မိဘစိတ်မချမ်းသာ ဖြစ်စေမယ့် အရာတွေကိုသားသမီးများက မလုပ်မိကျဖို့သတိပြုကျစေလို
မိဘတွေဟာ သားသမီးတွေ အတွက် မျက်ရည် နှစ်ခါကျတယ်။တစ်ခါကပျော်လွန်းလို့ ကျတဲ့ မျက် ရည် နောက်တစ်ခါကတော့ ဝမ်းနည်းပြီး ကျတဲ့ မျက်ရည် ဖြစ်ပါတယ်
အဲဒီနှစ်ခု ထဲမှာ ပျော်လို့ကျတာ ပြဿနာ မရှိပါဘူး ဒါပေမယ့် ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ကတော့ မကောင်းဘူးပေါ့
မိဘရဲ့ မျက်ရည် တစ်စက်ဟာ သားသမီးအပေါ် ဘယ်လောက်ချစ်သလဲ ဆိုတာကို သက်သေပြ နေပါတယ်။ သူတို့ရဲ့ ရင်ထဲမှာလည်း အရမ်းခံစား နေရတယ်
ဒါ့ကြောင့် မိဘကို ဘယ်လိုအကြောင်းကြောင့် မျက်ရည် ကျအောင် မလုပ်မိပါစေနဲ့။
မိဘတွေဟာ သင့်နောက်မှာ အုတ်တံတိုင်း သဖွယ် ရှိနေလေတယ်။ သင် ဘာပဲ ဖြစ်ဖြစ် သူတို့ဟာ ကူညီဖို့ အသင့်ရှိနေလေတယ်။မိဘဆိုတာဟာ ဘာနဲ့မှ တန်ဖိုး ဖြတ်လို့မရတဲ့ သူတွေပါသင် သူတို့ကို စိတ်ချမ်းသာအောင် ထားနိုင်ပါစေCredit:Zin MayOo