထည့်ထည့်ပြီး စုနေတာ ။ ဘာစု ဗူးမှန်းလည်း မသိ ။ မေးတော့လည်း မိန်းမ ဖြစ်တဲ့ သူကိုယ်တောင် မပြောဘူး ။

သူက မေးတိုင်း ဘာပြောလဲဆိုတော့ အဲဒီစုဗူး

ဖောက်တဲ့ေ န့ကျရင် မင်းသိလိမ့်မယ် တဲ့ ။ ဒါပဲ ပြောတယ် ။ အခုလည်း မိန်းမကမေးပြန်တယ် ။
” ယောကျာ်း ရှင် ဒီစုဗူးထဲကို တစ်နေ့နေ့ ပိုက်ဆံတွေ ထည့်နေတယ်နော် . .’ ” အေးလေ အဲဒါ ဘာဖြစ်လို့လဲ ” ” ကျွန်မ နားမလည်လို့ တစ်ခုမေးမယ် ။
ရှင် အဲဒီစုဗူးထဲကို ပိုက်ဆံတွေ အကုန် ထည့်မယ်အစား တစ်နေ့နေ့ နည်းနည်းချင်းစီဘဲ ထည့်ပါလား ။ ပိုတဲ့ ပိုက်ဆံတွေကိုတော့ ရှင်အဝတ်စားဖြစ်ဖြစ် ဝယ်ဝတ်ပါလား ။ အဲဒါဆိုရင် အဲဒီအဝတ်စားသစ်နဲ့ ရှင်သမီးလေး ဆီသွားလို့ရတာပေါ့ မဟုတ်ဘူးလား ”
” မဟုတ်ဘူး ။ ငါ ဖယ်လည်းမဖယ်ဘူး ။ ဒီစုဗူးထဲကို ထည့်ရတာကလည်း အကြောင်းရှိတယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဒီစုဗူးထဲ ထည့်ရတဲ့ ရည်ရွယ်ချက်ကို မင်းသိလိမ့်မယ် ”
” ရှင် က လျှို့ဝှက်လွန်းတယ် ။ ကျွန်မတောင် မပြောပြ ဘူးနော် ” ” ဒါကတော့ကွာ လူတစ်ယောက်ရဲ့ လျှိုဝှက်ချက် ဆိုတာ ရှိရ တယ်လေ ။ အဲဒီ လျှိုဝှက်ချက် ကိုလည်း ဘယ်သူမှေ ပး မသိရဘူး ။ ဒါမှ လျှိုဝှက် ချက်ခေါ်တာ …
” ဟုတ်ပါပြီ ရှင် . . ဟုတ်ပါပြီ ”
အဖေက အမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။ အဖေ့ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ မရှိသလိုပဲ ။ နောက်ပြီး ထူးဆန်းတာက ဖေဖေဟာ ဘယ်တော့မှ နေထိုင်မကောင်းဘူးဆိုတာ မရှိသလိုဘဲ။
အမြဲတမ်း အလုပ်ပဲ လုပ်နေတယ် ။ နေပူကြဲကြဲထဲမှာ ။ မိုးရာသီ ဆိုရင်လည်း မိုးရေတွေထဲမှာ ။ ဆောင်းရာသီဆိုရင်လည်း အေအေးချမ်းချမ်း ခိုက်ခိုက်တုန်နေတဲ့ အချိန်မှာ အကျၤ ီစွပ်ကျွယ် အဖြူ လက်ပြတ်နှင့်အမြဲ အလုပ်လုပ်နေ တတ်တယ် ။
တစ်နေ့ ကျွန်မ အိမ်ပြန် လာရင်း လမ်းမှာစဉ်းစားမိသည်။ ” ငါတောင် ဆယ်တန်းစာမေးပွဲပြီးပြီဘဲ ။>အဖေနှင့် စကားမပြောရတာ ။ လျှောက်မသွားရတာ အတော်ကြာပြီ ။ အမေနှင့်ကတော့ တွေ့ဖြစ်တယ် ။
စကားပြောဖြစ်တယ် ။ အဖေကတော့ ငါအိပ်မှ အိမ်ပြန်လာတယ် ။ ဒီနေ့ကစပြီး အဖေ့ ကို ငါကောင်းကောင်း စကားပြောလို့ရပြီ ။ လျှောက်သွားမယ်။ လျှောက်လည်မယ် ” အတွေးဖြင့် အိမ်ရောက်လာတော့ အမေက ငိုနေသည် ။ တရှိုက်ရှိုက်နဲ့ကို ။
” အမေ . . အမေ ဘာဖြစ်တာလဲ ။ အမေ ဘာလိုငိုနေတာလဲ ”
” သမီး . . ညဉ်း . .ညဉ်း အဖေ ကားတိုက်ခံရပြီး ဆုံးပြီ ။ ”
” ရှင် ! ” ကျွန်မနားထဲမှာ အဖေဆိုတာ ဆုံးပြီ စကားလုံးဝ မယုံနိုင်ဘူး ။ အဖေက ကားတိုက် ခံရတာ ။ မူးပြီးလှဲကျတာတဲ့ ။
လမ်းမမှာ မူးပြီးလှဲတုန်းက ကားတွေတက်ကြိတ်လို့ ။ အပိုင်းပိုင်း ဖြစ်သွားပြီတဲ့ ။ ကံဆိုး လိုက်တဲ့ ကျွန်မတို့ အဖေ။
ညရောက်တော့ အမေ က ပစ်တိုင်းထောင် ဖိုးဝရုပ် အရုပ်လေးကို ယူလာသည် ။ အမေကပြောတယ် ။
” သမီး နင့်အဖေက ဟော့ဒီ အရုပ်လေးကို ညတိုင်းပိုက်ဆံလေးတွေ ထည့်ထည့်ပေးတယ် ။
အဲဒီအရုပ်လေးကို တယုတယ သူမြတ်နိုးတယ် ။ ဒီထဲမှာ ဘာရှိလဲဆိုတာတောင် သူကလွဲပြီး အမေကိုယ့်တောင် မပြောပြဘူး ။
အခု ဒီထဲမှာ ဘာရှိလဲဆိုတာ အမေတို့ တွေ ဖောက်ကြည့်ရအောင် ”
ခွမ်းခနဲ ခွဲပစ်လိုက်သည် ။ ကျွန်မက စိတ်ဝင်စားစွာကြည့်နေမိသည် ။ ပစ်တိုင်းထောင် အရုပ်လေးကွဲသွားတော့ အထဲထဲမှာ ပိုက်ဆံတွေ အများကြီးဘဲ . .နောက်ပြီး စာတစ်စောင်ပါတွေ့တယ် ။ စာတစ်စောင်ကို အမေက ကောက်ကာငင်ကာ ယူဖတ်လိုက်သည် ။
အို..စာဖတ်လိုက်တာနဲ့ မေမေ့ မျက်ဝန်းတွေ မဟားတအားစိုလာပြီး စာတောင် ဆက်မဖတ်နိုင်တော့ဘူး ။ ငိုကြီးချက်မဖြင့် ငိုချတော့သည် ။ အမေ့ကို ကြည့်ပြီး ကျွန်မလည်း လန့်ထိတ်ကာ လက်ထဲကစာကို ဆွဲယူပြီး ဖတ်လိုက်သည် ။

