Knowledge

အိမ်ထောင်ရှင်မမတွေရော၊ အိမ်ထောင်ရှင်မလောင်း တွေရော မှတ်သားလိုက်နာသင့်သော အချက်များ-

၁။မိမိခင်ပွန်းကို ဘယ်တော့မှ မဟောက်ပါနဲ့၊
မအော်ပါနဲ့။ သူ့ကိုမရိုသေခြင်း လက္ခဏာပါ။

၂။မိမိခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊သူငယ်ချင်းတွေကို မပြောပြပါနဲ့။လင်မယားဆိုတာတစ်ဦးအကြောင်းတစ်ဦး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

၃။အမူအရာ၊အစောင်းအမြောင်းတွေနဲ့မိမိခင်ပွန်းကိုမဆက်ဆံပါနဲ့၊ (သူ ဘယ်လိုအထာ ကောက်သွားမလဲဆိုတာမသိနိင်ဘူး)
အမြဲတမ်းပြန်ခံပြောတက်တဲ့အမျိုးသမီးတွေဟာ
ပျော်ရွှင်တဲ့အိမ်ကို မပိုင်ဆိုင်ရကြဘူး။

၄။မိမိခင်ပွန်းကို တစ်ခြားယောင်္ကျားတွေနဲ့
မနှိုင်းယှဉ်ပါနဲ့။ (သူတို့ရဲ့ဘဝအခြေအနေအားလုံးကို
ကိုယ်က မသိနိုင်ပါဘူး။)
ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကို စော်ကားမိရင်
ကိုယ့်အပေါ် သူထားတဲ့ ချစ်ခြင်းမေတ္တာလည်း
လျေ့ာနည်းသွားပါ လိမ့်မယ်။

၅။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ဆိုတိုင်း
မလေးမစားမဆက်ဆံပါနဲ့။ သူတို့တွေကိုရှောင်ဖယ်
တတ်အောင် သင့်ခင်ပွန်းအားပြောပြထားပါ။

၆။ မိမိခင်ပွန်းက လက်ထပ်ထားသူဟာ သင့် ကိုပါ။
(အိမ်အကူ ကိုမဟုတ်ဘူး။တစ်ခြားသူ ကိုမဟုတ်ဘူး)
အိမ်ရှင်မတာဝန်တွေကို မိမိကိုယ်တိုင်ဆောင်ရွက်ပါ။

၇။သင့်ခင်ပွန်းသည်ကို ဂရုစိုက်ရမဲ့ တာဝန်အား
တစ်ခြားသူကို မပေးပါနဲ့။ ကိုယ့်ခင်ပွန်းရဲ့
ကိစ္စတိုင်းဟာ ဇနီးသည်ရဲ့တာဝန်ဖြစ်ပါတယ်။

၈။ခင်ပွန်းသည်အိမ်ကို လက်ချည်းသက်သက်နဲ့
ပြန်လာခဲ့ရင် အပြစ်မတင်ပါနဲ့ ။
အားပေးစကားပြောပေးပါ။

၉။အသုံး၊အဖြုန်း ကြီးတဲ့ဇနီး မဖြစ်ပါစေနဲ့
ခင်ပွန်းသည်ရဲ့ ချွေးစက်တိုင်းဟာ အဖိုးတန်လို့ပါ။

၁၀။ ခင်ပွန်းရဲ့ သွေးသားဆန္ဒမဖြည့်ဆည်းပေး ချင်လို့
နေမကောင်းချင် ယောင်ဆောင်တာမျိုး မလုပ်ပါနဲ့။
သူ့အလိုလိုက်လျောပါ။
(တစ်ခြားတစ်ယောက် သင့်နေရာမယူပါစေနဲ့)
ယောက်ကျားတိုင်း သွေးသားဆာလောင်မှုကို
ကြာကြာမခံစားနိင်ကြပါဘူး။

၁၁။ခင်ပွန်းသည်ကို သင့် ရည်းစားဟောင်း (သို့မဟုတ်)
သင် တွဲခဲ့ဖူးသူတွေနဲ့ နှိုင်းယှဉ်ခြင်း လုံးဝမလုပ်ပါနဲ့
သင် ရဲ့အိမ်ထောင်ရေး အဖတ်ဆည်မရ ဖြစ်သွား
ပါလိမ့်မယ်။

၁၂။အများရှေ့မှာ ခင်ပွန်းကိုယ်စား ဖြေကြားခြင်းမပြုပါနဲ့
သူကိုယ်တိုင် ဖြေရှင်းပါစေ။

၁၃။ကလေးတွေရှေ့မှာ မိမိခင်ပွန်းကို အော်ဟစ်ခြင်း၊
စိန်ခေါ်ခြင်းမပြုပါနဲ့။
ပညာရှိအမျိုးသမီးတွေဟာ ဘယ်တော့မှ အဲဒီလို
မလုပ်ကြပါဘူး။

