အမျိုးသားတစ်ဦးက ဘူတာရုံအနားသို့ ဖြတ်ပြီး လမ်းလျှောက်သွားစဉ် မလှမ်းမကမ်းမှာ ဟောင်းနွမ်းတဲ့အဝတ်အစားတွေနဲ့ ပြုံးပြနေတဲ့အဘိုးအိုကို တွေ့ရှိခဲ့ရလို့ ၊ မနေနိုင်ဘဲ အဘိုးအိုနား ချဉ်းကပ်သွားခဲ့ပါတယ် ။
ပိုက်ဆံလိုနေပုံရတဲ့အဘိုးအိုကို ပိုက်ဆံအချို့ပေးခဲ့တဲ့အပြင် အသက်ဘယ်လောက်ရှိပြီလဲဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ အသက် 60 ရှိပြီဖြစ်ကြောင်း အဘိုးအိုကပြန်ဖြေခဲ့ပါတယ် ။အိမ်က ဘယ်နားမှာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ အိမ်မရှိဘဲ လမ်းမဘေးက အုတ်ခုံ ခုံတန်းလျားမှာသာနေထိုင်ကြောင်း နှင့် အတူလိုက်ပါလာသော လမ်းဘေးခွေးတွေအတွက် အစာဝယ်ပေးရအုံးမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။
‘ငါ့အပေါ် သစ္စာရှိပြီး အမြဲစောင့်ကြည့်ပေးနေတဲ့ ခွေးလေးတွေရှိနေလို့ ဒါက ငါ့အိမ်ပါပဲ ‘ ဆိုပြီး အဘိုးအိုက ပြောပြခဲ့ပါတယ် ။
သူ့အတွက် ပိုက်ဆံအပိုတွေမထားရှိဘဲ အမြဲလမ်းဘေးခွေးတွေအတွက် အစာကျွေးမွေးပေးလေ့ရှိပြီး ၊ စွန့်ပစ်ခံရတဲ့ ခံစားချက် ၊ မိသားစုမရှိတဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်သူဖြစ်လို့ ခွေးလေးတွေအပေါ် စာနာစိတ်အမြဲထားလေ့ရှိတဲ့ အဘိုးအိုတစ်ဦးပါ ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းနေရတဲ့ဘဝပုံစံ မျိုးက မတူညီဘူးဆိုတာ အဘိုးအိုရဲ့ပုံစံကိုကြည့်ရုံနဲ့ သိရှိနားလည်နိုင်ပါတယ်လေ ။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
Mia (Mckzone Daily)