” သမီး . . အဖေ သမီးကို ချစ်တယ် ။ အရမ်းချစ်တယ်။ အရမ်းချစ်လို့လည်း ငွေတွေစုထားတယ် ။ အဲဒီငွေတွေကတော့ ဒီက ငါ့သမီးလေး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်္ဂလာဆောင်မယ် ။ လက်ထပ်တဲ့ အချိန်ကျရင် သုံးဖို့ပါ ။
အဖေ့လို ကူလီသမားတစ်ယောက်ဟာ ဆိုရင် သမီးလေးအတွက် အရှက်ရစေမှာ အဖေ သိပါတယ် ။ ဒါကြောင့် ဖေဖေ အဲဒီ မင်္ဂလာပွဲကို မတက်ရောက်တော့ဘူး သမီး ။
မမြင်ကွယ်ရာ တစ်ထောင့် တစ်နေရာကဘဲ ဝမ်းသာပီတိနဲ့ အဖေ လက်ခုပ်တီးနေ မှာပါ ။ အဖေမျက်ရည်တွေဖြင့် ပြုံးပြီး ကျေနပ်နေမှာ ပါကွယ် ။ ဖေဖေလို လူရာမဝင်တဲ့ အဖေ့ ဘယ်မှာလဲလို့ သားရှင် ဘက်က မေးလာရင် ။
ဖေဖေဟာ အစကကြီးတည်းက သေသွားခဲ့ ပါပြီးလို့ ပြောလိုက် ပါကွယ် ။ ဖေဖေ နားလည် ပါတယ် ။ ဖေဖေဟာ ကူလီသမားတစ်ယောက် ပညာမတတ်။ စာမတတ် ။ ငါသမီးလေးလို ရုပ်ချော ပညာတတ် လေးရဲ့ အဖေဖြစ်ဖို့ မထိုက်တန်ဘူး ။
သမီးလေးကို လည်း အရှက်မရစေချင်ပါဘူး ။ ဖေဖေဟာ ဆိုရင်ဖြင့် အဖေလို့ မခေါ်ထိုက်တဲ့လူတစ်ယောက်ပါ ။ အဖေ့ကြောင့် ငါ့သမီးလေး အရှက်ရမှာ အဖေမလိုလားဘူး။ ဒါကြောင့် အဖေပိုက်ဆံတွေထားခဲ့မယ်နော် ။
နောက်ပြီး ဒီစုဗူးလေး ဖောက်တဲ့ အဲအချိန်ဟာ မင်္ဂလာပွဲကျင်းပ ဖို့ တစ်ရက်အလိုဆိုတာ ဖေဖေသိတယ် ။
အဖေလည်း ရှိမှာ မဟုတ်တော့ဘူး ။သမီးလေး မမြင်ကွယ်ရာတစ်နေရာသွားပြီး သွားရှောင်နေ မှာပါ ။ သမီးကို ချစ်ခြင်းများစွာဖြင့် ဖေဖေ ” စာဆုံးသွားတော့ မျက်ရည်တွေဟာ မဖိတ်ခေါ်ဘဲ > ပါးပေါ်သို့ စီးကျလာသည် ။
အဖေရဲ့မေတ္တာကို ခံစားရင်းအသံတောင် မထွက်နိုင်လောက်အောင် သမီးဖြစ်သူက တရှိုက်ရှိုက်ငိုနေမိသည် ။
ဖေဖေ့ကို ကျောင်းမလာခိုင်းတဲ့ ကျွန်မ ။ ကျောင်းလာရင်အရှက်ရပါတယ်တဲ့ ။ ပင်ပင်ပန်းပန်း နေပူကြဲထဲ ထီးမဆောင်း ဘာမဆောင်းဖြင့် တကူတကမုန့်ဖိုးလာပေးတဲ့ ဖေဖေ့ကို မှ ကျွန်မ ဟာ အင်မတန်မှ မိုက်မဲလွန်းလှစွာဖြင့် နှင်ထုတ်ခဲ့မိတယ် ။
