ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလိုအဆီလည်း ကျစေပါတယ်အိန္ဒိ ယ အစားအစာတွေထဲမှာရော အတို့အမြုပ်အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့
လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာမလိုပဲ ကိုယ်အလေးချိန်ကောင်းကောင်းလျော့ချ နိင်ပါတယ် ပူစီနံကသင့်ကိုဘယ်လို ကျန်းမာရေးကောင်း ကျိုးတွေ ဖြစ်စေပါသလဲအစာကြေစေတယ် ခံတွင်းကိုလည်း ရှင်းစေတယ် အစာ အစာမာ စားတာ များရင် ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အ ဆင် ပြေစေပါလိမ့်မယ်
အာရုံကြော အားကောင်းစေတယ် ခေါင်းကိုက်ပျောက် ကင်းစေတယ် ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံ ကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်
ချွဲကျစေတယ်ချောင်းဆိုးပျောက်စေတယ် ချောင်း ဆိုး ပျောက်ဆေးအများစုမှာပူစီနံရဲ့ဓါတ်ကိုထည့်သွင်း ထုတ် လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ဓါတ်ကြောင့်ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်ပန်းနာ ရင်ကျပ်လည်း သက်သာစေနိုင်တယ် အများဆုံးသော ပန်းနာရင်ကျပ်သမားတွေရဲ့လက်စွဲတော်အစားအစာလည်းဖြစ်အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ လည်ချောင်းရှင်းပြီးအသက်ရှုလမ်းကြောင်း ကောင်း မွန်စေတာ တွေ့ရပါတယ်မိခင်များ နို့ထွက်ကောင်းစေတယ် နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ်ဆိုရင်လည်းပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ် နို့ထွက်အားကောင်းလာစေနိုင်ပါတယ်
အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ် ပူစီနံရွက်ထဲမှာ ပါရှိတဲ့ပူရှိန်တဲ့ဓါတ်ဟာသွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်
အသားရေစိုပြေစေတယ် အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ်အေးမြစေတယ်စိုပြေစေတယ် နေပူဒဏ် ခံနိုင်စေတယ်ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေကအရေပြားကူးစက် ရော ဂါတွေကိုပါကာကွယ်ပေးနိုင်တာတွေ့ရပါတယ်သတိ မေ့ခြင်းကို သက်သာစေနိုင်တယ် အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့်သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ သက်သာစေနိုင်တာ တွေ့ရပါတယ်
ကိုယ်အလေးချိန် မှန်စေတယ် အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ အ ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်
ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ် အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်