Uncategorized

ဘဝရဲ့လက်ကျန် ကာလလေးကို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်မလဲ

ဘုရားမြတ်စွာမှ ရဟန်းတို့ ..သံသရာလောကကြီးသည် ရှည်လျားလိုက်တာ။ရေတွက်လို့ မရလောက်အောင် ရှည်လျားခဲ့လေပြီ ငါဘုရားရော သင်ချစ်သား ချစ်သမီးတို့ပါ ကျင်လည် ကျက်စားခဲ့လေခြင်းသည်အမှန်တရား သစ္စာလေးပါးကိုမသိမမြင်ခဲ့ခြင်းကြောင့်တည်း

မှန်လိုက်တာ…ဘယ်နေရာ ဘယ်စခန်း၊ ဘယ်လမ်း ရောက်ရမယ်မှန်းမသိအဝိဇ္ဇာ တဏှာတို့ စီမံဖန်တီးထားသောကြောင့်ကိုယ် သေမယ့်ရက်တွေ နီးလာပြီ

တရားအသိက ဘာဆိုဘာမှ မသိကြသေး သ မထ လုပ်ရကောင်းမလား ဝိပဿနာအားထုတ်ရကောင်းမလား နှင့်ဟိုလိုလို ဒီလိုလိုနှင့်သေမင်းခေါ်ရာသို့ လိုက်ရမယ့် နာရီတွေ နီးလာနေပြီသေမင်းထံမှ ဖိတ်စာရောက်နေပြီ ဆိုတာ မသိသေးဘူးလား

ဆံဖြူ သွားကျိုး ခါးကိုင်း နားထိုင်း လာနေပြီလေ
သင့်အမူအရာတွေ ယိမ်းယိုင်လာနေသည် မဟုတ်လော သတိထားကြည့်ပါ

ငါသေသောအခါဘယ်သူ ဘယ်ဝါကို ခေါ်လို့ရမယ်တဲ့လား ဘယ်ပစ္စည်းမှ ယူမသွားနိုင်ဘူးအားလုံး ပစ်ထားခဲ့ကြရမှာပါ သင်ဝတ်ထားသော ပစ္စည်းတွေကော ယူသွားနိုင်မလားအားလုံး ဆိုင်ရာသူတွေက အလုအယက် ယူကုန်ကြမယ်

သင်ပိုင်ဆိုင်ခြင်းသည်သင် နေ့စဉ် နေ့တိုင်းပြုလုပ်နေသော ဒါ န စေတနာကံ သီလစေတနာကံဝိပဿနာ ကု သိုလ်စေတနာကံသည်သေခါနီးမှာ အာရုံဇောကပ်ပြီး ဖြူစင်သန့်ရှင်းသော ကုသိုလ် စေတနာကံသတ္တိသာလျှင် ကျေးဇူးပြုပြီး

သုဂတိ ဘဝ မှ မဂ် ဖိုလ် နိဗ္ဗာန်ဆီသို့ညွတ်ကိုင်းနိုင်အောင် ကြိုးစားထားပါတော့ ဘဝလက်ကျန် အချိန်နည်းနေပါပြီ

မြောက်ဦးဆရာတော်…Crd

Unicode