လောကမှာ .. အကဲ့ရဲ့လွတ်သူ မည်သူမှ မရှိ။
လောကမှာ ..
အကဲ့ရဲ့လွတ်သူ မည်သူမှ မရှိ။
မြတ်စွာဘုရား လက်ထက်က
အတုလ ဆိုတဲ့ ဒကာတစ်ယောက် ရှိခဲ့ဖူးပါတယ်။
သူကတော့ ဘယ်ပုဂ္ဂိုလ်မှ အကောင်းမမြင်တတ်ပဲ
လူတိုင်းကို ကဲ့ရဲ့တတ်တဲ့ လူ့ဂွစာ တစ်ယောက်လို့ဆိုရမယ်။
တစ်နေ့ –
မြတ်စွာဘုရားထံရောက်လာတယ်။
အတုလ ဒီနေ့ တရားနာပြီးပြီလား လို့
မြတ်စွာဘုရားက မေးတော့…
စိတ်ထဲမှာ မကြေမနပ်နဲ့ နာလာပါတယ်ဘုရား
အရှင်ရေဝတလည်း စကားနည်း၊ အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာတွေကြီး အများကြီးဟော၊
အရှင်အာနန္ဒာ ကြတော့လည်းတရားနည်းနည်းဟောနဲ့ အားမရပါဘူး ဘုရား၊ ဒါကြောင့်
အရှင်တွေကို စိတ်ဆိုးပြီး ဘုရားရှင်ထံ ရောက်လာတာပါ ဟုလျှောက်ထားတော့….
မြတ်စွာဘုရားက –
အတုလ လောကကြီးမှာ အချို့ဘုရင်ကိုလည်း
ကဲ့ရဲ့ကြ၊ ချီးမွမ်းကြ၏။အချို့နေ၊ လ၊ မြေတို့ကိုလည်း ကဲ့ရဲ့ကြ၊ ချီးမွမ်ကြ၏။ငါဘုရားကိုလည်း ကဲ့ရဲ့သူ ကဲ့ရဲ့ကြ၊ ချီးမွမ်းသူ ချီးမွမ်းကြပဲ။ လူမိုက်တို့ကဲ့ရဲ့သည်မှာ လိုရင်းမဟုတ် ပညာရှိများ မကဲ့ရဲ့အောင်နေပါ။
ကဲ့ရဲ့ခြင်း သဘောတရားသည် ခုခေတ်မှ ပေါ်ပေါက်လာခြင်းမဟုတ် ရှေးလက်ဟောင်း သဘောတရား
ဖြစ်တယ်။ စကားမပြောသူကိုလည်း တုဏှီဘာဝေဟု ကဲ့ရဲ့ကြ၊ စကားများသူကိုလည်း လူပေါကြီးဟု ကဲ့ရဲ့ကြ၊ နှိုင်းနှိုင်းချိန်ချိန် ပြောတတ်သူကိုလည်း ဆရာကြီးလုပ်သည်ဟု ကဲ့ရဲ့တတ်ကြတယ်။
လောကမှာ ..
အကဲ့ရဲ့လွတ်သူ မည်သူမှ မရှိ။ရှေးကလည်းမရှိ၊ နောက်လည်းမရှိခဲ့။ယခုလည်း ရှိမည်မဟုတ် ဟု
ကဲ့ရဲ့ဖြေဆေး ပေးတော်မူပါတယ်။
(ဓမ္မပဒ)
Unicode