Local News

မြေဆီလွှာရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ရွှေဖြင့် ဖွဲ့စည်းထားတဲ့တောင်တစ်လုံးအား ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ရွာသူရွာသားများ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ရိုက်ကူးထားခဲ့တဲ့ဗီဒီယိုများဟာ မကြာသေးခင်ကဘဲ onlineပေါ်ရှိ လူအများရဲ့အာရုံစိုက်မှုကို ရရှိသွားခဲ့ပါတယ်။

၎င်းဗီဒီယိုဖိုင်တွေဟာ လူအများအပြားက တောင်ပေါ်သို့ အလူးအလိမ့်ပြေးနေသည်ကို ပြသနေပါတယ်။အစီရင်ခံစာများအရ ၎င်းတောင်ရဲ့မြေဆီလွှာဟာ ရွှေများဖြင့်ပြုလုပ်ထားခြင်းကြောင့် ဒေသခံများဟာ ၎င်းတို့ရဲ့ရွှေတူးဖော်ပစ္စည်းများနှင့်အတူ ချက်ချင်းပင် ထိုဒေသသို့ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။

၎င်းဖြစ်ရပ်ဟာ South Kivu ပြည်နယ်ရှိကျေးရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့ပြီး ဗီဒီယိုတွေကိုတော့ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်က ရိုက်ယူခဲ့ကြပါတယ်။

၎င်းမြေဆီလွှာရဲ့ ၆၀ % မှ ၉၀ % ခန့်ကို ရွှေဖြင့် ဖွဲ့စည်းပြုလုပ်ထားပါတယ်။ထို့ကြောင့် ထောင်နဲ့ချီတဲ့ရွာသားများက ရွှေရရှိရန်အတွက် တောင်ပေါ်သို့ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

အလွတ်တန်း journalist တစ်ဦးဖြစ်တဲ့ Ahmad Algohbary က Twitter မှာ ၎င်းဗီဒီယိုများအား မျှဝေကာ “ ကွန်ဂိုသမ္မတနိုင်ငံမှ ရွှေနှင့်ပြည့်နေတဲ့တောင်တစ်ခုလုံးကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ကျေးရွာသားများအတွက် အကြီးမားဆုံး အံ့အားသင့်စွာ မှတ်တမ်းတင်ထားပါတယ် ၊

သူတို့က ရွှေတွေပါတဲ့မြေဆီကိုတူးပြီး ရွှေကိုရဖို့အတွက် အမှိုက်တွေကိုဆေးကြောသန့်စင်ရန် ၎င်းမြေတွေကို သူတို့ရဲ့အိမ်သို့ သယ်ဆောင်သွားခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ အခြားဗီဒီယိုတစ်ခုက ရွာသားတွေဟာ ရွှေရရှိရန်အတွက် မြေဆီလွှာကို တူးယူပြီး ရေဖြင့် အမှိုက်တွေကို သန့်စင်ဆေးကြောနေခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ၎င်းသတင်းကို သတင်းအရင်းအမြစ်အမျိုးမျိုးမှ ကောက်ယူဖော်ပြခဲ့ကြပေမဲ့ ၎င်းဒေသသို့ လူအများမလာရောက်ခင် အစိုးရအာဏာပိုင်များက ၎င်းသတ္တုတွင်းတူးရန်တားမြစ်ချက်ကို ချက်ချင်းပင် ကြေငြာခဲ့ကြပါတယ်။

1

2

Source : elitereaders

Unicode

မြေဆီလွှာရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ရွှေဖြင့် ဖွဲ့စည်းထားတဲ့တောင်တစ်လုံးအား ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ရွာသူရွာသားများ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ရိုက်ကူးထားခဲ့တဲ့ဗီဒီယိုများဟာ မကြာသေးခင်ကဘဲ onlineပေါ်ရှိ လူအများရဲ့အာရုံစိုက်မှုကို ရရှိသွားခဲ့ပါတယ်။၎င်းဗီဒီယိုဖိုင်တွေဟာ လူအများအပြားက တောင်ပေါ်သို့ အလူးအလိမ့်ပြေးနေသည်ကို ပြသနေပါတယ်။

အစီရင်ခံစာများအရ ၎င်းတောင်ရဲ့မြေဆီလွှာဟာ ရွှေများဖြင့်ပြုလုပ်ထားခြင်းကြောင့် ဒေသခံများဟာ ၎င်းတို့ရဲ့ရွှေတူးဖော်ပစ္စည်းများနှင့်အတူ ချက်ချင်းပင် ထိုဒေသသို့ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။၎င်းဖြစ်ရပ်ဟာ South Kivu ပြည်နယ်ရှိကျေးရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့ပြီး ဗီဒီယိုတွေကိုတော့ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်က ရိုက်ယူခဲ့ကြပါတယ်။

၎င်းမြေဆီလွှာရဲ့ ၆၀ % မှ ၉၀ % ခန့်ကို ရွှေဖြင့် ဖွဲ့စည်းပြုလုပ်ထားပါတယ်။ထို့ကြောင့် ထောင်နဲ့ချီတဲ့ရွာသားများက ရွှေရရှိရန်အတွက် တောင်ပေါ်သို့ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

အလွတ်တန်း journalist တစ်ဦးဖြစ်တဲ့ Ahmad Algohbary က Twitter မှာ ၎င်းဗီဒီယိုများအား မျှဝေကာ “ ကွန်ဂိုသမ္မတနိုင်ငံမှ ရွှေနှင့်ပြည့်နေတဲ့တောင်တစ်ခုလုံးကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ကျေးရွာသားများအတွက် အကြီးမားဆုံး အံ့အားသင့်စွာ မှတ်တမ်းတင်ထားပါတယ် ၊

သူတို့က ရွှေတွေပါတဲ့မြေဆီကိုတူးပြီး ရွှေကိုရဖို့အတွက် အမှိုက်တွေကိုဆေးကြောသန့်စင်ရန် ၎င်းမြေတွေကို သူတို့ရဲ့အိမ်သို့ သယ်ဆောင်သွားခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ အခြားဗီဒီယိုတစ်ခုက ရွာသားတွေဟာ ရွှေရရှိရန်အတွက် မြေဆီလွှာကို တူးယူပြီး ရေဖြင့် အမှိုက်တွေကို သန့်စင်ဆေးကြောနေခဲ့ကြပါတယ်။နောက်ပိုင်းမှာ ၎င်းသတင်းကို သတင်းအရင်းအမြစ်အမျိုးမျိုးမှ ကောက်ယူဖော်ပြခဲ့ကြပေမဲ့ ၎င်းဒေသသို့ လူအများမလာရောက်ခင် အစိုးရအာဏာပိုင်များက ၎င်းသတ္တုတွင်းတူးရန်တားမြစ်ချက်ကို ချက်ချင်းပင် ကြေငြာခဲ့ကြပါတယ်။

Source : elitereaders