၁၄။ခင်ပွန်းသည်ရဲ့ ထက်မြတ်မှုကို သူကိုယ်တိုင်
မသိခင် သင် သိမြင်တတ် ပါစေ။

၁၅။ကိုယ့်သူငယ်ချင်းတွေကို မိမိခင်ပွန်းနဲ့
အနီးကပ်မလွန် ပါစေနဲ့။

၁၆။ရေချိုးခန်းနဲ့ မှန်တင်ခုံရှေ့မှာ မလောပါနဲ့။ (အချိန်ယူသင့်သလောက် ယူပြီး ပြင်ပြင်ဆင်ဆင်နေပါ)
အပြင်မှာ လှလှပပဖြစ်ဖို့ အချိန်ပေးထား သူတွေ
သင့်ခင်ပွန်းဘေးမှာ ဝိုင်းဝိုင်းလည်နေတယ်
ဆိုတာသိထားပါ။

၁၇။သင့်မိဘ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ
သင့်ရဲ့အိမ်ထောင်ရေးမှာ အဆုံးအဖြတ်
မပေးနိင်ပါဘူး ။ အချိန်ကုန်ခံ မေးမနေပါနဲ့
မိမိကိုယ်တိုင်ပြတ်သားစွာ ဆုံးဖြတ်ပါ။

၁၈။ချစ်ခြင်းမေတ္တာကိုငွေကြေးပေါ် အခြေခံမထားပါနဲ့။
မဟုတ်ရင် သင် သူ့ထက် ငွေပိုရှာနိင်တဲ့တနေ့
သူ့ကို အရင်လို သင် နာခံနိုင်ပါ့ ဦးမလား?

၁၉။သင့်ခင်ပွန်းသည်ဟာ ဂရုစိုက်မှုနဲ့ နားထောင်ပေးမဲ့
သူလိုအပ်တယ်။ သူ့ကိုအချိန်မပေး နိင်လောက်အောင်
အလုပ်မများမိပါစေနဲ့။ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ
အိမ်ထောင်ပျော်ရွှင်ဖို့ အဓိကကျပါတယ်။

၂၀။ကိုယ့် အကြံအစည်က သူ့ထက်
ပိုကောင်းခဲ့ရင်တောင်မှ သူနဲ့မယှဉ်ပါနဲ့ ။
သူနဲ့ကိုယ်က တစ်ဖွဲ့တည်းမို့ပါ။

၂၁။သူ့အပေါ် အပြစ်တင် မစောပါစေနဲ့။
တဗျစ်တောက်တောက် လုပ်နေတဲ့ အိမ်ရှင်မကို
ဘယ်သူမှ အလိုမရှိကြပါဘူး။

၂၂။ပျင်းရိတဲ့ဇနီးဟာ ဂရုမစိုက်တဲ့ ဇနီးပါပဲ။
( ကိုယ် ရေချိုးဖို့တောင် မေ့နေတက်တဲ့သူမျိုးပေါ့)

၂၃။မယ်မယ်ရရ ချက်ကျွေးပါ။
အစားအသောက်ကို ပေါ့ပျက်ပျက် သဘောထား
တတ်တဲ့ ယောက်ကျား မရှိပါဘူး။

၂၄။ပြင်းထန်စွာ တောင်းဆိုမှုမျိုး မပြုပဲ
အချိန်တိုင်းပျော်မွေ့စွာနေပါ။

၂၅။ ခင်ပွန်းသည်အပါအဝင် အိမ်ကိုလာတဲ့သူတိုင်းကို
ရေပူ၊ရေအေး ကမ်းပြီး ကြိုဆိုပါ။
ချိုသာတဲ့စရိုက်ဟာ စစ်မှန်တဲ့ အလှတစ်ပါးပါ။

၂၆။အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး အဆိုးမြင်ဝါဒ
ရှိသူတွေနဲ့မပေါင်းဖက်ပါနဲ့။

၂၇။အိမ်ထောင်ဆိုတာကိုယ်တန်ဖိုးထားရင်ထားသလောက်
အဖိုးတန်တဲ့အရာပါ။ ပေါ့ပျက်ပျက်မထားသင့်ပါဘူး။

၂၈။ရင်သွေးလေးတွေကို ချစ်ခင်ပါ။ ကောင်းမွန်စွာ
ဂရုစိုက်၊သွန်သင် ဆုံးမ ပေးထားပါ။

၂၉-ဘယ်အကြောင်းနဲ့မှ အိမ်ထောင်အပေါ်
ကိုယ်ရဲ့ ဂရုစိုက်မှုကို မလျှော့စေပါနဲ့။
ဘယ်အသက်အရွယ် ရောက်ရောက်
ဂရုစိုက်မှုက လွှမ်းမိုးထားနိုင် လို့ပါ။

၃၀-ဘုရား၊တရားသိတဲ့ ဇနီးသည်ဟာ
မိမိ မိသားစုအတွက် အကောင်းမွန်ဆုံးအားအင်ပါ။
ဒါကြောင့် ခင်ပွန်းအတွက်၊ အိမ်ထောင် အတွက်
အမြဲတမ်း ဆုတောင်းပေးပါ။

ဘာသာပြန်ပေးသူ(ဆရာတမစီစီကိုလ်)လေးစားပါ၏။

မူရင်းခရက်ဒစ်