Knowledge

“ကံ”ကိုပြင်လိုက်လို့(၁၂)နှစ် နန်းစံ ရမဲ့ အဖြစ်ကနေ(၄၄)နှစ်ထိနန်းစံခဲ့ရတဲ့ သီဟိုဠ်ရာဇဝင်ထဲက “ဝသဘ”မင်းမြတ် ပုံဝတ္ထု

“ကံ”ကိုပြင်လိုက်လို့(၁၂)နှစ် နန်းစံ ရမဲ့ အဖြစ်ကနေ(၄၄)နှစ်ထိနန်းစံခဲ့ရတဲ့ သီဟိုဠ်ရာဇဝင်ထဲက “ဝသဘ”မင်းမြတ် ပုံဝတ္ထု


နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်၊ ၀သဘကို သတ်ဖို့ခေါ်သွားပြီဆိုတာသိထားတဲ့ စစ်သူကြီးရဲ့မယားကကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ကွမ်းကို ထည့်ပေးလိုက်ပါတယ်

စစ်သူကြီး မင်းနန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့ အတိုင်းဖြစ်လာလို့ ၀မြးသာအားရနဲ့ပဲ ၀သဘ သင့် ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီး သတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ၀သဘလညြး မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ် ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှုထားကြပါတယ်

ဒီလိုနဲ့နေရင်း တစ်နေ့မှာ ပညာရှိ လူနူတစ်ယောက်က ဝသဘရဲ့ဇာတာကိုကြည့်ပြီး သင် မင်းဖြစ်လိမ့်မယ် လို့ ဟောလိုက်ပါတယ် ဒီစကားကြားရတော့ ဝမ်း မြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ယောက်ျားတွေ စုရုံးပါတယ်။ အတော်အတန်စုမိတော့မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး၊ မြို့စွန်ရွာစွန်ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံး ဝသဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူဘယ်နှစ်နှစ်လောက် မင်း ပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး (၁၂)နှစ် မင်းပြုရမယ်လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှမပြော နဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီကပ်ပြီး အရှင် ဘုရားတို့ မင်းသက်ရှည်ရာရှည် ကြောင်း ကုသိုလ်ကောင်းမှု မရှိဘူးလားဘုရား လို့ လျှောက်ပါတယ်

ဒီတော့ သံဃာတွေကဝသဘမင်းမြတ် ရေစစ်လှူပါ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ ဟောင်းနွမ်းဆွေးမြည့် နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။ ရှစ်ရက် ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလကိုးပါးသီလကို စောင့်ထိန်းပါ ဒါဆို မင်းသက်ရှည်လိမ့်မယ် လို့ မိန့်လိုက်ပါတယ်

ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ဝသဘမင်းပြုခဲ့တဲ့ ကောင်းမှုတွေ အများကြီးပြထားပါတယ်။ စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး။ လိုရင်းပြောရရင်တော့ ဝသဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရပါတယ်

ဒီဝထ္ထုမှာ အဓိကပြောချင်တာက ဝသဘမင်းဟာ အတိတ်ကံအ ရ(၁၂)နှစ်ပဲ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄)နှစ်တောင် နန်းစံခဲ့ရပါတယ်။အပိုကြေးအနေနဲ့ (၃၂)နှစ် ပိုနန်းစံခဲ့ရပါတယ်

ဝသဘမင်း ပြုခဲ့တဲ့ ကုသိုလ်(၆)မျိုးက အသက်ရှည်ကြောင်းကုသိုလ်တွေပါသူ့အနေနဲ့တော့နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။ ဒီကုသိုလ်(၆)မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး ဗ ဟုသုတအဖြစ်ပေါ့

“ရေစစ် ဆေး ကျောင်းအဟောင်းပြုပြင်

ပဉ္စင် အဋ္ဌ သီ လဖြူစင်၊

သက်ရှည်ကြောင်းစု ကောင်းမှုခြောက်အင်

အခွင့်စိုက် ပြုလိုက်ထာဝစဉ်”

ဝသဘမင်းကတော့ သူနဲ့အသုံးတည့်မယ့် သက်ရှည်ကြောင်းကုသိုလ်တွေကို ရွေးပြုပြီး ပြုပြင်သွားတာပါအခုစာဖတ်သူတွေကတော့ အခြားလိုအပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြမှာပါ
ကဲ. . . စာဖတ်သူ ကံနဲ့ပတ်သက်လို့ သေချင်လောက်အောင်ဆိုးနေပါစေ ကုသိုလ်(၅)မျိုးနဲ့သာ နေ့စဉ် ပြု ပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်
Credit:NanHla SanKyi