Knowledge

အကြောသေနေတဲ့ဖခင်ကို အချိန်ပြည့်ဂရုစိုက်နိုင်အောင် တက္ကသိုလ်အဆောင်မှာ ခေါ်ယူပြုစုပေးနေခဲ့တဲ့ ကျောင်းသားလေး

Guo Shijun အမည်ရှိတဲ့ တရုတ်နိုင်ငံက ကျောင်းသားလေးကတော့ တက္ကသိုလ်ကနေဘွဲ့ရယူဖို့ဆိုတဲ့ သူ့ရဲ့အိမ်မက်ကို လုံးဝလက်မလွတ်ခဲ့တဲ့အပြင် ၊ အကြောသေနေတဲ့ ဖခင်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်တို့ကိုပါ ပြုစုစောင့်ရှောက်နေခဲ့သူပါ ။

Guo Shijun ကတော့ တက္ကသိုလ်မှာ အတော်ဆုံးကျောင်းသားဖြစ်တဲ့အပြင် ကြိုးစားအားထုတ်လွန်းတဲ့ကျောင်းသားဖြစ်တာမို့ မလွဲမရှောင်သာတော့ဘဲ တက္ကသိုလ်ဖက်က သူ့ရဲ့ဖခင်ကို အဆောင်မှာခေါ်ယူနေထိုင်ခွင့်ပြုခဲ့တာပါ ။ Shijun ရဲ့ မိသားစုဟာ အတော့်ကိုဆင်းရဲပြီး ငယ်ဘဝကလည်းအတော်ကို ခက်ခဲခဲ့ရတာပါ ။ မိခင်ဖြစ်သူကလည်း ဦးနှောက်အမြှေးရောင်ရောဂါခံစားခဲ့ရပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ သူတစ်ယောက်လိုဖြစ်နေခဲ့တာပါ ။

ဒါ့ကြောင့် ဖခင်ဖြစ်သူကသာ မိသားစုကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့လို့ Shijun ဟာ top student တစ်ယောက်ဖြစ်လာခဲ့ရတာပါ ။ သို့ပေမဲ့လည်း လုပ်ငန်းခွင့်မှာ ဖခင်ဖြစ်သူက မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရလို့ အကြောသေ သွားခဲ့ရပါတယ် ။

အဘိုးအဘွားတွေက မိခင်ဖြစ်သူကို စောင့်ရှောက်ပေးထားပေမဲ့ ဖခင်ကိုထပ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ မဖြစ်နိုင်တော့လို့ ယခုလို ကျောင်အဆောင်မှာဖခင်ကိုခေါ်ထားပြီး Shijun က ပြုစုစောင့်ရှောက်ပေးနေရတာပါ ။

ကျောင်းစရိတ် အတွက်လိုအပ်တဲ့ ငွေကြေးကို သူငယ်ချင်း နဲ့ ဆွေးမျိုးထံမှ ချေးငှါးနေရတာပါ ။ ဒါတောင် စားစရိတ် နဲ့ မိဘတွေရဲ့ဆေးကုသစရိတ်မပါရှိသေးပါဘူး ။

ဒါကြောင့် Scholarship ရအောင် ကိုယ်တိုင်ကြိုးပမ်းခဲ့ပါသေးတယ် ။ ဘဝ နဲ့ ရည်မှန်းချက်ကို လုံးဝအလျော့မပေးတဲ့ Shijun က ‘ ဘွဲ့ရပြီးရင်တော့ ကျွန်တော့်ဘဝကဒီထက် ပိုပြီးအဆင်ပြေသွားမယ်လို့ ထင်ပါတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ တကယ့်ကို လေးစားစရာကောင်းလွန်းတဲ့ လူငယ်တစ်ဦးပါပဲလေ ။

Source : dailymail

Unicode

Guo Shijun အမည်ရှိတဲ့ တရုတ်နိုင်ငံက ကျောင်းသားလေးကတော့ တက္ကသိုလ်ကနေဘွဲ့ရယူဖို့ဆိုတဲ့ သူ့ရဲ့အိမ်မက်ကို လုံးဝလက်မလွတ်ခဲ့တဲ့အပြင် ၊ အကြောသေနေတဲ့ ဖခင်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်တို့ကိုပါ ပြုစုစောင့်ရှောက်နေခဲ့သူပါ ။

Guo Shijun ကတော့ တက္ကသိုလ်မှာ အတော်ဆုံးကျောင်းသားဖြစ်တဲ့အပြင် ကြိုးစားအားထုတ်လွန်းတဲ့ကျောင်းသားဖြစ်တာမို့ မလွဲမရှောင်သာတော့ဘဲ တက္ကသိုလ်ဖက်က သူ့ရဲ့ဖခင်ကို အဆောင်မှာခေါ်ယူနေထိုင်ခွင့်ပြုခဲ့တာပါ ။ Shijun ရဲ့ မိသားစုဟာ အတော့်ကိုဆင်းရဲပြီး ငယ်ဘဝကလည်းအတော်ကို ခက်ခဲခဲ့ရတာပါ ။ မိခင်ဖြစ်သူကလည်း ဦးနှောက်အမြှေးရောင်ရောဂါခံစားခဲ့ရပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ သူတစ်ယောက်လိုဖြစ်နေခဲ့တာပါ ။

ဒါ့ကြောင့် ဖခင်ဖြစ်သူကသာ မိသားစုကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့လို့ Shijun ဟာ top student တစ်ယောက်ဖြစ်လာခဲ့ရတာပါ ။ သို့ပေမဲ့လည်း လုပ်ငန်းခွင့်မှာ ဖခင်ဖြစ်သူက မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရလို့ အကြောသေ သွားခဲ့ရပါတယ် ။ အဘိုးအဘွားတွေက မိခင်ဖြစ်သူကို စောင့်ရှောက်ပေးထားပေမဲ့ ဖခင်ကိုထပ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ မဖြစ်နိုင်တော့လို့ ယခုလို ကျောင်အဆောင်မှာဖခင်ကိုခေါ်ထားပြီး Shijun က ပြုစုစောင့်ရှောက်ပေးနေရတာပါ ။

ကျောင်းစရိတ် အတွက်လိုအပ်တဲ့ ငွေကြေးကို သူငယ်ချင်း နဲ့ ဆွေးမျိုးထံမှ ချေးငှါးနေရတာပါ ။ ဒါတောင် စားစရိတ် နဲ့ မိဘတွေရဲ့ဆေးကုသစရိတ်မပါရှိသေးပါဘူး ။ ဒါကြောင့် Scholarship ရအောင် ကိုယ်တိုင်ကြိုးပမ်းခဲ့ပါသေးတယ် ။ ဘဝ နဲ့ ရည်မှန်းချက်ကို လုံးဝအလျော့မပေးတဲ့ Shijun က ‘ ဘွဲ့ရပြီးရင်တော့ ကျွန်တော့်ဘဝကဒီထက် ပိုပြီးအဆင်ပြေသွားမယ်လို့ ထင်ပါတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ တကယ့်ကို လေးစားစရာကောင်းလွန်းတဲ့ လူငယ်တစ်ဦးပါပဲလေ ။

Source : dailymail