မစားရက်ချင်စရာကောင်းပြီး ရေထဲထည့်ထားချင်သွားအောင် ချစ်ဖို့ကောင်းလို့ နာမည်ကြီးနေတဲ့ ရွှေငါးဖက်ထုပ်
ထိုင်ဝမ်ရှိ Minmin Chang အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ရွှေငါးပုံသဏ္ဌန်ဖက်ထုပ်ပုံများ နှင့် ၎င်းအတိုင်းပြုလုပ်ရမဲ့ အသေးစိတ်ညွှန်ကြားချက်များကို social media မှာမျှဝေပြီးနောက် လူသိများသွားခဲ့ပါတယ်။သူမရဲ့ ညွှန်ကြားချက်များအတိုင်း သင် မှန်ကန်စွာ ပြုလုပ်နိုင်လားဆိုတာကို
ကျွန်တော်မပြောနိုင်ပေမဲ့ အထင်ကြီးစရာကောင်းတာက ချစ်စရာကောင်းတဲ့ ရွှေငါးဖက်ထုပ်များကို ပေါင်းပြီးတဲ့နောက်မှာတောင်မှ ပိုပြီးကြည့်ကောင်းနေတာကို သင် တွေ့ရမှာပါ။Minmin Chang ရဲ့မူလ Facebook post မှာ Likes ၄၀,၀၀၀ နီးပါးနှင့် မှတ်ချက်ပေါင်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး social network မျိုးစုံများက ၎င်းpost ကို ပြန်လည်မျှဝေနေဆဲဖြစ်ပါတယ်။
Minmin Chang ဟာ ပန်းချီဆွဲတာ သင်ကြားပေးရခြင်း နှင့် သူမ အားလပ်ချိန်မှာချက်ပြုတ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ Minmin Chang ဟာ သူမရဲ့ဆန်းသစ်တဲ့တီထွင်မှုလျှို့ဝှက်ချက်ကို ပြန်လည်သင်ကြားပေးဖို့
online အချက်အပြုတ်သင်တန်းတစ်ခုဖွင့်လှစ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါသေးတယ်။အကယ်လို့ သင့်ရဲ့သူငယ်ချင်းနှင့် မိသားစုဝင်များက အခုလိုမျိုး ချစ်စရာကောင်းတဲ့ချက်ပြုတ်နည်းတွေကို ချက်ပြုတ်ရတာစိတ်ဝင်စားရင်တော့ Minmin Chang ရဲ့သင်တန်းမှာ ပိုက်ဆံသုံးသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ်။
1
2
3
4
Mia (Mckzone Daily)
Source : odditycentral
Unicode
မစားရက်ချင်စရာကောင်းပြီး ရေထဲထည့်ထားချင်သွားအောင် ချစ်ဖို့ကောင်းလို့ နာမည်ကြီးနေတဲ့ ရွှေငါးဖက်ထုပ်
ထိုင်ဝမ်ရှိ Minmin Chang အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ရွှေငါးပုံသဏ္ဌန်ဖက်ထုပ်ပုံများ နှင့် ၎င်းအတိုင်းပြုလုပ်ရမဲ့ အသေးစိတ်ညွှန်ကြားချက်များကို social media မှာမျှဝေပြီးနောက် လူသိများသွားခဲ့ပါတယ်။သူမရဲ့ ညွှန်ကြားချက်များအတိုင်း သင် မှန်ကန်စွာ ပြုလုပ်နိုင်လားဆိုတာကို ကျွန်တော်မပြောနိုင်ပေမဲ့ အထင်ကြီးစရာကောင်းတာက ချစ်စရာကောင်းတဲ့ ရွှေငါးဖက်ထုပ်များကို ပေါင်းပြီးတဲ့နောက်မှာတောင်မှ ပိုပြီးကြည့်ကောင်းနေတာကို သင် တွေ့ရမှာပါ။Minmin Chang ရဲ့မူလ Facebook post မှာ Likes ၄၀,၀၀၀ နီးပါးနှင့် မှတ်ချက်ပေါင်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး social network မျိုးစုံများက ၎င်းpost ကို ပြန်လည်မျှဝေနေဆဲဖြစ်ပါတယ်။
Minmin Chang ဟာ ပန်းချီဆွဲတာ သင်ကြားပေးရခြင်း နှင့် သူမ အားလပ်ချိန်မှာချက်ပြုတ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။
Minmin Chang ဟာ သူမရဲ့ဆန်းသစ်တဲ့တီထွင်မှုလျှို့ဝှက်ချက်ကို ပြန်လည်သင်ကြားပေးဖို့ online အချက်အပြုတ်သင်တန်းတစ်ခုဖွင့်လှစ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါသေးတယ်။အကယ်လို့ သင့်ရဲ့သူငယ်ချင်းနှင့် မိသားစုဝင်များက အခုလိုမျိုး ချစ်စရာကောင်းတဲ့ချက်ပြုတ်နည်းတွေကို ချက်ပြုတ်ရတာစိတ်ဝင်စားရင်တော့ Minmin Chang ရဲ့သင်တန်းမှာ ပိုက်ဆံသုံးသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ်။
Mia (Mckzone Daily)
Source : odditycentral