နောင်တရပါတယ် ။ အရမ်းကို နောင်တရပါတယ် ။တစ်ထောင်တန်က စုတ်နေလို့ စားလို့ မရမှာစိုးလို့ လဲခိုင်းခဲ့တဲ့ ကျွန်မ ။ အချိန်တိုင်း အားရင် အလုပ်ပတ်တကုတ်ကုတ် လုပ်နေရတာလဲ သိပြီ ။ ဘာလို့ နေမကောင်းရင် နေကောင်းပါတယ် ဆိုတာလည်း သိပြီ။
ရာသီတွေ အလီလီပြောင်းသွားလည်း မပင်မပန်း အလုပ်တွေ လုပ်တာလည်း သိပြီ ။ တစ်နေ့လုံးညောင်းနေရတာ ဘာကြောင့်လဲ အခုသိပြီ ။ ဖေဖေ့မှာ ဝတ်စရာမရှိတာ အခုသိပြီ ။ အကျၤ ီသစ်တစ်စုံတောင် မဝယ်ဘဲနေခဲ့တာ ရင်ထုနာလိုက်တာရှင် ။
ငါ့အတွက် ။ ငါ့အတွက် အရာအားလုံးကို သူ့သမီးဖြစ်တဲ့ ငါ့အတွက်ပေးဆပ်ခဲ့တာပါလား ။ ဖေဖေရယ် တောင်းပန်ပါတယ် ။ အစက အဲလိုမှန်း မသိလို့ ပြောမိတာပါ ။
ဖေဖေဟာ အဖေခေါ်ထိုက်တဲ့ ဖခင်ကောင်တစ်ယောက်ပါ လောကမှာ ဖခင်တွေရဲ့မေတ္တာဟာ အပြင်ပန်းဝတ္ထုတွေထက် သာပါတယ်ဆိုတာ အခု သမီးကောင်းကောင်းသိလိုက်ရပါပြီ ။
သမီးလိုက်ရတဲ့ အချိန်ကလည်း အရမ်းနောက်ကျသွားပြီ ။ စောစောသိခဲ့ရင် ဖေဖေ ကျောင်းလာ တာလည်း မငြူစူတော့ဘူး ။ ဒါငါ့အဖေလို့လည်း အများမြင်မှာ အော်ပြောရမှာလည်း မရှက်တော့ဘူး ။
ဖေဖေကို နှင်းပေးဖို့ နှိပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူး ။ဖေဖေ့ရဲ့ စုတ်ပြတ် သက်တဲ့ အကျၤ ီလေးတွေ ရွှေထည်တွေထက် တန်ဖိုးကြီးတယ်ဆိုတာ သမီးသိလိုက်ရပြီ ။
ဖေဖေ ကို ပိုင်ဆိုင်ရတာဟာ လောကမှာ အကြီးမားဆုံးသော ဆုလာဘ်ကြီး တစ်ခုဆိုတာ သမီးကောင်းကောင်းသိလိုက်ပါပြီဆိုကာ ။

ငိုသံပါပါ လှိုက်လှိုက်ဝဲဝဲဖြင့် ” အဖေ ” လို့ အကျယ်အော်ခေါ်လိုက် မိပါတော့ သည် ။
Message. . ဖခင်ဆိုတာ သားသမီးတွေကို ချစ်ပါ သည် ။ သို့သော် ထုတ်မချစ်ပြ တတ်ဘူး တကယ်လိုအပ်လာပြီဆိုရင် အသက်တောင် ပေးဖို့ ဝန်မလေးဘူး။
မိန်းမတွေ သားသမီးတွေ မထင်မှတ် ထားတာကို စဉ်းစားပြီး လုပ်ပေးထား တတ်ပါတယ်..

Credit