Knowledge

အသိဥာဏ်မဲ့တဲ့ တဇောက်ကန်းလိုလူမျိုးပါရင် ရွာနာတယ်…(ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာ မီးလောင်မှုကို သင်္ခန်းစာယူကြပါ)

(ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာ မီးလောင်မှုကို သင်္ခန်းစာယူကြပါ)

ဦးဇင်းရာ…တပည့်တော်ရင်နာလွန်းလို့ပါ..မနက်စောစော.. ..ကြားလိုက်ရတဲ့စကား…

တပည့်တော်တို့ရွာ ဖွံ့ဖြိုးရေးဆိုပြီးလူကြီးတွေက..အရင်နှစ်က ကွင်းဆင်းလာလုပ်ပေးတယ်ဘုရား….

ရွာလမ်းတွေချဲ့ပေးပါ…ချဲ့ပေးပါလို့ မေတ္တာရပ်ခံပါတယ်.. .

သူ့အိမ်ဘက်ပါတယ်…ငါ့အိမ်ဘက် ပါတယ်နဲ့…တစ်ယောက်နဲ့ တစ်ယောက် စောင်းမြောင်းပြီး..လမ်းကိုချ ဲ့မပေးကြဘူးဘုရား..

အမှန်က လမ်းမြေတွေပါ…သူတို့က ဝန်းထရံကာရင်း…လမ်းမြေကို ချဲ့ ချဲ့ပြီး ယူထားတာ

သံသရာမကြောက်..ငရဲမကြောက်နဲ့ဘုရား..

တပည့်တော်တို့ ဖြူးမြို့မှာနေတော့ အရှင်ဘုရား လဲ ကြားဘူးတယ်မဟုတ်လား..

ဒကာမကြီးတစ်ယောက်လေ…လမ်းမြေယူထားတယ်…ရုတ်တရက်သူကဆုံးသွားတော့..ကျ န်တဲ့ရွာသူတစ်ယောက်ကိုမှီပြီး….လမ်းမြေကိုပြန်ပေးကြပါ…ငါ့သားငါ့သမီး တွေရေ..လမ်းမြေကိုပြန်ပေးကြပါနဲ့ အော်ပြီးထွက်သွားတယ်လေ…

သူ့သားသမီးတွေက အမှူမဲ့အမှတ်မဲ့ပေါ့..ဆုတ်မပေးဘူး…ဒီအတိုင်းထားကြတယ်..

နောက် ၂ ရက်လောက်ရှိတော့ ထပ်ပြီးမှီပါလေရော…

မင်းတို့ငါ့စကားနားမထောင်ဘူး…ငါ့စကားနားမထောင်ဘူးပေါ့…သူ့သားသမီးတွေက. ဘာဖြစ်စေချင်လို့လဲအမေ ဖြစ်ချင်တာကိုပြောပါ…ဒီတစ်ခါတကယ်လုပ်ပေးပါမယ်လို့ ဝန်ခံကြတော့လမ်းမြေကို တစ်ပေလောက် ငါယူခဲ့တယ်အခု..အဲ့ဒီ ယူထားတဲ့…သဲမှုန့်အရေအတွက်နဲ့အမျှ ငါ…ဒီမြေကြီးကို ခေါင်းပေါ်မှာရွက်ထားနေရတယ်..

စဉ်းစားကြည့်ကြပါ….သဲမှုန့်အမျှ တဲ့…လက်တစ်ဆုပ်တောင်မှပဲ..သဲပွင့်အရေအတွက်ကုဋေကုဋာ ချီ ပြီးပါတာ…တစ်ပေလောက်ဆို.သံသရာတစ်လျှေ ာက်လုံးခံပေအုံးတော့.. .နောက်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားတောင်မှ ဖူးခွင့်မရတော့ဘူး..

ဒီလိုခံရမယ့်အရေးတွေကို မကြောက်ကြဘူးဘုရား…

သူ့အိမ်ပါတယ်..ငါ့အိမ်ပါတယ်နဲ့ ဆုတ်မပေးကြဘူး…

ဟော..အခုတော့တစ်ရွာလုံးသွားပြီဘုရား..

ဘာဖြစ်ရမှာလဲ ဦးကဝိန်ရေ…ညက..တပည့်တော် တို့ရွာလေး…မီးလောင်တယ်ဘုရား.. ….လေကလဲနွေဦးပေါက်ဆိုတော့တိုက်တယ်…

ကိုယ်တော်တို့ရွာက..မြို့နဲ့နီးတာပဲ..မီးသတ်
ကားတွေမခေါ်ဘူးလား…

ဘယ်မခေါ်ပဲနေပါ့မလဲကိုယ်တော်ရာ..ခေါ်တာပေါ့ …မီးသတ်ကားမှ လာလိုက်တာ..တပည့်တော်တို့မြို့က မီးသတ်ကားတင်မဟုတ်ဘူး..အနီးအနားကမြို့တွေက မီးသတ်ကားပါလာတာ…

ဟ..ဒါဆို..အေးဆေးပေါ့..မဟုတ်ဘူးလား.

ဟုတ်ပ…ဟုတ်ပ…အေးဆေးချက်..တစ်အိမ်မှမကျန်ဘူး…လွင်တီးခေါင်ထိုင်နေရတယ်…ဘာအေးဆေးသလားမမေးနဲ့..

ဟေ…မီးသတ်ကားလဲမနိုင်ဘူးလား…

ဘာမနိုင်ရမှာလဲကိုယ်တော်…ဆယ်စီးကျေ ာ်လာတယ်…

ဒါဆိုနိုင်ရမှာပါ..ကိုယ်တော်တို့ရွာက အိမ်ခြေ၃၀၀ ပဲရှိတာကို…

ဦးကဝိန်ရေ.. .မီးသတ်ကားဘယ်နှစီးလာလာရွာလမ်းတွေကိုချဲ့မပေးကြတော့ တစ်စီးမှဝင်လို့မရဘူးဘုရား…..အခုအကုန်လုံးမီးထဲပါသွားပီ…အေးရော..အေးရောဘုရား…တဲ့..

ပြောလဲပြော..ဖုန်းလဲချ သွားလေရဲ့..ဒီကဘာမှတောင်ပြန်မပြောလိုက်ရဘူး…

မှတ်ထားကြ…မှတ်ထားကြဗျ ာ…

မြေလေးတစ်ပေလောက်နဲ့ ရွာအပျက်မခံကြနဲ့

လမ်းတွေကို အရေးပေါ်အခြေနေမှာ သုံးလို့ရအောင်…အနည်းဆုံး. မီးသတ်ကားဝင်နိုင်ထွက်နိုင်အောင် ..ချဲ့ပေးထားကြပါ….ချဲ့ပေးအောင် အသိဥာဏ်ပေးကြပါလို့…ရွာလုံးကျွတ်မီးထဲပါသွားတဲ့ ..ဦးသာသနတို့ရွာလေးရဲ့အဖြစ်ဆိုးကို..နမူနာယူကြပါလို့..တိုက်တွန်းလိုက်ရပါတယ်ဗျ ာ……..။

Credit-# ဦးကဝိန္ဒ

ကျောက်ပန်းတောင်း

Photos credit

Unicode