Love

တစ်သက်လုံးမကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာ ရှိတတ်တဲ့ အချက် (၇)ချက်

ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့် သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ …။

ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တစ်ချို့ ရှိပါတယ်။ ကြည့်လိုက်ရအောင်နော် …။

၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း”

ချစ်တယ်ဆိုတဲ့စကားဟာ Relationship အစမှာပဲ ပြောရမယ့် စကားမဟုတ်ပါဘူး။ နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကား ဖြစ်တယ် …။

တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့ ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။ ဒီလိုမျိုး နေ့တိုင်းလိုလို ချစ်ခြင်းမေတ္တာအကြောင်း ဖွင့်ဟတတ်တဲ့ အတွဲတွေကတော့ မြဲမှာ အသေအချာပါပဲ …။

၂။ အမြဲနမ်းခြင်း

ဟုတ်ပါတယ်။ တွေ့လိုက်တဲ့အချိန်တိုင်း အနမ်းလေးပေးတတ်တဲ့ အကျင့်မျိုး နှစ်ဦးကြားထဲမှာ ရှိနေတာကလည်း အင်မတန်မှ ချစ်စရာကောင်းတဲ့ အချစ်လေးပါနော် …။

လူတွေရဲ့ သဘောက ချစ်ခင်မှုကို အနမ်းဆိုတဲ့ အပြုအမူလေးနဲ့ ပြတတ်ကြတာဆိုတော့ မိမိချစ်သူကို နမ်းလိုက်တိုင်း သူ့ရဲ့ ချစ်ခြင်းမေတ္တာကိုပါ ပူးတွဲခံစားမိပါလိမ့်မယ်။နေ့တိုင်း မဟုတ်တောင် ဆုံတွေ့တဲ့ နေ့ရက်တိုင်းမှာ အနမ်းမပါဘဲ မပြီးဆုံးသွားဘူးဆိုလျှင် ဒီလိုအတွဲတွေကလည်း မကွဲဖို့ များပါတယ် …။

၃။ ချစ်သူအမျိုးသား ကျန်းမာသန်စွမ်းခြင်း

စုံတွဲတစ်တွဲမှာ အမျိုးသားဘက်မှ ကျန်းမာရေးလိုက်စားသူ တစ်ယောက်ဖြစ်တယ် ဆိုလျှင်လည်း ထိုအတွဲဟာ စိတ်ချမ်းသာရတတ်တယ်လို့ ဆိုပါတယ်။ အမျိုးသားက ဦးဆောင်သူဖြစ်တဲ့အတွက် သူကိုယ်တိုင် ကျန်းမာသန်စွမ်းနေမှ ချစ်သူအမျိုးသမီးအတွကိ အားကိုးအားထားရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ သဘောလို့ ယူဆမိပါတယ် …

၄။ ပွင့်လင်းခြင်း

ချစ်သူနှစ်ဦးကြားမှာ အငြှိုးအတေး၊ အာဃာတတွေ မထားတတ်ဘဲ ကျေနပ်တာ၊ မကျေနပ်တာကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်တာကလည်း ကောင်းတဲ့အလေ့အကျင့်ပါပဲ။ ဘယ်အရာကို မဆို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံတတ်ကြတဲ့ ချစ်သူစုံတွဲတွေ အတွက်လည်း ကွဲကွာခြင်းဆိုတာ မရှိသလောက်ပါပဲ။ မပြောကောင်း မဆိုကောင်း သေခြင်းတရားကြောင့်က လွဲရင်ပေါ့ …။

၅။ စိတ်ထဲမှာ ခံစားမိနေခြင်း

ဒါမျိုးကတော့ ပြောပြတာထက် ကိုယ်ကိုယ်တိုင် စိတ်ထဲမှ ခံစားသိမိနေတာမျိုးပါ။ ဒီတစ်ယောက်နဲ့တော့ ငါဘယ်တော့မှ မကွဲတော့ဘူး။သူက ငါလက်ထပ်မယ့်သူ၊ တစ်ဘဝလုံး သူနဲ့ပဲ လက်တွဲတေ့ာမယ်ဆိုတဲ့ အတွေးတွေကို ခဏခဏတွေးမိနေတတ်တယ်။ စိတ်ထဲမှာကို အလိုလို သိနေတဲ့ ခံစားချက်မျိုးပါ

၆။ အကျင့်စရိုက်၊ အပြောအဆိုတူခြင်း

တစ်ယောက်နဲ့တစ်ယောက် ပြောပုံဆိုပုံတွေက တူလာတယ်။ အကျင့်စရိုက်တွေကလည်း အလုံးစုံနီးပါး ထပ်တူကျနေတယ်၊ စိတ်ဓာတ်ချင်းကလည်း တူနေတတ်တဲ့ အတွဲတွေပေါ့ …။

တစ်ခါတလေ ကိုယ်တစ်ခွန်းပြောပြီးရင် သူဘာပြန်ပြောမယ်ဆိုတာကအစ သိနေတယ်၊ သူနဲ့ကိုယ်နဲ့ မကြာခဏ တိုက်တိုက်ဆိုင်ဆိုင် တူသွားတဲ့ အချက်တွေများလာတယ်၊ ဒါတွေကလည်း သင်တို့နှစ်ဦးသား မကွဲမကွာဘဲ နီးစပ်ရမယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ် …။

၇။ ကျေးဇူးတင်တတ်ခြင်း

တစ်ဦးနဲ့တစ်ဦး ဒီလိုတွေ့ဆုံခွင့်ရလို့၊ ချစ်ခင်ခွင့်ရလို့ အပြန်အလှန် ကျေးဇူးတင်ဖူးလား…သူ့ကို ကိုယ်ချစ်ခွင့်ရတဲ့ အတွက်၊ ကိုယ့်ကို သူချစ်ခွင့်ရတဲ့အတွက်၊ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးတင်စကား ပြောတတ်တဲ့ ….ချစ်သူစုံတွဲတွေကလည်း ဘယ်တော့မှ မကွဲနိုင်တဲ့ အတွဲတွေပါပဲတဲ့။ တန်ဖိုးထားတတ်ခြင်းကလည်း သင်တို့နှစ်ဦးကို တည်မြဲစေတဲ့ အကြောင်းအရင်းပါပဲနော် …။ ။Credit – CHAN

Unicode